Gentleman ဆိုတာ

 Repost:

Gentleman ဆိုတာ
မွန်ရည်တည်ကြည်တဲ့ ယောက်ျားလေးတစ်ယောက်ကို လူတွေက သူဟာ တကယ့် gentleman ပါလို့ ပြောလေ့ရှိကြတယ်။ အဝတ်အစား smart ကျအောင် ဝတ်ထားလို့မဟုတ်ပါဘူး။ ငွေကြေးချမ်းသာလို့မဟုတ်ဘူး။ ဆွေကြီးမျိုးကြီးထဲက ဆင်းသက်ပေါက်ဖွားလာသူလည်း ဟုတ်ချင်မှ ဟုတ်မယ်။ သူ့ရဲ့ ကိုယ်နှုတ်အမူအရာဟာ ယဥ်ကျေးပြီး မဟုတ်တာ မလုပ်၊ မပြော၊ တည်တည်ကြည်ကြည်နေတတ်တဲ့ ယောက်ျားကောင်း တစ်ယောက်မို့လို့ He is a real gentleman. လို့ လူတွေက မှတ်ချက်ချကြတာပါ။
Theodore Roosevelt ပြောခဲ့တဲ့ ကမ္ဘာကျော် စကားတစ်ခုရှိတယ်။
"Courtesy is as much a mark of gentleman as courage." တဲ့။ courage က သတ္တိ။ courtesy ဟာ ယဥ်ကျေးသိမ်မွေ့မှု။ ဟိုး ရှေးခေတ်က ယူဆကြတာကတော့ gentleman ဆိုတာ သတ္တိကောင်းသော ယောက်ျား။ Roosevelt ပြောချင်တာကတော့ gentleman ဆိုတာ သတ္တိရှိသလို ယဥ်ကျေးသိမ်မွေ့မှုလည်း ရှိတယ်တဲ့။
တကယ်က ဒီ post ကို ရေးဖြစ်တဲ့ ရည်ရွယ်ချက်က လူငယ်အချို့ နေပုံ ထိုင်ပုံ၊ ပြောပုံဆိုပုံလေးတွေဟာ မျက်စိထဲ ကန့်လန့်ဖြစ်နေလို့။ သူငယ်ချင်းတွေနဲ့ စကားပြောရာမှာလည်း လူကြီးသူမရှေ့မရှောင် ဆဲတာလေးတွေ ပါတတ်ကြတယ်။ online မှာ social media မှာ ဖြစ်စေ၊ ပြင်ပလောကမှာဖြစ်စေ၊ မိန်းခလေးတွေကိုလည်း မညှာမတာ ပြောကြ၊ စကြ၊ body shaming, name calling, လမ်းပေါ်မှာ လျှောက်သွားတဲ့ မိန်းခလေးကို cat calling လုပ်ပြီး street harassment ပုံစံ abuse လုပ်တတ်ကြတယ်။ ဒါမျိုးအကျင့်တွေ ဟာ gentleman တစ်ယောက်ရဲ့ အပြုအမူတွေမဟုတ်ဘူးဆိုတာ သိစေချင်လို့နဲ့ အဂ်လိပ် ဝေါဟာရတစ်လုံးကို အဓိကပြောပြချင်လို့ပါပဲ။ စာဖတ်ရင်းနဲ့ menwit.com website မှာ တွေ့လို့ သိမ်းထားတဲ့ Gentleman တစ်ယောက်ရဲ့ characteristics တွေဟာ ဘာတွေလဲ ဆိုတာကို မူရင်း အဂ်လိပ်လိုပါ Reading comprehension တိုးအောင် သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။
1. Gentleman လူကြီးလူကောင်းတစ်ယောက်ဟာ သူတပါးကို၊ အထူးသဖြင့် အမျိုးသမီးများကို လေးစားစွာ ဆက်ဆံသူဖြစ်တယ်။
A gentleman is someone who treats others, especially women, with respect. It is he who has great regard for womanhood. It is he who understands her and treats her respectfully. A gentleman shows courtesy and concern towards women. He gives them respect and acts with humility.
2. လူကြီးလူကောင်းပီသသူဟာ သူ့ရဲ့ပတ်ဝန်းကျင်မှ လူများရဲ့ အခက်အခဲများကို ဖြေရှင်းပေးသူပါ။
In a broader sense of the term, a gentleman is someone who cares for the people around him, helps them with their problems, and strives to remove every obstacle that impedes their lives. He eases or comforts those around him.
3. လူကြီးလူကောင်းပီသသူဟာ သူ့ရဲ့ အာဏာကို အလွဲသုံးစားမလုပ်၊ သူများရဲ့ အားနည်းချက်ကိုလည်း အခွင့်ကောင်း မယူသူပါ။ သူတစ်ပါးကို စိတ်ရော ကိုယ်ပါ နာကြင်အောင် မပြုတတ်သူပါ။
A gentleman is someone who does not take undue advantage of his power or of the weaknesses of those around him. He does not compel others to do anything against their wish. A gentleman never offends others physically or mentally. He never inflicts pain.
4. သူဟာ အမြော်အမြင်ရှိတယ်၊ အရှည်ကို ကြည့်တတ်တယ်။ ဘယ်အခြေအနေမှာမဆို ခေါင်းအေးအေးနဲ့ လုပ်ဆောင်တတ်တယ်။ ကြွားဝါမှု ကင်းပြီး မလိုအပ်ဘဲ ငြင်းခုံခြင်းကို ရှောင်တယ်။
