လူငယ်တွေအတွက် ဘဝ သင်ခန်းစာတွေနဲ့
လူငယ်တွေအတွက် ဘဝ သင်ခန်းစာတွေနဲ့အတူ Myanmar- English translation ပါ လေ့လာနိုင်စေချင်တဲ့ စေတနာနဲ့ တင်ဆက်လိုက်ပါတယ်။ မြန်မာလိုဝါကျကို အရင်ဖတ်ကြည့်ပြီး ကိုယ်သာဆို ဘယ်လို အဂ်လိပ်လို ဘာသာပြန်မလဲလို့ စဥ်းစားကြည့်ပြီးမှ ကျွန်တော် ပြန်ထားပုံကို ဖတ်စေချင်ပါတယ်။
" မှတ်သားထိုက်တဲ့စကား (၁ဝဝ) "
100 Life Lessons
________________________
၁။ အတင်းမပြောပါနဲ့။
Do not gossip.
၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ့။
Do not make childish decisions on important matters.
၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။
Do not blame it on your life.
၄။ အမှန်တရားကို ဖုံးကွယ်မထားပါနဲ့။
Never conceal the truth.
၅။ အသိအမှတ်ပြုသင့်တဲ့အရာတွေကို ဥပက္ခာမပြုပါနဲ့။
Do not ignore the things that should be acknowledged.
၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောပါနဲ့။
Do not reveal others’ secrets.
၇။ အရေးကြီးကိစ္စတွေကို မက်ဆေ့ဂ်ျပို့ပြီး အကြောင်းမကြားပါနဲ့။
Do not send text messages to inform someone about important matters.
၈။ လုပ်နိုင်တယ်ဆိုတိုင်း လုပ်သင့်တယ်မထင်ပါနဲ့။
Even though you are able to do something, should you do it?
၉။ မကောင်းတဲ့အမူအကျင့်တွေကို ဆုပ်ကိုင်မထားပါနဲ့။
Do not hold fast to unwholesome habits and behaviours.
၁ဝ။ အခွင့်အရေးကောင်းတွေကို လက်လွှတ်မခံပါနဲ့။
Do not let good opportunities slip through your fingers.
၁၁။ ဘာကိစ္စပဲဖြစ်ဖြစ် ရေတိုမတွေးပါနဲ့။
In any case, do not take a short-term view.
၁၂။ အဆိုးနောက်မှာ အကောင်းရှိတာမမေ့ပါနဲ့။
Do not forget that there is beauty after tragedy.
၁၃။ အကောင်းဆုံးတွေကို မျှော်လင့်နေချိန်မှာ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားဖို့လည်း မမေ့ပါနဲ့။
Do not forget to prepare for the worst while you are hoping for the best.
၁၄။ ဘဝထဲက ပထမဆုံးအမှတ်တရတွေကို မမေ့ပါနဲ့။
Never forget the first memories in your life.
၁၅။ ပန်းတိုင်အတွက် စံပြထားဖို့ မမေ့ပါနဲ့။
Do not forget to set a role model for your goal.
၁၆။ ကားမောင်းနေရင်း မက်ဆေ့ခ်ျမပို့ပါနဲ့။
Do not send text messages while driving.
၁၇။ ဆရာဝန်ကို မညာပါနဲ့။
Never lie to your doctor.
၁၈။ တန်ဖိုးရှိတဲ့အရာတိုင်းကို လွယ်လွယ်နဲ့မရနိုင်တာ မမေ့ပါနဲ့။
Do not forget that anything worthwhile cannot be obtained easily.
၁၉။ ပြဿနာကိုလက်ယပ်မခေါ်ပါနဲ့။
Don’t go asking for trouble.
၂ဝ။ ကျေးဇူးတရားတွေကို ထုတ်ဖော်ပြောဆိုဖို့ ဝန်မလေးပါနဲ့။
Never hesitate to express your gratitude.
၂၁။ အွန်လိုင်းပေါ်မှာပဲ အချိန်မဖြုန်းပါနဲ့။
Do not while away your time on the Internet.
၂၂။ အချည်းနှီးအရာတွေအတွက် အချိန်ကုန်ခံမကြိုးစားပါနဲ့။
Do not waste your time on meaningless pursuits.
