Posts

Showing posts from May, 2022

Dr. Taylor Swift

  Dr. Taylor Swift မနေ့က New York University က Yankee Stadium ကြီးမှာ ကျင်းပတဲ့ Class of 2022 ဘွဲ့နှင်းသဘင်မှာ အဆိုတော် Taylor Swift ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (an honorary Doctorate of Fine Arts degree) ချီးမြှင့်ခဲ့တယ်။ အဲဒီဘွဲ့ကို လက်ခံယူရင်း Taylor Swift က နာရီဝက်ခန့် acceptance speech ပြောခဲ့တဲ့အထဲက သူ ပထမဆုံးပြောသွားတဲ့ ဘွဲ့ရကျောင်းသားများကို ပေးတဲ့ အောက်ပါ life advice လေးကို သဘောကျလို့ ဘာသာပြန်ပေးလိုက်ပါတယ်။ The first of which is…life can be heavy, especially if you try to carry it all at once. Part of growing up and moving into new chapters of your life is about catch and release. ပထမဆုံးပြောပြချင်တာက သင် အားလုံးကို တပြိုင်တည်း သယ်ယူဖို့ကြိုးစားရင် ဘဝဟာ လေးလံသွားလိမ့်မယ်။ အရွယ်ရောက်လာပြီး ဘဝရဲ့ အခန်းကဏ္ဍအသစ်တွေထဲ ဆက်လုပ်ဆောင်နိုင်ဖို့ဆိုတာ ဖမ်းကိုင်တာနဲ့ လွှတ်ပေးတာကို နားလည်ဖို့လိုတယ်။ What I mean by that is, knowing what things to keep, and what things to release. You can’t carry all things, all grudges, all updates on your ex, all enviable promotions your school bully got a