မာဂဏ္ဍီမိဖုရား၏ လက်ငင်း ဝဋ်ကြွေး

 မာဂဏ္ဍီမိဖုရား၏ လက်ငင်း ဝဋ်ကြွေး



မာဂဏ္ဍီသည် အတိတ်ဘဝကုသိုလ်ကြောင့် အလွန်လှပသည်။ အလှကြောင့် မာန်တက်သည်။ သာမန်ပုဂ္ဂိုလ်ဆိုလျှင် မိမိနှင့်မတန်ဟု အထင်ရောက်ခဲ့သည်။

မိဘတို့က ဘုရားရှင်နှင့်ပေးစားရန် ကြံစည်ပြီး ဘုရားရှင်နှင့်တွေ့ပေးခဲ့သည်။ ဘုရားရှင်က-

“ငါဘုရားသည် တဏှာ၊ အရတိ၊ ရဂါဟူသော နတ်သမီးသုံးယောက်လာ၍ ဖြားယောင်းသော်လည်း ကာမဂုဏ်ကိစ္စ အလိုဆန္ဒ မရှိ။

ဖြား(v)+ယုယ(n)>ယောင်း mislead; decevie; seduce. ทำให้เข้าใจผิด; หลอกลวง; เกลี้ยกล่อม. မိမိအလိုသို့လိုက်ပါအောင် လှည့်ပတ်ဆွဲဆောင်သည်။ သွေးဆောင်သည်။ )

ကျင်ကြီးကျင်ငယ်နှင့် ပြည့်စုံနေသော သင်၏သမီးကိုမြင်ရ၍ အဘယ်မှာ ကာမဂုဏ်ဆန္ဒ ဖြစ်ပါအံ့နည်း။ သင်၏သမီးကို ခြေဖြင့်သော်လည်းထိခြင်းငှာ အလိုမရှိ။”

ဟု မိန့်ကြားခဲ့သောစကားကို ကြားရသဖြင့် ဘုရားရှင်အပေါ်၌ အလွန်နာကျည်းနေခဲ့သည်။ ထို့ကြောင့် ဘုရားရှင်နှင့် ဘုရားရှင်ကို ကိုးကွယ်သူမှန်သမျှကို ရန်သူဟူ၍ သတ်မှတ်ထားလေသည်။

သာမာဝတီမိဖုရားကို မင်းကြီးက အချစ်ပိုမြတ်နိုးခဲ့သည်ကို မနာလိုဝန်တိုမှုများ

သာမာဝတီအပေါ်၌ ထားခဲ့သည်။ မိမိ၏ရန်သူဖြစ်သောဘုရားရှင်ကို ကိုးကွယ်နေ၍ ပို၍ပင် မကျေမနပ် မနှစ်သက် ဖြစ်နေမိသည်။

ထို့ကြောင့် ဘုရားရှင်နှင့် သာမာဝတီမိဖုရားအပေါ်၌ အမြဲ အကောက်ကြံခဲ့သည်။ ကုသိုလ် တစ်စုံတစ်ရာ မပြုသည့်ပြင် အာဃာတတရားသာအမြဲမွေးနေခဲ့သည်။

အတိတ်ဘဝ ကုသိုလ်ကောင်းမှုကြောင့် ရရှိခံစားလာခဲ့ရသော အလှ၏ပြည့်စုံမှု၊ မိဖုရားဖြစ်မှု၊ စည်းစိမ်ဥစ္စာပြည့်စုံမှုတို့ကို ခိုင်မြဲသထက်ခိုင်မြဲအောင် ကုသိုလ်ကောင်းမှုကို မပြုရုံသာမက မပြစ်မှားထိုက်သော

အရိယာသူတော်စင် သာမာဝတီနှင့် မောင်းမငါးရာတို့အပေါ် ကောက်ကျစ်စဉ်းလဲကာ ဥတေနမင်းကြီး ဥယျာဉ်တော်သို့ ထွက်နေစဉ် ဘထွေးတော်ကို ခေါ်ယူပြီး သာမာဝတီတို့၏ အဆောင်ကို ဆီဆွတ်ကာမီးရှို့သတ်စေလေသည်။

ဥယျာဉ်တော်သို့ သွားနေသော ဥတေနမင်းကြီးသည် သာမာဝတီနန်းပြာသာဒ်ကို မီးလောင်သည်ဟု သတင်းရလျှင်ရချင်း လျင်မြန်စွာ ပြန်လာခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ ဥတေနမင်းကြီးသည် အလွန် စိတ်မကောင်းစွာ ဖြစ်လျက် ပူဆွေးသောက ရောက်ခဲ့ရလေသည်။ သာမာဝတီမိဖုရား၏ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့တမ်းတလျက်နေလေသည်။

