ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နှင့် ဝိဇ္ဖာဓိုရ် ဟာ တူပါသလား

  บันทึกบางอย่าง กับงานที่ไม่สมบูรณ์

จะนำไปใช้โปรดพิจารณาให้มาก

ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီဆိုတာ...

------------------

 


(တည်တောဆရာတော်)

 

မေးခွန်း ၁။ အရှင်ဘုရား၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နှင့် ဝိဇ္ဖာဓိုရ် ဟာ တူပါသလားဘုရား၊

မေးခွန်း ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊

မေးခွန်း ထိုသူတို့သည် အဘယ်အရပ်၌ နေကြပါသလဲ - ဖြေကြားပေးပါဘုရား၊

 

အဖြေ။ ဒီနေရာမှာ ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာဟာ ဗီဇနိယာမအတွင်းမှာ ပါ၀င်ပါတယ်၊

သတ္တဝါတွေဟာ တိုက်ရိုက်ပေါက်ဖွားတဲ့ ဧကဇအမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇအမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇအမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

 

လူတို့ ကျွဲ နွား စတဲ့ သတ္တဝါတွေကတော့ အမိ၀မ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက်တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိကဥကို တကြိမ်ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇမျိုး နှစ်ကြိမ်ပေါက် သတ္တဝါတွေပါ၊

 

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ဝြပီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖို၀င်တယ်၊ အဲဒီ ဖိုက(เตา) ထွက်မှ မူလ သတ္တဝါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊

လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်၀င်နိုင်(လျင် กิริยา รวดเร็วว่องไว အလျင် แปลว่าก่อน ต้องอยู่หลังนาม) ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်၀င်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

ရာဇ၀င်မှာပါတဲ့ ဗျတ်ဝိဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်၀င်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ရက် သောကြာနေ့ ဟံသာ၀တီမြို့ ၀န်းကျင်ကို ကျုံး (คูเมือง) စတင်တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

 

အဲဒီလို ဖိုလ်၀င်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက် သွားပါတယ်။

၀ိဇ္ဇာဓိုရ်ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်၀င်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ဝိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -

 

၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊

၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊

၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊

၄။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊

၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ဝိဇ္ဖာ၊

၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊

ဆိုပြီး ဝိဇ္ဖာ အမျိုးအစား မျိုးရှိပါတယ်။

 

မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။

ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

 

ဆက္ကနိပါတ်၊ ဝိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ဝိဇ္ဇာဓိုရ်ဟာ မန္တာန် ဝိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ဝိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

 

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့

အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း ကတိပေးပါတယ်။

 

မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ဝိဇ္ဇာဓို၇် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ဝိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊

၀ိဇ္ဖာဓို၇် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက်ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ဝိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ဝိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု့ လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။

 

ဆက်ပါအုံးမည် - -

 

( )

အဲဒီ ဝိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ၀တ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ရသေ့ ရဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။

 

ဒါကြောင့် အခုခေတ်မှာလဲ ရသေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။

 

ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ၀င်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့်  မန္တာန်ဝိဇ္ဖာဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။

 

နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသက လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။

 

သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ဝိဇ္ဇာ မျိုး ရှိတယ်လို့ မှတ်သားနိုင်ပါတယ်၊

 

နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနိုင်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါ၀င်တာမို့ မျိုးပါပဲ။

လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ဝိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း မျိုးရှိကြောင်း တွေ့ရပါတယ်။

 

အဲဒါတွေကတော့ --

 

၁။ ဝေဒဝိဇ္ဇာ = ဗေဒင်လေးမျိုးတတ်ကျွမ်းသူ၊

မန္တဝိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊

ဂန္ဓာရီဝိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊

၄။ လောကိယဝိဇ္ဖာ = လောကီစျာန်ရ ပုဂ္ဂိုလ်၊

၅။ အရိယဝိဇ္ဇာ = အရိယာပုဂ္ဂိုလ် ယောက်၊ တို့ဖြစ်ပါတယ်။

၁၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိူးဖြစ်ပြီး စူဠဂန္ဓာရီ ဝိဇ္ဖာ လို့ ခေါ်ပါတယ်။ နှင့် ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ဝိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ဝိဇ္ဇာလို့ ခေါ်ပါသတဲ့။

 

ဂန္ဓာရီဝိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြောရပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမ၀န္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသအတတ် ၁၈ ရပ်ကို သွားရောက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ်လို့ မှတ်သားရပါတယ်။

 

ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ဝိဇ္ဇာဓိုရ် ( ဝိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနိုင်ပါတယ်၊

အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊

 

အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ရမယ်တဲ့။ နားလည်အောင် ရှင်းရရင် ဒါန၀တ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်၊

 

နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေသြဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊

ဒါကြောင့် သီလအကျင့် မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လည်း အပူဇော်ခံ အကိုးကွယ်ခံ မဖြစ်ထိုက်ဘူး၊

 

ဆက်ပါအုံးမည်- -

 

( )          

လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့ ပဉ္စကနိပါတ်၊ သီလဝီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊

 

မောဃာ ဇာတိ ဝဏ္ဏော သီလမေ၀ ကိရုတ္တမံ။

သီလေန အနုပေတဿ၊ သုတေန တ္ထော ဝိဇ္ဇတိ။

 

လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအဝိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊

ဒါကြောင့် ဝိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊

 

မေးခွန်း အနေနဲ့ ဝိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘ၀က ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။

မြန်မာတွေ ပြောနေကျ စကားမှာတော့ ဝိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊

 

၀ိဇ်ဖာဓိုရျ ဘယျကလာ-

 

၀ိဇ္ဖာဓိုရ်ဆိုတာ ဝိဇ္ဇာ+ဓရ ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတယ်လို့ မှတ်ရပါမယ်၊ ဝိဇ္ဇာ ဆိုတဲ့ ပုဒ်က

 

၁။ အသိပညာ

၂။ အတတ်ပညာ

၃။ ဗေဒင်သုံးပုံ

၄။ ပု- ဒိ -အာ ဆိုတဲ့ ဝိဇ္ဇာသုံးပါးကို ဟောပါတယ်၊

 

အသိပညာ ဆိုတာကတော့ ဝိဇ္ဖာပညာ လို့ ပြောလို့ရတဲ့ အတတ်ကြီး ၁၈ ပါးကို ရည်ညွှန်းပါတယ်၊

 

အတတ်ပညာ ကတော့ သိပ္ပံပညာ လို့ ပြောရမဲ့ အတတ်ငယ် ၆၄ ပါးကို ရည်ညွှန်းပါတယ်၊

ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး အတတ်ငယ်ကိုတော့ မျက်စိမမြင်သူ၊ နားမကြားသူ၊ သန်စွမ်းသူ တို့ပါ သင်ယူနိုင်တဲ့ (ခြေလက်အင်္ဂါ တခုခု ချွတ်ယွင်းနေတဲ့ )သူတွေပါ သင်ယူနိုင်ပါသတဲ့။ အဲဒါကိုတော့ ကလာ ၆၄ ပါး ( အတတ်ငယ် ၆၄ ပါး) ရယ်လို့ သိရပါတယ်။

 

အတတ်ကြီး ၁၈ ရပ် -

အကြားအမြင်အတတ်၊

၂၊ ဓမ္မသတ်အတတ်၊

၃၊ သင်္ချာ အတတ်၊

၄။ လက်သမားအတတ်၊

၅။ နီတိအတတ်၊

၆။ ဗျာကရုဏ်းအတတ်၊

၇။ ကဗျာလင်္ကာအတတ်၊

၈။ လက်ပစ်အတတ်၊

၉။လေးအတတ်၊

၁၀။ စကားတောင်းအတတ်၊

၁၁။ဆေးအတတ်၊

၁၂။ ရယ်ရွှင်ဖွယ်အတတ်၊

၁၃။ ဗေဒင်အတတ်၊

၁၄။ မာယာအတတ်၊

၁၅။ဆန်းကျမ်းအတတ်၊

၁၆။ သံတမန်အတတ်၊

၁၇။ မန္တာန်အတတ်၊

၁၈။ သဒ္ဒါကျမ်းအတတ်၊

 

