အသက်အကြောင်းပြောရအောင်
အသက်အကြောင်းပြောရအောင်
ဒီတစ်ခေါက်တော့ အင်္ဂလိပ်လို ပြောရာ ရေးရာမှာ လူတစ်ယောက်ရဲ့ အသက်အရွယ်ကို မှန်မှန်ကန်ကန်ပြောနိုင် ရေးနိုင်အောင် လေ့လာကြစို့။
မင်းအသက် ဘယ်လောက်ရှိပြီလဲ လို့ အင်္ဂလိပ်လိုမေးချင်ရင်
What is your age? လို့ မြန်မာမှ တိုက်ရိုက်ဘာသာပြန်ချလိုက်တဲ့ပုံစံမျိုး မပြောရပါဘူး။ How old are you? လို့သာပြောရမှာကို ကျောင်းသားလေးတွေကအစ သိကြမယ်လို့ ယုံထားမိပေမယ့် ဘွဲ့ရ လူကြီးတစ်ယောက်က လူပုံအလယ် အဲဒီလိုကြီး ပြောချလိုက်တာ ကြုံခဲ့ရလို့ ဒီ post လေး ရေးဖို့ စိတ်ကူးရတာပါ။ မခက်ခဲတဲ့ဟာလေးတွေပါ။ သို့သော် မှန်အောင်သုံးနိုင်ဖို့ အခြေခံလေးတွေကို သေသေချာချာ ပြန်မှတ်ကြရအောင်။ အသက်အရွယ်အကြောင်းကို မွေးတဲ့အရွယ်က စလိုက်မယ်။
မွေးခါစကလေးကို a newborn baby
တစ်နှစ်၊ နှစ်နှစ်သားအရွယ် ကလေးကို baby
နှစ်နှစ် သုံးနှစ် လမ်းစလျှောက်တတ်တဲ့အရွယ်ကို toddler
လေး ငါးနှစ်၊ ကျောင်းမထားရသေးခင်အရွယ်ကို pre-school age; အဲဒီကလေးကို a pre-schooler လို့ခေါ်တယ်။
ကျောင်းစထားရမယ့်အရွယ်ကို school-aged; school-aged children
အထက်တန်းကျောင်းပြီးသွားတဲ့အရွယ်ကို school-leaving age
အသက်ဆယ်နှစ်အောက်ကလေးတွေကို young children
ဆယ်နှစ်မှ ဆယ့်သုံးနှစ်ကြား အရွယ်ကို tweenager; tween
ဆယ်ကျော်သက်၊ ဆယ့်သုံးနှစ်မှ ဆယ့်ကိုးနှစ်ကြားတွေကို adolescent, young people , teenager
ဆယ့်ရှစ်နှစ်ပြည့်ပြီး အရွယ်ရောက်သူကို adult, grown-up
အသက် ၅၀ နဲ့ ၆၀ ကြားကို middle-aged
ပင်စင် အငြိမ်းစားယူရမယ့် အသက် ၆၀ ဝန်းကျင်ကို at retirement age
အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများကို the elderly လို့ အကြမ်းအားဖြင့် မှတ်နိုင်ပါတယ်။
လူတစ်ယောက် အသက် ဘယ်နှစ်နှစ်ပြည့်ပြီဆိုတာကို ပြောချင်ရင် turn ဆိုတဲ့ verb ကို သုံးပါတယ်။
She will turn eighteen on her next birthday.
သူ ဒီလာမယ့်မွေးနေ့မှာ ဆယ့်ရှစ်နှစ်ပြည့်မှာ။
He turned sixteen just yesterday.
သူ မနေ့ကပဲ ဆယ့်ခြောက်နှစ်ပြည့်တယ်။
She turned twenty on her last birthday.
သူ ပြီးခဲ့တဲ့မွေးနေ့က အသက်နှစ်ဆယ်ပြည့်တယ်။
He wants to complete his Ph.D. before he turns 30.
