မဒီ - ဒဏ္ဍာရီ

 အလင်းပျောက်ချိန်အမီ ကြယ်လေးများထွက်လာကာ

လောကကိုအမှောင်ထုဖုံးမသွားခင်မှာ

ကြယ်အလင်းတွေ ဖြန်းပက်တဲ့အခါ

လောကဟာ တစ်ဖန်ပြန်ပြီးတစ်ခေါက်အသက်ဝင်လာ

ငါ့ရဲ့ဝိဥာဥ်ငယ် ငိုကြွေးလို့ရှိက်ချိန်မှာ

အလင်းတစ်ခုလို အမှော်ကိုခွင်းရောက်လာကာ

ဒဏ်ရာများစွာ မင်းဆေးကြောကာ

ငါ့ရဲ့ဝိဥာဥ်ငယ် ပြန်ပြီးတစ်ခေါက်အသက်ဝင်လာ

ထူးဆန်းတဲ့မင်းမျက်ဝန်တစ်စုံ

အတိတ်ဘဝမှာဆုံခဲ့ဖူးသလား

အဝေးကလာတဲ့ ခေါင်းလောင်းထိုးသံ

ရှေးဘုရားကျောင်းက ခေါ်သံလား

အရှေ့အရပ်မှာနေတဲ့ တောင်တန်းများနောက်ဆီက

အလင်းပျိုးလာတဲ့ အရုဏ်ဦးကောင်းကင်ရေ

ကြယ်လေးတွေ မှေးစက်တဲ့အခါ

ကျေးငှက်တွေစုံညီ ပျံဝဲလို့မြူးပျော်ကြ

နေ့ရဲ့မိုးတိမ်တွေထဲ မျောလွင့်ပျံသန်း

အသက်မဲ့တဲ့ကမ္ဘာမြေ နိုးထလှုပ်ရှား

ရေတံခွန်များအပေါ်သက်တံတစ်ခုအလား

တို့ရဲ့နေ့တွေထဲရှိမယ့် အလှတရား

စူးရှတဲ့မင်းမျက်ဝန်းတစ်စုံ

အတိတ်ဘဝမှာ ဆုံခဲ့ဖူးသလား

အဝေးကလားတဲ့ ခေါင်းလောင်းထိုးသံ

ရှေးဘုရားကျောင်းက ခေါ်သံသား

........

အနောက်အရပ်မှာဝင်တဲ့ နေမင်းကြီးရဲ့အလှ

မင်းရဲ့ရင်ခွင်မှာ ခိုလှုံရင်းငေးနေခိုက်

ရွှေရောင်အလင်းတွေ ဖြန်းပက်တဲ့အခါ

လောကဟာ တစ်ဖန်ပြန်ပြီးတစ်ခေါက်အသက်ဝင်လာ

နက္ခတ်စုံတဲ့ မိုးထက်ယံ 

နေနဲ့လရယ် ကြယ်တွေဝန်းရံ

အဝေးကလာတဲ့ ခေါင်းလောင်းထိုးသံ

အရှေ့နတ်ဘုရားတို့ ပျော်မြူး

အရှေ့နတ်ဘုရားတို့ ပျော်မြူး

အရှေ့နတ်ဘုရားတို့ ပျော်မြူး

အရှေ့နတ်ဘုရားတို့ ပျော်မြူး

အရှေ့နတ်ဘုရားတို့ ပျော်မြူး

အရှေ့နတ်ဘုရားတို့ ပျော်မြူး

https://youtu.be/ndbKJxCn9EQ


Comments

  1. စူးရှ /su: sha./ ချွန်ထက်သောအရာထိုးဖောက်ဝင်ရောက်သည်။ စူး,စိုက်ဝင်,စိုက်(all verbs) feel a prickly sensation;be pierced;be pricked.รู้สึกเสียวซ่าน ถูกแทง ถูกแทง (၂) ပြင်းသည်။ ထက်မြက်သည်။ စူးရှသောအသံကြီးဖြင့်...အမိန့်ပေးခြင်းမျိုး။ စူးဝါး(v) (of voice)be sharp or shrill;(of taste,smell,etc)be sharp, pungent. (၃) အလင်းရောင်ထိခိုက်၍မျက်စိကျိန်းစပ်သည်။ ကျိန်း,ကျိန်းစပ်(all verbs) be hard (on the eye);(of light or colour)be glaring. (၄) figurative ထက်မြက်သည်။ (of command) be effective.

    ReplyDelete
  2. မျက်ဝန်း /mjé wun:/မျက်(n)+အဝန်း>ဝန်း(n) မျက်စိအဝန်းအဝိုင်း။ iris. ม่านตา

    ReplyDelete
  3. အလင်းပျောက်ချိန်အမီ ကြယ်လေးများထွက်လာကာ
    လောကကိုအမှောင်ထုဖုံးမသွားခင်မှာ
    ကြယ်အလင်းတွေ ဖြန်းပက်တဲ့အခါ
    လောကဟာ တစ်ဖန်ပြန်ပြီးတစ်ခေါက်အသက်ဝင်လာ
    ดวงดาวออกมาก่อนแสงสว่างดับ
    ก่อนที่ความมืดจะปกคลุมโลก
    แสงสว่างของดวงดาวก็กระจายไปทั่ว
    โลกกลับมามีชีวิตอีกครั้ง

    ReplyDelete
  4. ရှိုက် ก. สูด (อย่างแรง)
    สูดลมหายใจ အသက်ရှူရှိုက်တယ်
    อัดบุหรี่ ဆေးလိပ်ရှူရှိုက်တယ်
    คนซูบผอม (เช่นเป็นวัณโรค) ရှူနာရှိုက်ကုန်း
    ร้องไห้สะอื้น ရှိုက်ရှိုက်ပြီးငိုတယ်
    ร้องไห้สะอึกสะอื้น ရှိုက်ကြီးငင်းကြီး ငိုနေတယ်

    ReplyDelete

Post a Comment

Popular posts from this blog

အိမ်ခန်းငှါးမယ်။ ห้องนี้ให้เช่า

ห้ามสูบุหรี่ในภาษาพม่า

ขยะในมือท่านลงถังเถอะ แบบพม่า