Posts

Showing posts from March, 2022

မိမိ မှတ်ရန်

  Note to Self မိမိ မှတ်ရန် လွတ်လပ်ခြင်းရဲ့ အရသာကို ခြေချုပ်မိတော့မှ ပိုသိကြတယ်။ The taste of freedom is even more appreciated only when we are confined. ပေါများခြင်းရဲ့ အနှစ်သာရကို ကျပ်တည်းချိန်ကျမှသာ တန်ဖိုးနားလည်ကြတယ်။ The essence of affluence is truly realized only when we are badly off. ချစ်သူများရဲ့ တန်ဖိုးကိုတော့ ကိုယ့်ကို မနှစ်မြို့သူများကြားမှာ နေရခိုက်မှာ ပိုနားလည်ကြတယ်။ The value of the loved ones is understood more only when we are surrounded by those who hold unfavorable views of us. ငယ်သူငယ်ချင်းတွေကို ကြီးမှ အလုပ်သဘောအရ ပေါင်းရသူတွေနဲ့ အနေကြာလာတဲ့အခါ ပိုသတိရကြတယ်။ As we spend more time with those we hang out with for business, we tend to miss our childhood friends more. ငယ်ငယ်က အမေချက်ကျွေးခဲ့တဲ့ ရိုးရှင်းတဲ့ဟင်းလေးတွေကို အိမ်နဲ့အဝေးကြီးရောက်နေတဲ့အခါ ပိုလို့တောင် စားချင်လာတယ်။ When we are far away from home, we have a craving for those simple dishes our mother used to make for us. ကျန်းမာစွာဖြင့် နေထိုင်နိုင်မှုကိုတော့ နာမကျန်းမှ အဖိုးတန်လွန်းမှန်းသိကြတယ်။ Only when we g

ငါ ပင်ပန်းတယ်

  မြန်မာအတွေးနဲ့ အင်္ဂလိပ်စာ ကလေးတွေကို လေ့ကျင့်ပေးပါ။ ငါ ပင်ပန်းတယ်။ I am tired. (verb to be + tired) မင်းကြည့်ရတာ ပင်ပန်းနေပုံပဲ။ You look tired. (look tired) မင်း အသံကြားရတာ ပင်ပန်းနေပုံပဲ။ You sound tired. (sound tired) ဒီငါးဟင်းပဲ နေ့တိုင်းနီးပါး စားနေရတာ ငါ ငြီးငွေ့နေပြီ။ I am getting tired of eating this fish curry almost every day. (get tired of something/ doing something/ someone etc.) ငါတော့ အဲဒီသီချင်းကို တော်တော်စိတ်ကုန်နေပြီ။ ပိတ်လိုက်ပါကွာ။ I am sick and tired of that song! Plese stop it. (be sick and tired of something/ doing something) ငါ့ ခြေထောက်တွေ ညောင်းနေပြီ။ My legs are tired. သူ သောက်ထားလို့ နည်းနည်း ကောင်းနေတယ်။ He is tired and emotional. ဒီလောက်လွယ်တဲ့ ဝါကျလေးတွေကို ဘာလို့ ရေးပြနေပါလိမ့် လို့ ထင်ကြမှာပေါ့။ လွယ်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်က ဒီလို ဝါကျလေးတွေကို မှန်အောင် ပြောတတ်ဖို့ လိုပါတယ်။ ဘွဲ့ရပြီးသူတချို့တောင် tired နဲ့ tiring မကွဲကြတာလည်း ခဏ ခဏ တွေ့ဖူးပါတယ်။ ပြောချင်တဲ့ လိုရင်းက tired မောပန်းသော ဆိုတဲ့ adjective လေးတစ်လုံးကို ပိုင်နိုင်ရင် ဒီလို အသုံးဝင်တဲ့ ဝ

အစည်းအဝေးများအတွက် အင်္ဂလိပ်စာ

Image
  Online သင်တန်းများ၊ အစည်းအဝေးများအတွက် အင်္ဂလိပ်စာ Covid-19 စဖြစ်ကတည်းက ကျွန်တော်တို့ရဲ့ အလုပ်လုပ်ဆောင်မှု၊ စာသင်ကြားမှု ကိစ္စအတော်များများဟာ in person လူချင်းတွေ့ဆုံကြတဲ့ ပုံစံ နည်းပါးလာပြီး on line ပေါ်ကို ရောက်လာခဲ့ကြတာ နှစ်နှစ်ကျော် သုံးနှစ်ထဲ ရောက်လာခဲ့ပါပြီ။ မိဘတွေက Work from Home၊ သားသမီးတွေက online learning လုပ်နေခဲ့ကြတာ ကြာပြီပေါ့။ Online class, online meeting, online seminar (webinar ) စတာတွေနဲ့ နေ့စဉ်နီးပါး ကျင်လည်နေကြရပါတယ်။ ဒီတစ်ခေါက် post မှာတော့ England မှ ဆရာများရဲ့ အသင်းအဖွဲ့တစ်ခုက ကျွန်တော့်ဆီကို ပုံမှန် email ပို့ပေးနေတဲ့ UK Online Teachers newsletter အမှတ်စဉ် ၂၀ မှာပါတဲ့ online meeting တွေမှာ အသုံးချရတဲ့ အင်္ဂလိပ်စကား အကြောင်းအရာလေးတွေဟာ အသုံးဝင်တာလေးတွေဖြစ်လို့ သင့်တော်အောင် တည်းဖြတ် ပြန်ဆို တင်ပြပေးလိုက်ပါတယ်။ Zoom, Skype, Microsoft Teams ကြိုက်တဲ့ platform ကိုသုံးပြီး အင်္ဂလိပ်လို အစည်းအဝေးပဲလုပ်လုပ်၊ စာပဲ သင်သင် ဒီလိုဝါကျလေးတွေ သိထားဖို့လိုပါတယ်။ အပိုင်း ၉ ပိုင်းခွဲပြီး လေ့လာရမှာဖြစ်တယ်။ 1. Setting up a call 2. Introductions 3. Kicking off 4. Asking for cl