He is wise. He is thoughtful and has foresight. Other characteristics of a gentleman include prudence, calm, and a great sense of principles. He can keep his cool in all types of situations. A gentleman never boasts of himself. He is merciful and tender. He refrains from getting into conflicts or debates.
5. လူကြီးလူကောင်း ပီသသူဟာ စိတ်ဓာတ်ပြတ်သားပြီး နောက်မတွန့်တတ်ဘူး။ အသိပညာကိုလည်း အမြဲတမ်း ရှာဖွေလေ့လာနေသူ။ လူတွေအပေါ် မလိုမုန်းထားစိတ် မရှိ။ သူများမကောင်းကြောင်း အတင်းအဖျင်းစကားကို မနှစ်သက်သူ ဖြစ်တယ်။
A gentleman is a man of resolute character, which means he has a backbone. He goes by his instincts. He has a thirst for knowledge and he is always eager to learn. He never looks at people with prejudiced eyes. He keeps himself away from badmouthing others and making unreasonable allegations on people. He dislikes gossip.
အောက်မှာပေးထားတဲ့ ဝေါဟာရတွေဟာ gentleman တစ်ယောက်ရဲ့ characteristics တွေကို အနှစ်ချုပ်ပြထားတာပါ။
Others Traits of Gentlemen
Generosity = စေတနာကောင်းခြင်း
Civility = ယဥ်ကျေးခြင်း
Positivity = အကောင်းမြင်စိတ်ရှိခြင်း
Gentle = နူးညံ့သိမ်မွေ့သော
Polite = ယဥ်ကျေးသော
Responsible = တာဝန်သိတတ်သော
Loyalty = သစ္စာရှိခြင်း
Integrity = ရိုးသားတည်ကြည်မှု
Humility = နှိမ့်ချတတ်မှု
Courteous = ရည်မွန်သော
Chivalrous = အားနည်းသူကို ညှာတတ်သော
Cultured = ယဥ်ကျေးမှုရှိသော
Noble = စိတ်ထားမြင့်မြတ်သော
Patient = စိတ်ရှည်သော
Considerate = သူတစ်ပါးအတွက် ထည့်စဥ်းစားတတ်သော
Well-mannered = ကိုယ်နှုတ်အမူအရာ ယဥ်ကျေးသော
Kind = ကြင်နာတတ်သော
Trustworthy = ယုံကြည်စိတ်ချရသော
ဆိုတော့ကာ ဆောင်းပါးအစမှာ ပြောခဲ့သလို လူငယ်တွေကို အဓိက သိစေချင်တဲ့ ဝေါဟာရတစ်လုံးကတော့ chivalrous ဖြစ်ပါတယ်။
chivalrous (adjective)
စာလုံးပေါင်းကို ကြည့်ရင် ch နဲ့ စထားပေမယ့် church လိုမျိုး "ချ" သံ မထွက်ရဘူးနော်။ ship ကို ထွက်သလို "ရှ" သံထွက်ပါ။ˈʃɪv.əl.rəs/ (ရှီး ဗ ရက်စ်) လို့ အသံထွက်ပါ။
အဓိပ္ပာယ်က အားနွဲ့သူအပေါ် ယဥ်ကျေးစွာ ဆက်ဆံတတ်သော၊ အမျိုးသမီးများအပေါ် ညှာတာတတ်သော။ Lady first လို့ ပြောကာ အမျိုးသမီးများကို ဦးစားပေးတတ်တဲ့ gentlemen တွေရဲ့ good manner တစ်ခုပါ။
A chivalrous man is polite, honest, fair, and kind towards women:
နမူနာဝါကျနှစ်ကြောင်းနဲ့ ထပ်မှတ်ပါ။
The husband is polite and chivalrous and he never curses in front of his wife.
ဒီယောက်ျားဟာ ယဥ်ကျေးပြီး မိန်းမကို ညှာတာတတ်တယ်။ သူ့မိန်းမရှေ့မှာ ဘယ်တော့မှ ဆဲဆိုကြိမ်းမောင်းတာမျိုး မလုပ်ဘူး။
It's very chivalrous of you to defend her but don't you think she can speak for herself?
သူမကို အကာအကွယ်ပေးတာ မင်း သူရဲကောင်းပီသပါပေတယ်။ ဒါပေမယ့် သူ့ကိစ္စ သူရှင်းနိုင်ပါတယ်ဟဲ့။
chivalrous ရဲ့ noun ဟာ chivalry ဆိုတာကိုလည်း အဆုံးပိတ် မှတ်လိုက်ပါဦး။
chivalry (noun) = very polite, honest, and kind behaviour, especially by men towards women
သားတို့ ရည်မွန်သော gentlemen လေးများလို ပြုမူပြောဆိုပြီး မိသားစုဂုဏ်၊ တိုင်းပြည်ဂုဏ်ကို မြှင့်တင်နိုင်သူများ ဖြစ်ကြပါစေ။
With love,
Dr.Soe Than
See Translation

Comments

Popular posts from this blog

အိမ်ခန်းငှါးမယ်။ ห้องนี้ให้เช่า

ห้ามสูบุหรี่ในภาษาพม่า

ขยะในมือท่านลงถังเถอะ แบบพม่า