ဒီအတတ်ကြီး ၁၈ရပ်ကိုတော့ လောကနီတိ ဂါထာနံပါတ် ၁၀-၁၁ မှာ တွေ့ရှိနိုင်ပါတယ်။

 

ဆက်ပါအုံးမည် - -

 

( )

အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊ ဝိသုဒ္ဓါရုံမူ အဘ်ိဓာန်နိဿယသစ် ဂါထာနံပါတ် ၅၂၈ မှာ ဖော်ပြထားတာက - ဒီလိုပါ၊

 

၁။နစ္စ= ကခြင်းအတတ်၊

၂။ ဝါဒန=တီးမှုတ်ခြင်းအတတ်၊

၃။ ၀တ္ထာလင်္ကာရ = အ၀တ်ဆင်ယင် ၀တ်တတ်ခြင်း၊

၄။အနေကရူပ= ရုပ်ပြောင်းရုပ်လွဲတတ်ခြင်း၊

၅။သေယျာဒိ= အိပ်ယာနေရာ ခင်းကျင်းသောအတတ်၊

၆။ဇုတာဒိ= ကြွေအံ လောင်းကစားအတတ်၊

၇။ အနေကာဒိ ရတိဇာနန= နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊

၈။မဇ္ဇာသဝါဒိ=သေအရက်မျိုးစုံ ချက်တတ်ခြင်း၊

၉။သလ္လ ဟရဏ= စူး၀င်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊

၁၀။အန္နာဒိ ပစန= စားဖိုမှူး အတတ်၊

၁၁။ ဗီဇာရောပ= လယ်ယာသီးနှံ စိုက်ပျိုးခြင်းအတတ်၊

၁၂။ ပါသာ ဏာဒိ ဝိဒါရဏ= ကျောက်ဓာတ် ရွှေဓာတ် စသည်ကို ပြာချသောအတတ်၊

၁၃။ဥစ္ဆု ဝိကာရ =ထန်းလျက်၊ ကြံသကာ၊ တင်းလဲ၊ သကြားချက်ခြင်းအတတ်၊

၁၄။ဓာတောသဒိသံ ယောဂါဒိကြိယာ =ရွှေဓာတ် စသည်ကို ဆေးနှင့် ဖော်စပ်ခြင်းအတတ်၊

၁၅။ဓာတု သံယောဂ= ရွှေငွေ စသည် ဓာတ်ခွဲသော ဓာတုဗေဒ အတတ်၊

၁၆။ဓာတွာဒိ သံယောဂ =ဓာတ်ေ၇ာစပ်ခြင်း အတတ်၊

၁၇။ခါရ နိက္ကာသန= လက်နက်အတွက် ယမ်းမှုန့်၊ ဆား ထုတ်လုပ်ခြင်း၊ ဆပ်ပြာထုတ်လုပ်ခြင်းအတတ်၊

၁၈။ သတ္ထသန္ဓာန ဝိက္ခေပ= လက်နက် ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊

၁၉။မလ္လ ယုဒ္ဓ= နပမ်းလုံးခြင်း အတတ်၊

၂၀။ဗာဟု ယုဒ္ဓ= လက်ဝှေ့ ထိုးသတ်ခြင်းအတတ်၊

၂၁။ ရှာမတွေ့သေးပါ၊

၂၂။ဗျူဟ ရစနာဒိ ကရဏ= စစ်တိုက်နည်းပရိယာယ်ကြွယ်ဝြခင်း၊

၂၃။ဒေ၀တာ တောသန= နတ်တို့ နှစ်သက်ခြင်းအတတ်၊

၂၄။သာရထျ ဟတ္ထိ အဿ ဂတိသိက္ခာ=ဆင်စီး မြင်းစီးအတတ်၊

၂၅။ မတ္တိကာ ဘဏ္ဍသံကြိယာ= အိုးထိမ်းသည်အတတ်၊

၂၆။ ကဋ္ဌဘဏ္ဍ သံကြိယာ=လက်သမားအတတ်၊

၂၇။ ပါသာဏ ဘဏ္ဍသံကြိယာ= ကျောက်ဆစ်အတတ်၊

၂၈။ ဓာတုဘဏ္ဍ သံကြိယာ= ပန်းပဲ ပန်းတဉ်းအတတ်၊

၂၉။ စိတ္တဒယျာလေခနံ = ပန်းချီအတတ်၊

၃၀။ တဠာဂဝါ=မြေတူးခြင်း၊ မြေညှိခြင်းအတတ်၊

၃၁။ယန္တကရဏ = ယန္တ၇ား စက်နာရီ တူရိယာ ပြုလုပ်သောအတတ်၊

၃၂။၀ဏ္ဏရဉ္စန = ဆေးဆိုးအတတ်၊

၃၃။ ဇလဝါယဂ္ဂိ =ေ၇စက်၊ လေစက် မီးစက်အတတ်၊

၃၄။ယာန ကရဏ =ယာဉ်အမျိုးမျိုး ပြုလုပ်တတ်သောအတတ်၊

၃၅။ သုတ္တာဒိရဇ္ဇု = ချည်ငင်ခြင်း၊ ကြိုးကျစ်ခြင်းအတတ်၊

၃၆။ ၀တ္ထ ဝါယန= ရက်ကန်းအတတ်၊

၃၇။ ရတန ဝေဓာဒိ= ရတနာတို့၏ အပေါက်ကောင်းမကောင်း သိနိုင်သော အတတ်၊

၃၈။ သု၀ဏ္ဏာဒိ =ရွှေစသည်ကို အမျိုးအစား ခွဲခြားသိနိုင်ခြင်းအတတ်၊

၃၉။ ကိတ္တိမ သု၀ဏ္ဏရတနာဒိ= ရွှေစသော ကိတ္တိမ၇တနာပြုလုပ်ခြင်းအတတ်၊

၄၀။သု၀ဏ္ဏာဒျ လင်္ကာရ= ရွှေပန်းထိန် အတတ်၊

၄၁။လေပါဒိ သံကြိယာ= ပန်းရန်အတတ်၊

၄၂။ စမ္မမဒ္ဒဝါဒိ =သားရေနယ်အတတ်၊

၄၃။ပသု ဓမ္မင်္ဂ နီဟာရကြိယာ= သားကောင်မှ သားရေကို မဆုတ်မပြဲ ခွါထုတ်ခြင်းအတတ်၊

၄၄။ဒုဒ္ဒဒေါဟာဒိ= နွားနို့ညစ်ခြင်း၊ထောပတ် ချက်ခြင်းအတတ်၊

၄၅။ကဉ္စုကာဒိ= ချပ်၀တ်သင်ဒိုင်း ချုပ်စပ်ခြင်းအတတ်၊

၄၆။ ဇလ တရဏ= ရေကူးခြင်းအတတ်၊

၄၇။ ဂေဟဘဏ္ဍာဒိ မဇ္ဖန= ကြေးခွက်စသော အိမ်အသုံးအဆာင် တိုက်ချွတ်သန့်စင်ခြင်း အတတ်၊

၄၈။၀တ္ထ သမ္မဇ္ဖန= ခဝါသည် အတတ်၊

၄၉။ခုရကမ္မ= ဆတ္တာသည် အတတ်၊

၅၀။ တိလ မံသာဒိသိနေဟ= နှမ်းဆီ ပဲဆီ ညှစ်ထုတ်နည်းအတတ်၊

၅၁။သိရာဒျာကဿဏ = လယ်ထွန်ခြင်း အတတ်၊

၅၂။ရုက္ခာေ၇ာဟန= သစ်ပင်တက်ခြင်းအတတ်၊

၅၃။ မနောနုကူလ သေဝါကရဏ = အရှင့်စိတ်တိုင်းကျ ခစားလုပ်ကျွေးခြင်း အတတ်၊

၅၄။ ဝေဏုတိဏာဒိ= နှီးခွက် မြက်ဖျာ ရက်လုပ်သော ဒေါင်းရွှေ အတတ်၊

၅၅။ကာစ ပတ္တာဒိကရဏ = စဉ့်အိုး စဉ့်ခွက် ဖန်အိုး ဖန်ခွက် ပြုလုပ်ခြင်း အတတ်၊

၅၆။ဇလ သံသေဇန သံဟရဏ= ရေကို သွယ်ယူ လှောင်ခြင်းအတတ်၊

၅၇။ လောဟာဒိ သာ၇= သံမဏိ လက်နက် ပြုလုပ်ခြင်းအတတ်၊

၅၈။ ဟတ္ထိအဿာဒိ ပိတ္ထတ္ထရဏ= ဆင်ကုန်းနှီး မြင်းကုန်းနှီး ပြုလုပ်သော အတတ်၊

၅၉။ သိဘု သံရက္ခဏ= ကလေးထိန်းအတတ်၊

၆၀။ အပရာဒိ တာဠ ညာဏ = အပြစ်သင့်သူကို ရိုက်နှက်ခြင်း အတတ်၊

၆၁။ နာနာဒေသိယ ၀ဏ္ဏလေခန =လူအမျိုးမျိုးတို့၏ အက္ခရာ ရေးသားခြင်း

 

အတတ်၊

၆၂။တမ္ဗူလ ရက္ခာဒိကြိယာ = ကွမ်းကို စောင့်ရှောက်ခြင်း စသည်ပြုလုပ်သောအတတ်၊

၆၃။ အာဒါန ဂုဏ = လျင်မြန်သင့်လျင် လျင်မြန်အောင် လုပ်နိုင်ခြင်းအတတ်၊

၆၄။ပတိဒါန ဂုဏ = နှေးသင့်လျင် နှေးနှေး ပြုလုပ်နိုင်ခြင်း အတတ်၊

 

ဒီအတတ်တွေကိုတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ ချို့တဲ့သူ တွေပါ သင်ယူနိုင်တဲ့ အတတ်ငယ် ၆၄ ပါး လို့ ခေါ်ဆိုနိုင်ပါတယ်၊

 

ဆက်ပါအုံးမည် - -

 

( နိဂုံး )

ဒါကြောင့် ဝိဇ္ဇာဓိုရ် ဆိုတာ ဝိဇ္ဇာ+ ဓရ = အသိပညာ အတတ်ပညာကို ကျင့်နေသူ ဆောင်ထားသူ လို့ အဓိပ္ပါယ်ရပါတယ်၊ အတတ်ပညာ အသိပညာတွေအားလုံးကို တတ်တာမျိုးမဟုတ်ပါဘူး၊ အတတ်ပညာ တခုခုကို တဖက်ကမ်းခတ် တတ်မြောက်သူကို စာစကားနဲ့ ဝိဇ္ဖာဓိုရ် လို့ ခေါ်နိုင်ပါတယ်၊

 

ဇော်ဂျီ ဆိုတာ =

 

ဇော်ဂျီ လို့ ဆိုလိုက်ရင် လူအများ တွေးမြင်တာက ဇာတ်ပွဲထဲက တောင်ဝှေးလေးနဲ့ ကတတ်တဲ့ ဇော်ဂျီကိုပဲ တွေးတတ်ကြပါတယ်၊ တကယ်တမ်း အရင်းစစ်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး၊ ဇော်ဂျီ ဆိုတဲ့ ပုဒ်ဟာ ယောဂီ ပုဒ်ကနေ ဆင်းသက် လာပါတယ်။ ( သဒ္ဒါမှာတော့ ဂဝယော ပုဒ်ကနေ ဂဝဇော ဖြစ်လာသလိုပါပဲ။ ဒေါ ဓဿ သုတ် အဖွင့်အရ ယကို ဇပြုသလို ) ယောဂီ မှ ဇောဂီ ဖြစ်လာပါတယ်။

 

နောက် ဂီ မှာလည်းပဲ သက္ကတသံ ( ရေဖ ) ခေါ်တဲ့ ရောက်ခဲ့လို့ ဂျီ ဖြစ်သွားတယ်။ ယောဂီ ဆိုတဲ့ ပါဠိစကားလုံးကို သက္ကတ အသံပျက်နဲ့ မြန်မာတွေက ဇော်ဂျီ လို့ ဖတ်လိုက်ကြတယ်။ အဓိပ္ပါယ်က ယောဂတရား အားထုတ်နေသူ လို့ ဆိုလိုပါတယ်။

 

ယောဂ တရား ဆိုတာကလဲ သမထတရား စျာန်တရား သမာဓိတရားပါပဲ၊ သာသနာပ ပုဂ္ဂိုလ်များကတော့ ကိုယ့်သန္တာန်မှာ လောဘ ဒေါသ ကိလေသာတွေ ပေါ်လာရင် အဲဒီ အကုသိုလ်စိတ်တွေ ငြိမ်သက်သွားအောင် မြစ်ထဲ ဆင်းပြီး တနေကုန် ရေစိမ်နေတာမျိုး၊ ရေငုတ်နေတာမျိုး ( ရေစိမ်နေရင် အေးလာပြီး ကိလေသာစိတ် ပျောက်သွားတတ်တယ် )

 

ရာသီဥတု ပူသော်လည်း မီးလှုံနေတာမျိုး၊( မီးလှုံနေတော့ ခန္ဒာကိုယ်က ပူလာပြီး ကိသေသာစိတ် ပျောက်သွားတတ်တယ်) ကလေးတွေ ကစားသလို တုံးကျော်နည်း ခုန်ကျော်နည်း ကစားခြင်းမျိုး၊ ဇယ်ခတ် ကစားခြင်းမျိုး၊ ဆူးတွေပေါ် အိပ်တာမျိုး ဒါတွေကလဲ နာကျင် ခံစားရတဲ့အတွက် ကိလေသာစိတ် ကို ဖြေဖျောက်နည်း တမျိုးပါပဲ၊

 

ဒီအကျင့်တွေကို မြတ်စွာဘုရားက အတ္တကိလမထနုယောဂ = ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်တွေ အကျိူးမရှိဘူး၊ ယုတ်ညံ့တဲ့ ကျင့်စဉ်တွေ လို့ ဓမ္မစကြာသုတ် တရားတော်မှာ ဟောကြားထားတော်မူပါတယ်။

အကျဉ်း ချုပ်လိုက်တော့ ယောဂ အကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါတယ်။ ကိုယ်ကျင့်တဲ့ အကျင့် က မှန်ကန် ကောင်းမြတ် ဘုရားဟော နည်းလမ်းကျနေရင် မြင့်မြတ်တဲ့ ယောဂီ ဖြစ်ပြီး နည်းလမ်းမကျ လွဲမှားနေရင် ယုတ်ညံ့တဲ့ ယောဂီ ဇော်ဂျီ ဖြစ်သွားမှာပါ။

 

တပဿီ =

 

( တပေါ ယဿ အတ္ထိ တသ္မိံ ဝါ ဝိဇ္ဇတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။

ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ဝိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ဝိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊

 

သမထ ဝိပဿနာ ပွားများ အားထုတ်နေသူ အားလုံးကို ဇော်ဂျီတပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ ဆန်းပြားပေမယ့် ထူးဆန်းနေတာက ဝိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနိုင် - မြေလျိုး မိုးပျံ နိုင်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။

 

ကျမ်းကိုး၊ ထီးချိုင့်မြို့ တည်တော ဆရာတော်ကြီး၏ ဗုဒ္ဓဝါဒဆိုင်ရာအဖြေများ။

 

မေတ္တာဖြင့်          

အရှင် ဓမ္မသာရ

 

cred

 