၂၃။ ကိုယ့်သမိုင်းကိုယ်ရေးဖို့ မမေ့ပါနဲ့။
Don’t forget to make your own history.
၂၄။ အခွင့်အရေးဆိုတဲ့တံခါးပေါက်တွေ့ရင် အချိန်မဆွဲပါနဲ့။
Do not delay once you see a window of opportunity.
၂၅။ စိတ်အားထက်သန်မှုမရှိဘဲ ဘာမှမလုပ်ပါနဲ့။
Don’t do it if you are not passionate about it.
၂၆။ ထူးခြားချင်ရင် သူများနဲ့ မတူတာတွေလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။
If you want to stand out, don’t hesitate to do the extraordinary.
၂၇။ အလေးထားရမယ့်နေ့တွေမှာ မပျက်ကွက်ပါနဲ့။
Don’t fail to show up on important days.
၂၈။ သတိဆိုတာ ပိုတယ်မရှိတာကို မမေ့ပါနဲ့။
Don’t forget that one can never be too careful.
၂၉။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောထွေးပါနဲ့။
Never mix business with personal matters.
၃ဝ။ မိတ်ဆွေသစ်ရှေ့မှာ မိတ်ဆွေဟောင်းအကြောင်း မပြောပါနဲ့။
Do not talk about an old friend in the presence of a new friend.
၃၁။ ဝန်ထမ်းတွေကို အလေးထားဖို့ မမေ့ပါနဲ့။
Don’t forget to give priority to your staff.
၃၂။ လူအများရှေ့မှာ ကိုယ့်ကိုယ်ကို အမွှမ်းမတင်ပါနဲ့။
Do not blow your own trumpet in public.
၃၃။ တောင်းပန်ရမယ့်ကိစ္စတွေမှာ ဘယ်တော့မှမနောက်ကျပါနဲ့။
Never be slow to apologize when necessary.
၃၄။ အမှားအတွက် ရူးချင်ယောင်မဆောင်ပါနဲ့။
Don’t act dumb for your mistake.
၃၅။ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်ဖို့မတွန့်ဆုတ်ပါနဲ့။
Don’t be reluctant to walk the right path in life.
၃၆။ ဂုဏ်သိက္ခာထိခိုက်မယ့်အလုပ်တွေ မလုပ်ပါနဲ့။
Don’t do anything that will tarnish your reputation.
၃၇။ ချစ်သူနဲ့လက်ထပ်တာဟာ ချစ်သူရဲ့မိသားစုနဲ့ပါ လက်ထပ်တယ်ဆိုတာ မမေ့ပါနဲ့။
Remember that marrying the person you love means marrying his or her family as well.
၃၈။ ဒုက္ခရောက်နေသူကို တွန်းအားမပေးပါနဲ့။
Never hit a man when he is down.
၃၉။ တစ်ဖက်သားအခြေအနေမှန်မသိဘဲ ပြစ်တင်စကားမပြောပါနဲ့။
Do not blame a person without knowing what he’s been through.
၄ဝ။ မျိုးရိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းဖို့ မမေ့ပါနဲ့။
Never forget to uphold your family name.
၄၁။ ပြဿနာတွေကို မဖန်တီးပါနဲ့။
Do not create problems.
၄၂။ ကျေးဇူးတင်စကားကို အရှည်ကြီးမပြောပါနဲ့။
Do not give a lengthy appreciation speech.
၄၃။ လောကဓံကို မေ့မထားပါနဲ့။
Never forget the vicissitudes of daily life.
၄၄။ ခိုးကြောင်ခိုးဝှက်မလုပ်ပါနဲ့။
Don’t be a hypocrite.
၄၅။ ငွေကြေးကို ပေါ့ပေါ့ဆဆမသိမ်းဆည်းပါနဲ့။
Don’t be careless with your money.
၄၆။ သင့်မွေးနေ့ဟာ သင့်အမေအတွက်လည်း အထူးနေ့ဆိုတာ မမေ့ပါနဲ့။
Remember that your birthday is a special day for your mother as well.
၄၇။ အသေးအဖွဲပဲဖြစ်ဖြစ် စေတနာတိုင်းကို အလေးထားဖို့ မမေ့ပါနဲ့။
Don’t forget to acknowledge a favour, no matter how small it may be.
