ဒီနေ့မနက်ခင်း အတွေး

 ဒီနေ့မနက်ခင်း အတွေး

Do not live an other-directed life.
Rather, live an inner-directed one.
อย่าดำเนินชีวิตตามแนวทางอื่น แต่จงดำเนินชีวิตตามแนวทางของตน
သူများရဲ့ စိတ်နဲ့မနေနဲ့။
ကိုယ့်ကုသိုလ်ကောင်းမှုစိတ်နဲ့သာ နေပါ။
other-directed life ဆိုတာ မိမိစိတ်မှာ သူတပါးအကြောင်းတွေကိုသာ အချိန်ပြည့်တွေးနေမိတာ။ သူများနဲ့ပတ်သက်တဲ့ မကျေနပ်မှု၊ မနာလိုမှု၊ ဒေါသဖြစ်စရာတွေ၊ သူတို့လုပ်သလို လုပ်ချင် ပြိုင်ချင်တဲ့စိတ်တွေ၊ peer pressure တွေနဲ့သာ ကိုယ့်မှာပြည့်နှက်နေတော့ ပူလောင်လှပါတယ်။ Your life, your mind and your thoughts are directed or controlled by other people - not by yourself.ชีวิต จิตใจ และความคิดของคุณถูกควบคุมโดยผู้อื่น ไม่ใช่ตัวคุณเอง ဆိုတော့ကာ ကိုယ့်စိတ် ကိုယ်မပိုင်ဘူး။ မငြိမ်းချမ်းတဲ့ ဘဝ။ မလွတ်လပ်တဲ့ ဘဝ။ ကိုယ့်ရဲ့ စိတ်ကူးထဲမှာသူတို့ရဲ့ အသံတွေ ရုပ်တွေကိုသာမြင်ယောင်နေတော့ ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း အတွက် တွေးဖို့ လုပ်ဖို့ အချိန်နည်းသွားတာပေါ့။
inner-directed life ဆိုတာ self-directed ဖြစ်တယ်။ သူများတွေ အကြောင်း အရေးမကြီးတာတွေ၊ အရည်မရ အဖတ်မရတာတွေ တွေးပြီး စိတ်ကို အချိန်မကုန်စေ၊ မပူလောင်စေဘူး။ မိမိ ငယ်စဉ်ကတည်းက ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေ၊ မိမိကို သင်ကြားပေးလိုက်တဲ့ ဘာသာရေးဆိုင်ရာ တန်ဖိုးတွေ၊ ခိုင်မာတဲ့ ကိုယ်ကျင့်တရား သီလသမာဓိတို့ကို ဦးထိပ်ထားပြီး ဘဝကို နေထိုင်ခြင်းဖြစ်ပါတယ်။
An inner-directed life is the one guided by one's own conscience and values rather than external pressures to conform.ชีวิตที่ชี้นำจากภายในเป็นชีวิตที่ชี้นำโดยมโนธรรมและค่านิยมของตนเอง แทนที่จะเป็นแรงกดดันจากภายนอกที่ต้องปฏิบัติตาม
With love,
Dr.Soe Than
See Translation


1.9K

Comments

Popular posts from this blog

အိမ်ခန်းငှါးမယ်။ ห้องนี้ให้เช่า

ห้ามสูบุหรี่ในภาษาพม่า

ขยะในมือท่านลงถังเถอะ แบบพม่า