ဦးမြင့်ခိုင်

Xxxxxxxx

 

တည်တောဆရာတော်ကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ စာအုပ်မှ📒

 

😱 တစ္ဆေ သရဲ

 

တစ္ဆေ သရဲဆိုတာ ရှိသလား။ တစ္ဆေ သရဲက လူ့အသက်ကို နှုတ်ယူနိုင်သလား ဆိုတာနှင့် ပတ်သက်ပြီး ဆက်ရှင်းလိုက်ကြဦးစို့ရဲ့ကွယ့်။

 

မှန်ပါ။ ရှင်းပါဦးဘုရား။

 

သတ္တဝါများ ဖြစ်ပွားကျင်လည်ရာ (၃၁)ဘုံအတွင်း မပါသော်လည်း အချို့သောပြိတ္တာ အချို့သောအသူရကာယ် အတွင်းမှာ တစ္ဆေသရဲဆိုတာ ရှိတယ်။ အမှန်ကတော့ လူကိုခြောက်လှန့်တတ်လို့ တဇ္ဇေခေါ်ရာက တစ္ဆေဖြစ်လာတယ်။ ခြောက်လှန့်တတ်သူမို့ သူရဲခေါ်တယ်။ ကြောက်မက်ဖွယ်အသွင်ကိုပြတတ်လို့ ဘီရုကမှ ဘီလူးလို့ ခေါ်ကြတယ်။ ဒီတစ္ဆေ သရဲ ဘီလူး သားဘက် အစိမ်း မှင်စာဆိုတာတွေဟာ ပြိတ္တာမျိုး အသူရကာယ်မျိုးတွေဖြစ်တယ်။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လို့ အပါယ်လေးပါးရှိရာမှာ ငရဲဘုံသာ ဘုံသီးခြားရှိတယ်။ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့က ဘုံသီးခြားမရှိဘူး။ လူ့ဘုံ တစ်နေရာရာမှာ ရှိနေကြတယ်။

 

တစ္ဆေ သရဲတို့ကို ပြိတ္တာမျိုး အသူရကာယ်မျိုး ဆိုသော်လည်း ပြိတ္တာတိုင်း အသူရကာယ်တိုင်း လူကို မခြောက်တတ်ပါဘူး။ တစ်ချို့ပြိတ္တာတွေ အသူရကာယ်တွေဟာ လူကို ခြောက်လှန့်ဖို့အသာထား, သူတို့ကိုယ်တိုင်က ငရဲကျသလို ခံစားနေကြရရှာတယ်ကွယ့်။ ဘယ်မှာ သူတစ်ပါးကို ခြောက်လှန့်နိုင်ပါ့မလဲ။

 

ဒီလိုဆို ပြိတ္တာတွေ အသူရကာယ်တွေက ဘယ်နှစ်မျိုး ရှိသလဲဘုရား။”

 

အမျိုးမျိုးရှိတာပေါ့။ ပြိတ္တာအမျိုးဟာ သာသနာဝင်ကျမ်းက ပြတဲ့ ပြိတ္တာလေးမျိုး လောကပညတ္တိကျမ်းမှာ ပြတာက ပြိတ္တာ၁၂မျိုးလို့ အမျိုးမျိုးရှိတာပေါ့ကွယ်။

 

အဲဒီ ပြိတ္တာအမျိုးအစား ခွဲခြားပြပါဦးဘုရား”

 

သာသနာဝင်ကျမ်းကလာတဲ့ ပြိတ္တာလေးမျိုးက--

(၁)ပရဒတ္တူပဇီဝိတပြိတ္တာ=သူတစ်ပါးက ပေးမှကမ်းမှ စားရတဲ့ ပြိတ္တာမျိုး။

 

(၂)ခုပ္ပိပါသိကပြိတ္တာ =မစားရ မသောက်ရ ငတ်ပြတ်နေတဲ့ ပြိတ္တာမျိုး။

 

(၃)နိဇ္ဈာမတဏှိကပြိတ္တာ=အမြဲမပြတ် မီးလောင်ခံနေရတဲ့ ပြိတ္တာမျိုး။

 

(၄)ကာလကဥ္စိကပြိတ္တာ=အသူရကာယ်ပြိတ္တာမျိုး တို့ ဖြစ်တယ်။

(ပေတဝတ္ထု ဝိမာနဝတ္ထု စတုတ္ထပါရာဇိကဝိနီတဝတ္ထုစသည်တို့၌ ပါသော ပြိတ္တာများလည်း ရှိကြပါသေးသည်။ )

 

လောကပညတ္တိကျမ်းကလာတဲ့ ပြိတ္တာ (၁၂)မျိုးဆိုတာက---

(စာရှည်မည်စိုး၍ ပါဠိများကို ချန်ထားခဲ့ပါသည်)

 

(၁)သူတစ်ပါး အန်ဖတ် နှပ် တံတွေးစသည်တို့ကို ကောက်ယူစားသောက်နေရတဲ့ ပြိတ္တာမျိုး။

 

(၂)အကောင်ပုပ်တွေကို စားနေရတဲ့ပြိတ္တာမျိုး။

 

(၃)မစင်ကျင်ကြီးစားနေရတဲ့ဘပြိတ္တာမျိုး။

 

(၄)ခံတွင်းက မီးလျှံထွက်နေတဲ့ ပြိတ္တာမျိုး။

 

(၅)ကိုယ်ခန္ဓာကြီးမားပြီး ခံတွင်းက အပ်ပေါက်လောက်မျှသာ ရှိတဲ့ ပြိတ္တာမျိုး။

 

(၆)ရေအလွန်ငတ်ပြီး ဆင်းရဲဒုက္ခဖြစ်နေရှာတဲ့ ပြိတ္တာမျိုး။

 

(၇)မီးလောင်ငုတ်နှင့်တူသောကိုယ်ရှိပြီး အနံ့မကောင်းသော ပြိတ္တာမျိုး။

 

(၈)ဓားသွား ငါးမျှားချိတ်နှင့်တူသော လက်သည်းတို့ဖြင့် မိမိခန္ဓာကိုယ်ကို ကုတ်ဖဲ့စားသောက်ရသော ပြိတ္တာမျိုး။

 

(၉)တောင်ပမာဏကိုယ်ခန္ဓာကြီးမားသော ပြိတ္တာမျိုး။

 

(၁၀)စပါးကြီးမြွေနှင့်တူသော ပြိတ္တာမျိုး။

 

(၁၁)ဆင်းရဲတစ်လှည့် ချမ်းသာတစ်လှည့်ခံစားရသော ပြိတ္တာမျိုး။

 

(၁၂)တန်ခိုးကြီးမားသော ပြိတ္တာမျိုး ဖြစ်တယ်။

 

အသူရကာယ် ဘယ်နှစ်မျိုးရှိပါသလဲ ဘုရား”

 

အသူရကာယ်ဆိုတာ ပြိတ္တာမျိုးမို့ အချို့ကျမ်းမှာ အပါယ်လေးပါး မပြပဲ သုံးမျိုးသာပြတယ်။ အသူရကာယ်ဟာ ပြိတ္တာမျိုးဖြစ်ပေမယ့် ရိုးရိုးပြိတ္တာထက် ပိုပြီးဆင်းရဲတယ်။ အသက်တမ်းလည်းရှည်တယ်။ ဘုရားနှစ်ဆူ သုံးဆူပွင့်သွားတာတောင် ဘာမျှ မစားရမသောက်ရတဲ့ အသူရကာယ်မျိုးရှိသေးတယ်။ ဒီနေရာမှာ အသူရကာယ်အမျိုးမျိုး ပြောပြဦးမယ်။

 