“ဤအမှုကို မချွတ်ဧကန် မာဂဏ္ဍီပင် ပြုပေလိမ့်မည်” ဟု စဉ်းစားမိပြီး ခြိမ်းခြောက်၍ မေးသော် မပြောမဆိုဘဲ နေလိမ့်မည်ဟု စဉ်းစားတွေးခေါ်မိပြီး-

“ငါသည် ရှေးက သာမာဝတီကို ကြောက်ရွံ့တုန်လှုပ်လျက် သံသယကြီးစွာဖြင့် သတိနှင့်နေခဲ့ရသည်။ သာမာဝတီသည် ငါ့ကိုဖျက်ဆီးရန် အမြဲကြံစည်နေခဲ့သည်။ ယခုအခါ ငါသည် စိတ်အေးရလေပြီ။ကောင်းစွာ အိပ်ရခြင်း၊ နေရခြင်း၊ စားရခြင်းတို့ကို ရပေပြီ။ ဤအမှုကို ဘယ်သူပြုပေးသနည်း။ ငါ့ကိုချစ်သူ ငါ၏အကျိုးကို လိုလားသူ တစ်စုံတစ်ယောက်က ပြုတာဖြစ်လိမ့်မည်” ဟု ပြောဆိုလေသည်။

ထိုအခါ မာဂဏ္ဍီမိဖုရားက အားရဝမ်းသာစွာဖြင့်-

“ဤအမှုကို မိမိသည်ပင် ဘထွေးတော်ကို ခေါ်ယူစီမံပြီး ပြုသည်” ဟု တင်လျှောက်လေသည်။

“ချစ်နှမ...သင်မှတစ်ပါး ငါ့အားချစ်ခင်စုံမက်သူ မရှိ။ ငါသည်ပင် သင့်ကို အလွန် စုံမက်မြတ်နိုးသည် ဖြစ်၍ ဆုလာဘ်များစွာ ပေးသနားအံ့။

ဆွေမျိုးအပေါင်းအား ခေါ်စေလော့” ဟု မိန့်တော်မူလေသည်။

မာဂဏ္ဍီသည် ဆွေမျိုးများစွာကို မင်းကြီးက ဆုလာဘ်ပေးမည်ဟု ပြောကြားကာ အကုန်ခေါ်စေသည်။ ထိုအခါ မာဂဏ္ဍီ၏ ဆွေမျိုး မတော်သူများကလည်း ဆုလာဘ်ကို ရလို၍ တံစိုးလက်ဆောင်ပေးကာ မာဂဏ္ဍီ၏ ဆွေမျိုးများဟု ပြောဆို၍ လာကြကုန်သည်။

မင်းကြီးသည် မာဂဏ္ဍီ၏ဆွေမျိုးများ ရောက်လာသောအခါ ဆုလာဘ်များ ပေးသနား ချီးမြှောက်၍ နန်းတော်တွင် ခေတ္တထားလေသည်။

ဥတေနမင်းကြီးသည် ထိုအလုံးစုံသောသူတို့ကို ဖမ်းဆီး၍ ရင်ပြင်၌ ချက်တိုင်ပမာဏရှိသော နက်သောတွင်းတို့ကို တူးစေပြီး ထိုသူတို့ကို တွင်းထဲသို့ ဆင်းစေ၍ နေစေပြီးလျှင် မြေမှုန့်တို့ဖြင့် ဖို့၏။ အထက်၌ ကောက်ရိုးတို့ဖြင့် ကြဲစေပြီးသော် မီးဖြင့် တိုက်စေ၏။

အရေစုတ်ပြက်သောကာလ၌ သံထွန်သွားဖြင့် ထွန်စေ၍ အပိုင်းပိုင်းအမျှင်မျှင်ကိုပြုစေ၏။ မာဂဏ္ဍီ၏ကိုယ်မှ အသားကို ဓားဖြင့်လှီးဖြတ်ယူပြီး

အိုးကင်းသို့ထည့်၍ မုန့်ကဲ့သို့ ချက်ကြော်ပြီးသော် ထိုမာဂဏ္ဍီကိုပင် စားစေသည်။


ဤကား မာဂဏ္ဍီမိဖုရား၏ သာမာဝတီမိဖုရားအပေါ် မကောင်းကြံ မီးတိုက်ခဲ့သော အကုသိုလ်ဝဋ်

ကြွေးကို ချက်ချင်းပေးဆပ်ရခြင်း ဖြစ်လေသည်။ ။


-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】

-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ (ဓမ္မစရိယ၊ ဘီ-အေ)】

Posted by►

www.facebook.com/youngbuddhistassociation.mm

Comments

Popular posts from this blog

အိမ်ခန်းငှါးမယ်။ ห้องนี้ให้เช่า

ห้ามสูบุหรี่ในภาษาพม่า

ขยะในมือท่านลงถังเถอะ แบบพม่า