၄၈။ ကြင်နာမှုက သင့်ဘဝတလျှောက်လုံးကို အကျိုးပြုမယ့်အမူအကျင့်ဆိုတာ မမေ့ပါနဲ့။
Remember that kindness is a manner that will do you plenty of good throughout your life.
၄၉။ သူများကိုချီးကျူးပါ။ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ မမေ့ပါနဲ့။
Praise others. Remember to stay humble.
၅ဝ။ သည်းခံသင့်တဲ့နေရာမှာသည်းခံဖို့ မမေ့ပါနဲ့။
Remember to be tolerant whenever and wherever possible.
၅၁။ ကြီးသူကိုရိုသေဖို့ မမေ့ပါနဲ့။
Don’t forget to respect the elders.
၅၂။ သူတပါးကို စိုက်မကြည့်ပါနဲ့။
Never stare at a person.
၅၃။ အကူအညီပေးခဲ့ဖူးသူတွေကို မမေ့ပါနဲ့။
Never forget those who have helped you.
၅၄။ အခွင့်ကောင်းတွေကို လက်လွှတ်မခံပါနဲ့။
Don’t let good opportunities pass you by.
၅၅။ အရေးကြီးတာနှစ်ခုကို တစ်ပြိုင်တည်းမလုပ်ပါနဲ့။
Do not try to do two important things simultaneously.
၅၆။ မှားမိတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
Don’t be too harsh on yourself when you make a mistake.
၅၇။ ကူညီချင်တယ်ဆိုရင် သူများအလုပ်လုပ်ပြီးတဲ့အထိ တိတ်ဆိတ်မနေပါနဲ့။
If you are willing to help, don’t wait until they have done it.
၅၈။ ကျေးဇူးတင်တတ်ဖို့ မမေ့ပါနဲ့။
Don’t forget to be grateful.
၅၉။ အသိအမှတ်ပြုဖို့ မမေ့ပါနဲ့။
Don’t forget to give credit.
၆ဝ။ မိသားစုထမင်းဝိုင်းမှာ ဖုန်းပြောမနေပါနဲ့။
Do not use your phone at family dining table.
၆၁။ မတော်တဆအမှားအတွက် သင့်ကိုယ်သင်ခွင့်လွှတ်ဖို့ မမေ့ပါနဲ့။
Remember to forgive yourself for a careless mistake.
၆၂။ အသက်ရှည်ဖို့ ဟာသကို မှီဝဲဖို့ မမေ့ပါနဲ့။
Remember to have a sense of humor to live longer.
၆၃။ တစ်ဖက်သားကို မလေးမစားမဆက်ဆံပါနဲ့။
Never treat anyone with disrespect.
၆၄။ အချက်အပြုတ်သင်ဖို့ မမေ့ပါနဲ့။
Remember to learn cooking.
၆၅။ ဘဝဝမ်းစာတွေဖြည့်တင်းနေဖို့ မမေ့ပါနဲ့။
Remember to keep on gathering the sustenance of life.
၆၆။ နာမည်တစ်လုံးကို လွယ်လွယ်တည်ဆောက်လို့မရတာ မမေ့ပါနဲ့။
Don’t forget that a good name is not easily made.
၆၇။ တစ်ယောက်တည်းလည်း နေတတ်အောင် ကြိုးစားဖို့ မမေ့ပါနဲ့။
Remember to learn to be able to live by yourself.
၆၈။ မိဘကို အလေးထားဖို့ မမေ့ပါနဲ့။
Remember that your parents are your first priority in life.
၆၉။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။
Don’t hesitate to work like a professional.
၇ဝ။ ဧည့်ခံကျွေးမွေးသူကို ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။
Don’t forget to thank the person who has treated you.
၇၁။ နားမလည်တာကို ပြန်မေးဖို့ နောက်မကျပါစေနဲ့။
Do not hesitate to ask if confused.
၇၂။ မိသားစုကို အလေးထားဖို့ မမေ့ပါနဲ့။
Remember to give priority to your family.
၇၃။ စကားပြောပါများရင် အမှားပါတတ်တာ မမေ့ပါနဲ့။
Remember that the more one talks, the more mistakes one tends to make.
၇၄။ သင်စကားပြောတဲ့အလှည့်ချည်းပဲ မယူပါနဲ့။
Do not try to dominate the conversation.