မြင့်မိုရ်တောင်အောက် မြခနောက်သုံးလုံးအကြားမှာဖြစ်တဲ့ အသူရာနတ်ဆိုတာ ကြားဖူးမှာပေါ့။မဃဇာတ်မှာ မဃနှင့် သုံးကျိပ်သုံးယောက်တို့ တာဝတိံသာမှာ ဖြစ်ကြတော့ အဲဒီ အသူရာနတ်တွေက တာဝတိံသာမှာ ဦးစွာဖြစ်ကြပေမယ့် မဃတို့အဖွဲ့က သမုဒ္ဒရာတွင်းပစ်ချတာခံရလို့ သူတို့ကံအလျောက် မြင့်မိုရ်တောင်အောက်မှာ နေရာရသွားကြတယ်။ အဲဒီ အသူရာက ပြိတ္တာမျိုး

မဟုတ်ဘူး။ တာဝတိံသာနတ်မျိုးတွေ ဖြစ်ကြတယ်။

 

ပြီးတော့ ဝိနိပါတိကအသူရာဆိုတာ ရှိသေးတယ်။ ဘုမ္မဇိုးနတ်များကို မှီခိုနေရတဲ့ နတ်အငယ်စားတွေ၊ ဒုဂ္ဂတိအဟိတ်တော့မဟုတ်ဘူး။ သုဂတိအဟိတ်တွေဖြစ်တယ်။ လူတွေကို ခြောက်တတ် လှန့်တတ်တဲ့ တစ္ဆေသရဲဆိုတာ များသောအားဖြင့် အဲဒီဝိနိပါတိကအသူရာတွေပဲကွယ့်။

 

ပေတဝတ္ထုထဲက နေ့စံ ညခံရတဲ့ ပြိတ္တာမျိုးကိုလည်း အသူရာမျိုးလို့ဆိုတယ်။ လောကခေါ်တဲ့ စကြဝဠာသုံးခုတို့ရဲ့အကြား မှောင်တိုက်အတွင်း ဖြစ်ပွားနေကြတဲ့ ပြိတ္တာကိုလည်း လောကန္တရိကအသူရာလို့ ခေါ်ကြသေးတယ်။ အခုပြောခဲ့တာက အသူရကာယ်အပြားပေါ့ကွယ်။

 

ဒီပြိတ္တာအပြား အသူရကာယ်အပြားအားလုံး တစ္ဆေသရဲ မဟုတ်ကြပါဘူး။ ဒီပြိတ္တာ အသူရကာယ်တွေထဲက အချို့ခြောက်တတ် လှန့်တတ်တဲ့ပြိတ္တာ အသူရကာယ်တို့ကိုသာ တစ္ဆေသရဲလို့ ဆိုကြရတယ်။ တစ်ခါတစ်ရံ ပြိတ္တာအသူရကာယ်မဟုတ်တဲ့ ဘုမ္မဇိုးနတ်များကလည်း ခြောက်လှန့်တတ်ကြောင်း မေတ္တသုတ်နိဒါန်းနှင့် အာဋာနာဋိယသုတ် နိဒါန်းမှာ တွေ့ရတယ်ကွယ့်။

 

တကယ်တော့ ပြိတ္တာများက လူတွေကို ခြောက်လှန့်တာ နည်းပါးတယ်။ သူတို့ဘဝ ဘယ်လိုဆင်းရဲနေပြီဆိုတာ ဆွေမျိုးသားချင်းများသိဖို့ ဖြစ်တဲ့နည်းနဲ့ ပြကြရာက တစ္ဆေခြောက်တယ်ဆိုတာ ဖြစ်လာတာပါ။ မုန်းလို့ ခြောက်လှန့်တာရော မရှိဘူးလားဆိုတော့ အာဋာနာဋိယသုတ်နိဒါန်းမှာ မုန်းလို့ ခြောက်လှန့်ကြောင်း ကုဝေရနတ်မင်းရဲ့ လျှောက်ထားချက်မှာ ပါပါတယ်။

 

ဒါကြောင့် ကိုလှမြိုင်ရဲ့အမေးကို အကျဉ်းချုပ်ဖြေရလျှင် အသက် လိပ်ပြာ ဝိညာဉ်ဆိုတာ (အတ္တ)ကို ခေါ်တာဖြစ်လို့ ဘုရားရှင်ရဲ့ ဟောပြောချက် (ဒေသနာ)တွေထဲမှာ အတ္တလည်းမရှိ အသက် လိပ်ပြာ ဝိညာဉ်တွေလည်း မရှိဘူးလို့ မှတ်ပါ။ တစ္ဆေ သရဲ အစိမ်း မှင်စာဆိုတာ ဘုံသီးခြား မရှိသော်လည်း ပြိတ္တာနှင့် ဘုမ္မဇိုးနတ်အတွင်း ပါဝင်တယ်လို့ မှတ်ပါ။ တစ္ဆေသရဲဆိုတာ ပြိတ္တာအဖြစ် ဘုမ္မဇိုးနတ်အဖြစ်ဖြင့် ထင်ရှားရှိတာမို့ တစ္ဆေခြောက်ခြင်း ဖမ်းစားခြင်းမျိုးဆိုတာမျိုး ဧကန်ဖြစ်နိုင်ကြောင်း မှတ်စေချင်တယ်ကွယ့်။

 

မှန်ပါ ဝမ်းသာလှပါပြီဘုရား”

 

သာဓု ---သာဓု ---သာဓု။

 

Credit:အရှင်​​ခေမိန္ဒ တိပိဋကနိကာယ

 

______________________________________

 

᠌᠌᠌᠌᠌᠌ပုဂ္ဂိုလ်လေးမျိုး

••••••••••••••••••

 

ပုဂ္ဂိုလ်လေးမျိုးကို ပုဂ္ဂလပညတ် စတုက္ကနိဒ္ဒေသနှင့် အင်္ဂုတ္တရ စတုက္ကနိပါတ် ပုဂ္ဂလဝဂ်မှာ ဘုရားရှင်ဟောတော်မူထားတယ်။ အရေအတွက်ကတော့ -

(၁) ဥဂါ္ဃဋိတညူပုဂ္ဂိုလ်၊

(၂) ဝိပဥိ္စတညူပုဂ္ဂိုလ်၊

(၃) နေယျပုဂ္ဂိုလ်၊

(၄) ပဒပရမပုဂ္ဂိုလ်၊

 

(၁) “ဥဂါ္ဃဋိတညူပုဂ္ဂိုလ်မျိုးဟာ ရေနှင့်မထိဘဲ ရေကိုလွန်ပြီးတည်တဲ့ ကြာငုံလို ကိလေသာတည်းဟူသော ရေကိုလွန်ပြီး တည်တဲ့အတွက် ဉာဏ်ပညာအလွန်ထက်မြတ်တယ်၊ တရားတော်ကို အကျင်းနာရုံနှင့် အကျယ်ဝေဖန်ပြီး သိနိုင်စွမ်းရှိတယ်။

 

(၂) ဝိပဥိ္စတညူပုဂ္ဂိုလ်မျိုးကတော့ ရေမျက်နှာပြင်နှင့်အမျှတည်တဲ့ ကြာငုံလို ကိလေသာရေနှင့် ဉာဏ်ရောင်ဟာညီမျှနေတယ်၊ တရားတော်ကို အကျဉ်းနာရုံနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ အကျယ်နာရမှ မဂ်ဖိုလ်ရနိုင်တယ်။

 

(၃) နေယျပုဂ္ဂိုလ်ကတော့ ရေအတွင်း နစ်မြုပ်နေကြတဲ့ ကြာငုံလို ကိလေသာရေထဲမှာ နစ်မြုပ်နေတဲ့အတွက် ဉာဏ်ငုပ်နေတယ်၊ တရားအကျဉ်းနာရုံ အကျယ်နာရုံနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ တရားတော်လာအတိုင်း ဝိပဿနာအလုပ် ပြင်းပြင်းထန်ထန်လုပ်ပါမှ မဂ်ဖိုလ်ရနိုင်တယ်။

 