သူအသက်သုံးဆယ်မပြည့်ခင်မှာ ပါရဂူဘွဲ့ကို ရချင်တာ။
ဆက်ပြီး အသက်အကြောင်း မေးပုံ၊ ပြောပုံ ဝါကျ လေးတွေကို ဖတ်မှတ်ကြပါ။
⁃ How old is the teacher?
ဆရာ့ အသက် ဘယ်လောက်ရှိပြီလဲ။
⁃ Can you guess his age?
မင်း သူ့အသက်ကို ခန့်မှန်းနိုင်လား။
⁃ I think asking someone's age is rude.
လူတစ်ယောက်ကို သူ့အသက်မေးတာ ရိုင်းတယ်ထင်တယ်။
⁃ Yes, it's not polite to ask someone's age.
ဟုတ်တယ်၊ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးတာ မယဥ်ကျေးဘူး။
- Some even say it is impolite to tell someone, "You look good for your age."
လူတစ်ယောက်ကို "ဒီအသက်အရွယ်မှာ ကြည့်လို့ကောင်းတုန်း" လို့ပြောတာဟာ မယဥ်ကျေးဘူးလို့တောင် အချို့က ဆိုကြတယ်။
⁃ What age is your elder sister? (How old is she?)
မင်းရဲ့ အမ အသက်ဘယ်လောက်လဲ။
⁃ She is thirty years old.
သူ့အသက်က သုံးဆယ်။
⁃ I guess you are about my age.
⁃ You are about as old as I am.
⁃ We are of the same age.
ဒီဝါကျသုံးခုစလုံးက မင်းနဲ့ငါ အသက်အတူတူလောက်ပဲ လို့ပြောတာပါ။
⁃ He looks a lot younger but he is actually the same age as me.
သူဟာ တော်တော်ရုပ်နုတယ်၊ တကယ်က ငါနဲ့ အသက်အတူတူပဲ။
- You look younger than your age.
မင်းဟာ အရွယ်တင်တယ်၊ နုတယ်။
- He looks older than his age.
သူဟာ ရုပ်ရင့်တယ်၊ တကယ့်အသက်ထက် ပိုကြီးပုံပေါက်တယ်။
⁃
⁃ He became a doctor at the age of 26.
သူ အသက် ၂၆ နှစ်မှာ ဆရာဝန်ဖြစ်လာခဲ့တယ်။
⁃ When I came of age, my father bought me a car.
ငါ အရွယ်ရောက်လာတော့ အဖေက ကားတစ်စီး ဝယ်ပေးတယ်။
⁃ I was already working and making my own money at your age.
ငါ မင်းအသက်အရွယ်မှာ အလုပ်လုပ်ပြီး ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေပြီ။
⁃ I was married with three children at his age.
ငါ သူ့အရွယ်တုန်းက အိမ်ထောင်ကျပြီး ကလေးသုံးယောက်ရနေပြီ။
⁃ When I was your age I was already married.
ငါ မင်းအသက်တုန်းက အိမ်ထောင်ကျနေပြီ။
⁃ The actress is starting to show her age.
⁃ The actress is starting to look her age.
ရုပ်ရှင်မင်းသမီးဟာ နည်းနည်းအရွယ်ကျနေပြီ။ (အိုလာပြီ)
⁃ I don't even want to go shopping. I am beginning to feel my age.
⁃ စျေးဝယ်ထွက်ချင်စိတ် မရှိတော့ဘူး။ ငါ အိုနေပါပြီ။
⁃ Her husband is twice her age.
သူမရဲ့ယောက်ျားက သူမထက် အသက်နှစ်ဆကြီးတယ်။
- Oh yes, he is old enough to be her father.
ဟုတ်ပါရဲ့၊ ကိုယ့်အဖေလောက် ကြီးတဲ့သူကြီးနဲ့များ။
⁃ The boy is quite tall for his age.
⁃ ကောင်လေးဟာ အသက်နဲ့မလိုက်အောင် အရပ်တော်တော်ရှည်တယ်။
⁃ She is quite short for her age.