၇၅။ နှုတ်စောင့်စည်းဖို့ မမေ့ပါနဲ့။
Remember to be tight-lipped when necessary.
၇၆။ လိုချင်တာတွေအတွက် ကြိုးစားဖို့ မမေ့ပါနဲ့။
Don’t forget to strive for your dreams.
၇၇။ သင်ငယ်ငယ်က သင့်အမေက ပွေ့ချီခဲ့ဖူးတာ မမေ့ပါနဲ့။
Never forget that your mother has held you in her arms when you were little.
၇၈။ လူတိုင်းဟာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်ဆိုတာ မမေ့ပါနဲ့။
Don’t forget that everybody has to carry their own crosses.
၇၉။ ရုပ်ရှင်ရုံထဲမှာ စကားမပြောပါနဲ့။
Do not talk at the cinema.
၈ဝ။ မကြွားဝါပါနဲ့။
Don’t brag or show off.
၈၁။ အလုပ်များများလုပ်ပါ။ စကားများများမပြောပါနဲ့။
Walk the walk, but don’t just talk the talk.
၈၂။ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ မမေ့ပါနဲ့။
Don’t forget to set aside some time for yourself.
၈၃။ လူတိုင်းမှာ အခက်အခဲရှိတာ မမေ့ပါနဲ့။
Remember that everyone has their own story.
၈၄။ လူကြီးမိဘတွေကို အချိန်ပေးဖို့ မမေ့ပါနဲ့။
Remember to spend some time with your elders.
၈၅။ ကလေးမဆန်ပါနဲ့။
Don’t be childish.
၈၆။ သင် ချစ်ခင်ရသူတွေအတွက် သင့်ထင်မြင်ချက်က အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။
Remember that your opinion matters to those who are near and dear to your heart.
၈၇။ ကြိုးစားရင် အရာအားလုံးဖြစ်နိုင်တာ မမေ့ပါနဲ့။
Don’t forget that anything is possible if you try.
၈၈။ ဘယ်သူ့ကိုမှ ညဉ့်နက်သန်းခေါင် ဖုန်းမဆက်ပါနဲ့။
Don’t call anybody up late at night.
၈၉။ ကိုယ့်တန်ဖိုးကို လိုတာထက်ပိုမလျှော့မိပါစေနဲ့။
Don’t sell yourself short.
၉ဝ။ အသေးအဖွဲတွေကအစ သတိထားဖို့ မမေ့ပါနဲ့။
Remember to pay attention to the smallest details.
၉၁။ အလုပ်မှာ ဣန္ဒြေရရဝတ်ဆင်ဖို့ မမေ့ပါနဲ့။
Always dress conservatively at workplace.
၉၂။ မအားတာနဲ့ ပျင်းရိတာမတူတာကို မမေ့ပါနဲ့။
Know the difference between busyness and laziness.
၉၃။ သင့်အမေက သင့်အတွက် အမြဲအရေးပါတာ မမေ့ပါနဲ့။
Never forget that your mother is always an important person in your life.
၉၄။ ပျော်ရွှင်မှုတွေကို ရှာဖွေဖို့ မတွန့်ဆုတ်ပါနဲ့။
Don’t be reluctant to seek pleasure.
၉၅။ နိုင်ငံတော်သီချင်းစာသားတွေကို မမေ့ပါနဲ့။
Never forget the lyrics of the National Anthem.
၉၆။ အလုပ်တိုင်းမှာ အကျိုးကျေးဇူးရှိတာ မမေ့ပါနဲ့။
Remember that every work has its own dignity and benefits.
၉၇။ ပတ်ဝန်းကျင်ကို အလေးထားဖို့ မမေ့ပါနဲ့။
Remember to pay attention to your surroundings.
၉၈။ ပန်းတိုင်ကို အရောက်သွားဖို့ မပျင်းပါနဲ့။
Don’t be sluggish on the march to your goal.
၉၉။ အိပ်စက်ခြင်းနဲ့ပဲ အသက်မကြီးမိပါစေနဲ့။
Don’t sleep your life away.
၁ဝဝ။ ဘာသာတရားကို မမေ့ပါနဲ့။
Never ever forget to practise your religion.
Myanmar Text Credit: to the original writer
English translation by Dr.Soe Than
See Translation
Comments
Post a Comment