အရှင်ရဋ္ဌပါလ

သည်နေရာမှာ တခြားပုဂ္ဂိုလ်ကို မဆိုထားနှင့်၊ ရှင်မဟာရဋ္ဌပါလကိုပဲ သက်သေထားပြီးကြည့်တော့ ရှင်မဟာရဋ္ဌပါလဟာ လွန်ခဲ့သည့် ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ ဘုရားရှင်ရဲ့ ထံတော်မှာ နောင်အခါ ဂေါတမဘုရားလက်ထက် သဒ္ဓါပဗ္ဗဇ္ဇိတဧတဒဂ်ရ ရဟန္တာဖြစ်လိမ့်မယ်လို့ ဗျာဒိတ်တော်ရ ဘုန်းသမ္ဘာထက်ကြပ်မကွာ ပါလာခဲ့သူဖြစ်ပါလျက် နေယျပုဂ္ဂိုလ်အမျိုးအစားမို့ တရားတောကို တစ်ဆယ့်နှစ်နှစ်ကြာအောင် ပြင်းထန်စွာ အားထုတ်ပြီးမှ ရဟန္တာအဖြစ်ကို ဆိုက်ရောက်တော်မူတယ်၊ သည်အကြောင်းကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာမှာ ‘နေယျပုဂ္ဂလော ဟိ အယမာယသ္မာ တသ္မာ ပုညဝါ အဘိနီဟာရသမ္ပန္နောပိ သမနော၊ အဇ္ဇအဇ္ဇေဝ အရဟတ္တန္တိ သမဏဓမ္မံ ကရောန္တောပိ ဒွါဒသမမေဝေဿ အရဟတ္တံ ပါပုဏိ’ လို့ ဖွင့်ပြထားတယ်ကွယ့်၊ သည်အချိန်ဟာ သာသနာတော်ရဲ့ နောက်ပိုင်းရောက်လာချိန်မို့ နေယျခေတ်လို့ ဆိုရလိမ့်မယ်ကွယ့်၊ သည်ခေတ်မှာ တရားတော်ကို နာရုံ စာပေကိုကြည့်ရုံမျှနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ ရှင်မဟာရဋ္ဌပါလတို့ကို ပြင်းပြင်းထန်ထန် အလုပ်လုပ်ပါမှ မဂ်ဖိုလ်ကို ရနိုင်ခွင့်ရှိတော့တယ် ကွယ့်။

 

(၄) ပဒမရမပုဂ္ဂိုလ်ကတော့ ရေထဲမှာ ငါးလိပ်တို့ရဲ့ အစာဖြစ်ရတဲ့ ကြာငုံလို ကိလေသာအလွန်လွှမ်းအုပ်နေတဲ့အတွက် ယခုဘဝဘယ်လိုပင် တရားအားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ဘူး၊ ပါရမီမျိုးစေ့မျှလောက်သာဖြစ်တယ်။

ပုဂ္ဂိုလ်လေးမျိုးချိန်ထိုးကြည့်သော်

ဦးပဥ္စင်းလျှောက်ထားတဲ့ မူလစကားကို သည်ပုဂ္ဂိုလ်လေးမျိုးနှင့် ချိန်ထိုးကြည့်မယ်ဆိုလျှင် ဥဂါ္ဃဋိတညူ၊ ဝိပဥိ္စတညူဆိုတဲ့ ပုဂ္ဂိုလ်အမျိုးအစားကတော့ သည်ခေတ်မှာ လုံးဝမရှိတော့ဘူးကွယ့်၊ ဘာကြောင့် မရှိတော့ဘူးလို့ ပြောရတာလဲဆိုတော့ သည်ပုဂ္ဂိုလ်တွေက ပဋိသမ္ဘိဒါပတ္တ အမျိုးတွေဖြစ်ကြတယ်၊ ပဋိသမ္ဘိဒါခေတ်ဟာ သာသနာတော် အနှစ်တစ်ထောင်အတွင်းမှာသာရှိတယ်၊ သာသနာတော်ရဲ့ နောက်ပိုင်းမှာမရှိဘူး၊ ဒါကြောင့် ခုလို သာသနာတော်နောက်ပိုင်းမှာ သည်ပုဂ္ဂိုလ်တွေမရှိတော့ဘူးလို့ ပြောလိုက်ရတယ်၊ သည်ပုဂ္ဂိုလ်ကြီးနှစ်မျိုး သည်ခေတ်မှာမရှိတော့တဲ့အတွက် တရားနာရုံ တရားဆွေးနွေးရုံ စာပေကြည့်ရုံနှင့် တစ်မဂ်တစ်ဖိုလ်မရတော့ဘူးလို့ ပြောခဲ့တာပဲကွယ့်၊ သို့သော်မိမိတို့ဟာ နေယျပုဂ္ဂိုလ်မျိုးဖြစ်လျှင် တရားတော်ကိုလည်း အားထုတ်ခဲ့မယ်ဆိုလျှင် မဂ်ဖိုလ်ကို ရနိုင်ခွင့် ဧကန်ရှိနိုင်ပါတယ်၊ သည်နေယျပုဂ္ဂိုလ်မျိုးကို ရည်ရွယ်ပြီး မြေတူးလျှင် ရေရသလို ဝိပဿနာအလုပ်လုပ်လျှင် မဂ်ဖိုလ်ရနိုင်တယ်လို့ ဦးပဥ္စင်းရဲ့ ဒကာကပြောတာဖြစ်ပါလိမ့်မယ်၊ သို့သော်လည်း ပဒပရမ ပုဂ္ဂိုလ်မျိုးဖြစ်လျှင်တော့ ဘယ်လိုပင်အားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ပါဘူး။

မဂ်ဖိုလ်ကို မရပါဘူးဆိုပြီး ဝီရိယတော့ မလျှော့သင့်ကြဘူး၊ တရားအားထုတ်တယ်ဆိုတာ မဂ်ဖိုလ်ကိုပင်မရသော်လည်း စိတ်ပျံ့လွင့်မှုမရှိဘူး၊ စိတ်တည်ငြိမ်တယ်၊ သောကဗျာပါရ စသောအပူအပင်တွေ အေးငြိမ်းတယ်၊ ဒါကြောင့် ကြုံရခဲတဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် ကြုံတွေ့ရခိုက် ပြုလုပ်ရန် အင်မတန်ခက်ခဲတဲ့ ဝိပဿနာအလုပ်ကို တက်နိုင်သလောက် အားထုတ်သင့်ကြတယ်လို့ အဖြေပေးလိုက်ပါတယ်”...

 

ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေ အတွဲ(၁)မှ ဒုတိယအကြိမ် ကောက်နှုတ်ဖော်ပြလိုက်သည်။

 

Credit:Yarzar See Less

 

Comments

 

 

ရွှေအိမ်စည်

•••••••••••••

တင်နိုင်တိုး

 

မေး

••••

ရွှေအိမ်စည်ဆိုတဲ့ မင်းသမီးက ကျန်စစ်သားနဲ့ အပယ်ရတနာမိဖုရားတို့က ဖွားမြင်ခဲ့တဲ့သမီးတော်အဖြစ် ပုဂံရာဇဝင်မှာ ထင်ရှားပါတယ်။ ရွှေအိမ်စည်ဟာ အိန္ဒိယတိုင်းသား ပဋိက္ခယားမင်းသားနဲ့ ချစ်ကြိုက်ခဲ့ကြောင်းလဲ ပုုဂံရာဇဝင် ဇာတ်လမ်းတွေမှာ တွေ့ရပါတယ်။ အချို့ကတော့ ရွှေအိမ်စည်ဟာ နရပတိစည်သူမင်းရဲ့ သမီးတော်သာ ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။ မြန်မာရာဇဝင်မှာ ရွှေအိမ်စည် နှစ်ယောက်ရှိနေတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။

 