သူဟာ သူ့အသက်မှာ ရှိရမယ့် အရပ်မရှိ၊ ပုနေတယ်။
⁃ You are the same age as my younger brother.
မင်းဟာ ငါ့ညီနဲ့ အသက်တူတယ်။
⁃ Sandy started playing piano at an early age.
ဆန်ဒီဟာ စန္ဒယားကို အသက်ငယ်ငယ်ကတည်းက စတီးတာ။
⁃ The movie is not suitable for children below 13 years of age.
ဒီရုပ်ရှင်ကို အသက် ၁၃ နှစ်အောက် ကလေးတွေ မကြည့်သင့်ဘူး။
⁃ Children over the age of 12 must pay full entry fees.
ဆယ့်နှစ်နှစ်အထက် ကလေးများ ဝင်ခအပြည့်ပေးရမည်။
⁃ Children under /below the age of 5 can travel free of charge.
အသက် ငါးနှစ်အောက် ကလေးများ အခမဲ့ ခရီးသွားခွင့်ရှိသည်။
⁃ There is a big age gap between two brothers.
ညီအကိုနှစ်ယောက်ကြား အသက်တော်တော်ခြားတယ်။
⁃ Bo Bo is two years my junior.
⁃ Bo Bo is two years junior to me.
⁃ Bo Bo is two years younger than me.
ဘိုဘိုဟာ ငါ့ထက် အသက် နှစ်နှစ်ငယ်တယ်။
- You are many years junior to me.
- You are many years younger than me.
သင်ဟာ ကျွန်တော့်ထက် အသက်နှစ်ပေါင်းများစွာ ငယ်တယ်။
⁃ Mya Mya is three years my senior.
⁃ Mya Mya is three years senior to me.
⁃ Mya Mya is three years older than me.
မြမြဟာ ငါ့ထက် သုံးနှစ် အသက်ပိုကြီးတယ်။
- He is only a few years senior to me.
- He is only a few years older than me.
သူဟာ ငါ့ထက် အသက် လေးငါးနှစ်လောက် ပိုကြီးမယ်။
- I think the teacher is in his middle 30s.
ဆရာရဲ့အသက် ၃၅ လောက်ရှိမယ် ထင်တယ်။
- My grandmother is in her seventies.
အဖွားက အသက် ၇၀ ဝန်းကျင်မှာ။ (aged between 70 and 79)
⁃ My mother is on the right side of 50.
ငါ့အမေက အသက် ၅၀ မပြည့်သေးဘူး။ ( ၅၀တန်း လူတွေထပ် နုနေတယ်)
⁃ But my father is on the wrong side of 50.
အဖေကတော့ အသက် ၅၀ ကျော်သွားပြီ။ (၅၀ ကျော် ရုပ်ပေါက်နေပြီ)
⁃ She is still dressing like a teenage girl , but she is actually pushing 40.
ဆယ်ကျော်သက်လေးလို ဝတ်ဆင်နေပေမယ့် သူ့အသက်က ၄၀ ကပ်နေပြီ။
- Stop wearing those tight jeans. You are already knocking on 60!
ဂျင်းဘောင်းဘီကြပ်ကြပ်တွေ မဝတ်ပါနဲ့တော့။ အသက်ကပဲ ၆၀ ကပ်နေပြီ။
- I'm sure my parents will live to a ripe old age.
ငါ့ရဲ့မိဘတွေ အသက်ရှည်ရှည် နေရမှာ သေချာပါတယ်။
လွယ်လွယ်လေးတွေလို့တော့ ထင်ရတာပဲ။ ကိုယ်တိုင် ပြောရ ရေးရမယ်ဆိုရင် မှန်အောင် အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ပေးထားတဲ့ဝါကျလေးတွေကို တစ်ကြောင်းချင်း သေသေချာချာပြန်ဖတ်ပြီး ကိုယ် မသေချာတဲ့ဟာဆို အလွတ်ရအောင် ကျက်မှတ်ထားလိုက်ပါလေ။
Comments
Post a Comment