Posts

Showing posts from February, 2017

ฝึกอ่านภาษาพม่า บนที่10

သင်ခန်းစာ ၁၀ စကားရည်လုပွဲ ၁ လေးစားအပ်တဲ့   လုပ်သားပြည်သူ များ ခင်ဗျား             ကျွန်တော်တို့ မြို့နယ် ရဲ့  ဆယ်ကြိမ်မြောက်   စာဆိုတော်နေ့  အထိမ်းအမှတ်  အခမ်းအနား မှာ  သဘာပတိ အဖြစ်  ဆောင်ရွက်   ခွင့်ရ လို့ အများကြီး  ဂုဏ် ယူပါတယ်၊၊ ကျေးဇူးလဲတင်ပါတယ်၊၊ အရင် အကြိမ် တွေတုန်းက ပြဇာတ်တွေ  ဂီတ ပြိုင်ပွဲတွေ လုပ်ခဲ့ပေမယ့် ဒီတခါ ကျတော့   စကားရည်လုပွဲ ကျင်းပမှာ ဖြစ်ပါတယ်၊၊              လူကြီးမင်း များ သိကြတဲ့အတိုင်း ဒီနေ့စကားရည်လုပွဲရဲ့ ခေါင်းစဉ် ကတော့ "ယောက်ကျားက မိန်းမထက် နိုင်ငံ တာဝန် ကို ပို ထမ်းဆောင်နိုင်တယ်" ဆိုတာပါ၊၊ ဒီ အကြောင်းအရာ ကတော့ စကားရည်လုပွဲ တိုင်းမှာလိုလို   ခေတ်စား နေတဲ့ အကြောင်းအရာပါ၊၊ လုပ်သားပြည်သူများ  ထပ်တလဲလဲ  ကြားဖူးပါလိမ့်မယ်၊၊             တကယ်တော့ လူတွေဟာ  ကိုယ့်ကိုယ်ကိုယ်  အထင်ကြီးတတ်ကြပါတယ်၊၊ ဒါကြောင့်  ဘဝင်မြင့် ကြ  မာနကြီး ကြပါတယ်၊၊ ယောက်ကျားကလဲ သူပိုတော်တယ် ထင်တယ်၊၊ မိန်းမကလဲ သူပိုတော်တယ် ထင်တယ်၊၊ ဒီလို ဘဝင်မြင့်လေ တယောက်ကိုတယောက် အထင်သေးလေပါပဲ၊၊ တယောက်နဲ့တယောက် အဆင်မပြေတော့ပါဘူး၊၊              လက်တွေ့   ဘဝ မှာတော့ ယောက်ကျားတွေ ကိုယ်တိုင်  မလ