ဖြေ

•••••

တကယ်တော့ ရွှေအိမ်စည်ဆိုတဲ့ မင်းသမီးက သုံးယောက်တောင် ရှိခဲ့ဖူးပါတယ်။ ပြီးတော့လည်း မြန်မာရာဇဝင်ကျမ်းတွေမှာ ရွှေအိမ်စည်လို့ မရေးဘဲ `ရွှေအိမ်သည်´လို့သာ ရေးပါတယ်။ ရွှေအိမ်ဆိုတာက နန်းတော်ကိုခေါ်တာပါ။ ရွှေအိမ်သည်ဆိုတော့ နန်းတော်ထက်ဖွား မင်းသမီးကလေးလို့ ဆိုလိုဟန်တူပါတယ်။

 

ပထမ ရွှေအိမ်သည်က ကျန်စစ်သားမင်းနဲ့ အပယ်ရတနာမိဖုရားတို့ရဲ့ သမီးတော်ပါ။ ရှင်မတောင်သမိုင်းအရ ကျန်စစ်သား နန်းတက်ချိန်မှာ ရွှေအိမ်သည်က (၁၈)နှစ်အရွယ်ရှိပြီဖြစ်လို့ သူ့ကို ခရစ်နှစ် ၁၀၆၆-မှာ ဖွားမြင်တယ်လို့ ဆိုရမှာပါ။ ရာဇဝင်ဇာတ်လမ်းတွေအရတော့ ရွှေအိမ်သည်ဟာ အိန္ဒိယတိုင်းသားတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်။ ဒါကို ခမည်းတော် ကျန်စစ်မင်းသားမင်းကြီးသိသွားတော့ မှူးမတ်တွေနဲ့ တိုင်ပင့့့်ပြီး သမီးတော်ကို လူမျိုးခြားတွေနဲ့ မပေးစားတော့ဘဲ စောလူးမင်းရဲ့သားတော် စောယွန်းနဲ့ ထိမ်းမြားလက်ထပ်စေခဲ့တယ်။

 

ရွှေအိမ်သည်နဲ့ ခင်ပွန်းစောယွန်းတို့က ၁၇၊ ၁၊ ၁၀၉၀ ခုနှစ်မှာ သားတော် အလောင်းစည်သူမင်းကို ဖွားမြင်ပါတယ်။ အလောင်းစည်သူအပြင် စောမင်းလှဆိုတဲ့ သမီးတစ်ဦးကိုလည်း ဖွားမြင်ခဲ့ပါသေးတယ်။ ရွှေအိမ်သည်ရဲ့သမီး စောမင်းလှဟာ အိမ်တော်ဝန်လို့ ယူဆရတဲ့ အိမ်သူကြီး သမန္တသူနဲ့ လက်ထပ်ခဲ့ပါတယ်။ ရွှေအိမ်သည်ဟာ ဖခမည်းတော် ကျန်စစ်သားမင်းလက်ထက်မှာပဲ ကြိလောက စူဠာမဏိဒေဝဝီဘွဲ့ကို ပေးအပ်ချီးမြှင့်ခံရပါတယ်။

 

ပုဂံခေတ်မှာပဲ ဒုတိယ ရွှေအိမ်သည်တစ်ယောက် ပေါ်ထွန်းခဲ့ပါသေးတယ်။ အဲဒီ ရွှေအိမ်သည်က နရပတိစည်သူမင်းနဲ့ မိဖုရား စောစနေတို့က ဖွားမြင်တာပါ။ မိဖုရား စောစနေနံ့ သမီးတော်(၄)ပါး ဖွားမြင်ရာမှာ ရွှေအိမ်သည်က အကြီးသမီး ဖြစ်ပါတယ်။ ကျန်တဲ့သုံးပါးက စည်းခုံသည်၊ ကျောက်တော်သည်နဲ့ မင်းရွှေခြူတို့ပါပဲ။ ရွှေအိမ်သည်ဟာ ပုသိမ်မြို့စား နာဂသမန်းရဲ့ ဇနီးဖြစ်ပါတယ်။ ဒုတိယရွှေအိမ်သည်ဟာ ပထမရွှေအိမ်သည်ရဲ့ တီတော်စပ်သူလို့ ဆိုနိုင်ပါတယ်။

 

အင်းဝခေတ်မှာ တတိယရွှေအိမ်သည်တစ်ယောက် ပေါ်ပေါက်ခဲ့ပါသေးတယ်။ အဲဒီ ရွှေအိမ်သည်ကတော့ အင်းဝဘုရင် နရပတိ(ခရစ်နှစ် ၁၄၄၂- ၁၄၆၈)ရဲ့ သမီးတော်ပါပဲ။ နရပတိမင်းနဲ့ မိဖုရားကြီး အတုလသီရိမဟာ ရာဇဒေဝီတို့မှာ သားသမီး(၈)ဦး ထွန်းကားပါတယ်။ အကြီးဆုံးသားက အိမ်ရှေ့မင်းမဟာသီရိသူရဘသိကနေ ဘုရာဖြစ်လာတဲ့ ပြည်ခုန်*သီဟသူမင်းပါပဲ။ ဒုတိယသမီးတော်က ရွှေအိမ်သည်ပဲ ဖြစ်ပါတယ်။ ရွှေအိမ်သည်ရဲ့ ခင်ပွန်းအမည်ကို သီဟပတော့ငယ်လို့ တွေ့ရပါတယ်။ သီဟပတေ့ငယ်ဟာ မိုးညှင်း သီဟပတော့ကြီးရဲ့သားဖြစ်ပြီး ပုခန်း၊ ဗန်း*ကျီဆယ်တိုက်နဲ့ ရဲလှေဆယ်စင်းတို့ကို စားရသူလို့ ဆိုပါတယ်။

 

နရပတိရဲ့သမီး ရွှေအိမ်သည်ဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ ကွယ်လွန်သွားပုံရပါတယ်။ နရပတိမင်းကြီးဟာ ငယ်ငယ်ရွယ်ရွယ်မှာ ကွယ်လွန်သွားပုံရပါတယ်။ နရပတိမင်းကြီးဟာ ကွယ်လွန်သွားရှာတဲ့ သမီးတော်ရွှေအိမ်သည်ကို ရည်စူးပြီး ကျောင်းဆောက်လှူဒါန်းခဲ့ပါသေးတယ်။ ကျောက်စာရေးထိုး မှတ်တမ်းပြုရာမှာတော့ `အဆက်ဆက်သော သံသရာတွင် မကွာမကွေ အဆွေစစ်စစ်၊ သမီးတော်ချစ် နှင်နှင်ဖြစ်စေချင်သော´လို့ ရည်ညွှန်းထားတာ တွေ့ရပါတယ်။

 

တင်နိုင်တိုး

 

ရာဇဝင်ထဲက အငြင်းပွားစရာများ စာအုပ်မှ…။

 

______

Win Oo See Less

 

 

พวกเขาควรค่าแก่การบูชาหรือไม่? ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊

เราต้องพูดเล็กน้อยเกี่ยวกับกฎหมายเพื่อให้มนุษย์เกิดขึ้น လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊

แมลงวันวางไข่ ไข่เป็นตัวอ่อน ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊

แมลงวันมาจากตัวอ่อน လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာဟာ

แมลงวัน ผึ้ง และผีเสื้อวางไข่ลูกแรก มันเติบโตเหมือนหนอนผีเสื้อ ไวรัสกินอาหารและปิดเยื่อหุ้มเซลล์ในที่เดียว

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ဝြပီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖို၀င်တယ်၊

....

သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်၀င်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်၀င်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

อย่างไรก็ตาม พวกเขาปฏิบัติตามการใช้ไหมขัดฟัน โดยเชื่อว่ามนุษย์สามารถกลายเป็นยุง ผีเสื้อ หรือแม้แต่มนุษย์ที่ประสบความสำเร็จได้ หากพวกมันสามารถเจาะเข้าไปในตัวอ่อนได้เหมือนแมลง

ရာဇ၀င်မှာပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်၀င်သားလို့ သိရပါတယ်၊

ว่ากันว่าชายที่กินเนื้อย่างในประวัติของพระเวทเป็นสมาชิกของซอจีโฟล

 

ဟံသာ၀တီမြို့ ၀န်းကျင်ကို ကျုံးစတင်တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

ว่ากันว่าซอจีถูกพบในดิน ขณะขุดคูรอบเมืองหงสาวดี

 

ทันทีที่บริกรจากไป กษัตริย์ก็ส่งทูตไปหากษัตริย์และสั่งให้จับกุมชายคนนั้นด้วยนิ้วห้าร้อยนิ้วบนหลังของเขา

ဝိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊

ထထထထ

မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။

ฉันไม่คิดอย่างนั้น พวกเขาเป่ามนต์และบินขึ้นไปบนท้องฟ้า

ဒါကြောင့် အခုခေတ်မှာလဲ ရသေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။

ทุกวันนี้ผมก็ยังแสร้งทำเป็นพระและโกนผมของตัวเอง ในพม่า เสื้อคลุมและการปฏิบัติที่ไม่เหมาะสมมีอยู่ทุกหนทุกแห่ง

သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ဝိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနိုင်ပါတယ်၊

Iron waiter เป็นการบุกรุกเข้าไปในลูกเหล็ก วิชาดาบก็เป็นสัญลักษณ์ของความแข็งแกร่งเช่นกัน ฉันเห็นด้วย ดังนั้นจึงสามารถสังเกตได้ว่าวีซ่ามีห้าประเภท

လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊

ในโลกความงามและความสูงส่งนั้นไร้ประโยชน์

Pali-ဗာလ>ဗာလ(n) พาล

မြန်မာတွေ ပြောနေကျ စကားမှာတော့ ဝိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူတူလို့ ပြောဖို့ခက်ပါတယ်၊

ในภาษาพม่า เป็นการยากที่จะพูดว่าพวกเขาเหมือนกันหมด แม้ว่ามักใช้ร่วมกับ Vizza Zaw Gyi Tapathi

ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး

นี่คือภาพ, ผู้ที่ได้ยินและเข้มแข็งควรรู้ กล่าวอีกนัยหนึ่งทักษะที่จำเป็นสำหรับการมีแขนขาที่สมบูรณ์แบบเรียกว่า 18 ทักษะ

အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊

ทักษะเล็กๆ 64 อย่าง เรียกอีกอย่างว่าแผ่นกะลา 64 อย่างในฐานะบาหุสุตะ

နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊

มีหลายวิธีที่จะเพลิดเพลินไปกับความสุขทางราคะ

စူး၀င်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊

รักษาลูกศรคมโดยไม่เจ็บปวด

ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။

เขาเป็นคนขยันที่พยายามทำลายกิเลสที่เกิดขึ้น

ဒါကြောင့် အားလုံးကို အကျဉ်းချုပ်လိုက်ရင် ဝိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ဝိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊

ดังนั้น กล่าวโดยย่อ ผู้ที่รู้ศิลปะและวิทยาศาสตร์จึงเรียกว่านักมายากล

 

ဗျတ္တိ  /bjá ti/ Pali-ဗျတ္တိ>ဗျတ္တိ(n) သတ္တိစွမ်းအားပေါ်လွင်ထင်ရှားမှုအရည်အသွေး။

(သတ္တိ,(n)) apparent quality. (2) အစွမ်းသတ္တိထင်ရှားပေါ်လာခြင်း။ (ဗျတ္တိစွမ်းအား)

courage in action.

ထီးချိုင့်မြို့တည်တောဆရတော်

အောင်း v. /aun:/ ဦးခေါင်းပိုင်းဖြင့်အရှိန်ပြင်းစွာတိုက်သည်။ ဝင်,(v) ram into sth.

2 ထိုင်း,ငြိမ်,တန့်,မတိုးတက်,(all verbs)အခိုး၊ ရေစသည်မပျံ့မထွက်ဘဲတစ်နေရာတည်းတွင် စုဝေးတည်နေသည်။

 

ဝိဇ္ဇာဓိုရ်  /weí za̱dou/ Pali-ဝိဇ္ဇာဓရ>ဝိဇ္ဇာဓိုရ်(n)

ပြဒါး၊ သံ၊ ဆေးစသည်အစွမ်းဖြင့်အသက်ရှည်ခြင်း၊ မြေလျှိုးမိုးပျံနိုင်ခြင်းစသော တန်ခိုးများဖြင့် ပြည့်စုံသည်ဆိုသောပုဂ္ဂိုလ်။

wizard, person with supernatural powers.

၂ ဆိုင်ရာအတတ်ပညာ၌ ကျွမ်းကျင်သူ။

term for a person who is an expert in a particular branch of knowledge.

ဗီဇ /ba za/ Pali-ဗီဇ>ဗီဇ(n) မိန်းမအင်္ဂါ။ (မအင်္ဂါ) [ဖိုအင်္ဂါ] Female genitals.

(၂) ပင်ကိုစရိုက်။ (အကျင့်,စရိုက်) inherent character;trait.

(၃) မျိုးရိုး။ lineage;ancestry;geneology.

(၄) မျိုးစေ့ seed

 

การเกิด ๑. เอกชะ ๒. ทวิชะ ๓. ติชะ

အကောင် တိရစ္ဆာန်ကိုရည်ညွှန်းသောစကား။အကောင်ပလောင်,ကောင်,(all nouns)

appellation for animals.

လောက်ကောင် /laú kaun/ figurativeသဘောတူလက်ခံထားသောစည်းကမ်း၊ ကတိကိုချိုးဖောက်သူ။ စောင့်ထိန်းရမည့် စည်းကမ်းကို မလိုက်နာသူ။ ရန်သူကိုအားပေးသူ။ သစ္စာဖောက်။

(သစ္စာဖောက်,လောက်) traitor.

အမြှေး /a̱hmjei׃/ အ(အ)(part)+မြှေး(v)<မြှေးကပ်(v)

အသည်းနှလုံးစသည်၏ အပေါ်ယံအလွှာပါး။

ပိုးလောက်လန်း /pou: laú lan:/ ပိုး(n)+လောက်(n)+လန်း(n)

ခြင်ဥမှပေါက်ဖွားသောခြင်လောင်းပိုးငယ်မျိုး။ (ကျွမ်းထိုးကောင်,လောက်လန်း)mosquito larva.

/hlin (ljin)/ ว. ว่องไว,คล่องแคล่ว

อย่างฉับพลัน,โดยพลัน အစောတလျင်

รวดเร็ว,ว่องไว

เขามีท่วงท่าที่รวดเร็วว่องไว သူသွားဟန်လာဟန် လျင်မြန်တယ်

ရည်ငံ  /ji ngan/ ယောကျ်ားနှင့်မိန်းမ ချစ်ကြိုက်သည်။ (of two people) fall in love.

(၂) ပြည့်ဝကုံလုံသည်။ be abundantly endowed with; have an abundance of.

အဋ္ဌာရသအတတ် /a̱ hta ra. tha. a̱tá/ Pali-အဋ္ဌာရသ(n)+Myan-အတတ်(n)

‌ယောကျ်ားတို့တတ်အပ်သော ၁၈ ရပ်သောအတတ်။

ဥပမာ-မင်းသားတို့သည်သဒ္ဒါ၊ သင်္ချာ၊ ယောဂါ၊ နီတိ၊ ဝိသောသိက...မန္တနာ၊ ယုဒ္ဓါ၊ ဆန္ဒသာဟူသည့် အဋ္ဌာရသအတတ်ပညာ (၁၈)ပါးတို့ကို တတ်ကျွမ်းအပ်၏။

ทักษะลูกผู้ชายสิบแปดประการ เช่น ยิงธนู ดนตรี โหราศาสตร์ ไวยากรณ์ คณิตศาสตร์ ฯลฯ (ในสมัยโบราณ)

 

Comments

Popular posts from this blog

အိမ်ခန်းငှါးမယ်။ ห้องนี้ให้เช่า

ห้ามสูบุหรี่ในภาษาพม่า

ขยะในมือท่านลงถังเถอะ แบบพม่า