ဥပါဒါန်ကြောင့် ဥပဒ်ရောက်
ဥပါဒါန်ကြောင့် ဥပဒ်ရောက်
Prejudice leads to trouble
อคตินำไปสู่ปัญหา
တစ်ခါက ရွာတစ်ရွာတွင် “ငပု”ဟု အမည်ရသော လူတစ်ယောက်ရှိ၏။
Once upon a time in a village, there was a man named Nga Pu.
သူကား အလွန်ရိုးသားသူ ဖြစ်၏။
He was a very simple man.
ให้สังเกตการใช้ ကား เมื่อพูดถึงประธานนั้นในประโยคที่สอง
သူ၏နေ့စဉ်အလုပ်မှာ ထင်းခွေရသည်။
His daily chore was to collect (ထင်းခွေ) the fire-wood.
ဟေ့ ငပု ဒီနေ့ ငါ့အတွက်ထင်းတစ်စည်းလောက်
Hey! Nga Pu. A bundle of fire-wood for me.
စိတ်ချ ခုတ်လာမယ်
Yes, sir, I'll cut for you.
အကြော်က ရောင်းကောင်းတော့ ထင်းတောင် မလောက်ပါဘူးအေ
The fried snack is popular. So I don't have enough fire-wood.
สังเกต တော့ กับ So ประโยคหน้าพม่า ประโยคหลังอังกฤษ
“ငပု”ရေ ငါ့အတွက်လည်းထင်းတစ်စည်းလောက်
Nga Pu, a bundle of fire-wood for me.
ဟုတ်ကဲ့ အရီးမှုန်
Yes, aunty Hmon. (အရီး)
ဒီနေ့ ထင်းမှာတဲ့သူအတော်များတယ်
Today, many people ask me for firewood.
များများရအောင်ကြိုးစားခုတ်မှ
I must cut more fire-wood.
“ငပု’ လည်း ထင်းခုတ်ရန်အတွက် ထွက်လာရာ တောစပ်အရောက်မှာပင် ဗိုက်က နာလာသည်။
When Nga Pu went into the forest to cut the fire-wood, at the edge of the forest he suffered stomachache.
အီး..
Ee!
ခြုံကြားထဲဝင်ပြီး အလေးစွန့်မှ
I must exude my waste in the bush.
အရေးထဲမှ ဗိုက်က နာရသလားကွယ်
My stomach occurs such a situation.
ထိုအခိုက်မှာပင်
At that time...
ခြုံကြားမှာ ဖွတ်တစ်ကောင် ပြေးဝင်လာသည်ကို “ငပု” မြင်လိုက်ရ၏။
Nga Pu saw an iguana rushing into the bush.
ထိုဖွတ်က “ငပု”၏ စအိုဝကို ပွတ်တိုက်ပြီး တွင်းထဲဝင်သွား၏။
This iguana touched to (ပွတ်တိုက်) the anus of Nga Pu and entered into the hole.
သို့သော်
But
ဖွတ်က တွင်းထဲဝင်သွားသည်ကို “ငပု” မမြင်။
Nga Pu did not see the iguana entered into the hole.
စအိုဝကို ပွတ်တိုက်သွားသည်ကိုသာ မြင်သည်။
He saw only it touched to his anus.
ဟောဗျာ...ဖွတ်က...ဘယ်ရောက်သွားတာလဲ
Huh! Where is the iguana?
ခုနတုန်းက ငါကိုယ်တိုင် မြင်လိုက်ရတာပါ
I saw it recently. (ခုနတုန်းက)
ငါ့စအိုဝကို ထိပြီးမှ ပျောက်သွားတယ်ဆိုတော့
It disappears after he has touched my anus.
မဟုတ်မှလွဲရော
It will be none other than.
จะต้องไม่เป็นอย่างอื่น .. นอกจาก
အဲဒီ ဖွတ်ကြီးငါ့ဗိုက်ထဲ ဝင်သွားပြီ ထင်တယ် အမလေး
It will enter intomy stomach. Oh! My!
ငါ့ရဲ့အသည်းနှလုံးကိုစားချင်လို့ဝင်သွားတာ ဖြစ်မယ်
Possibly, it enter into my womb to eat my heart and liver.
มันอาจจะเข้าไปในครรภ์ของฉันเพื่อกินหัวใจและตับของฉัน
ငါတော့ ကိုယ်ကျိုးနည်းပါပြီ
I'll be in trouble.
ထင်းလည်းခုတ်ချင်တော့ပါဘူးလေ
I don't want to cut the firewood.
ပြန်တာ ကောင်းတယ်
It will be better to go back.
มันจะดีกว่าที่จะกลับไป
'ငပု' လည်း စိတ်ပျက်သဖြင့် ထိုနေ့အဖို့ ထင်းမခုတ်ဘဲ ပြန်လာခဲ့သည်။
As he was disapppointed, he went back without cutting any firewood.
အိမ်ပြန်ရောက်သည့်တိုင် မအိပ်နိုင် မစားနိုင်ဖြစ်ကာ တမှိုင်မှိုင်တတွေတွေ ဖြစ်ရလေသည်။
When he had been home, he could not eat and sleep well and moping.
ငါတော့ သေရတော့မယ်ထင်ပါရဲ့လေ
I think I'll be dead.
ထိုအကြောင်း ရွာသားများသိရသောအခါ “ငပု”အတွက် စိတ်မကောင်းဖြစ်ကြရ၏။
When the other villagers knew about it they also felt sorry for him.
ဒါမဖြစ်နိုင်ဘူး
That must not be possible.
ဖွတ်က သူ့ဗိုက်ထဲဝင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
How can an iguana enters into his womb?
อีกัวน่าเข้าสู่ครรภ์ได้อย่างไร?
သူ့စိတ်ထဲ အလိုလိုထင်နေတာပါ
He thinks it is real.
အဲဒီလို အထင်မှားတဲ့စိတ်က သူ့ကိုပြန်ပြီး နှိပ်စက်နေတာပေါ့
This misconcept tortures him.ความเข้าใจผิดนี้ทรมานเขา
ငါတို့ သွားပြီး အားပေးရအောင်
Let's go and encourage him.
ဟဲ့ 'ငပု' ထပါဦးကွာ
Heh! Nga Pu, rise up.
မင်းဗိုက်ထဲမှာ ဘာမှမရှိပါဘူးကွား စိတ်အေးအေး ထားစမ်းပါ
Don't worry, there is nothing in your womb.
ရှိတယ်ဗျ ရှိတယ်
It is really in my womb.
ဖွတ်က ကျုပ်ရဲ့အူတွေကို စားနေပြီ
Now, the iguana is eating my intestines.
အောင်မလေးဗျာ ကိုက်တယ်ဗျ..
Oh! My! It's biting.
နာလိုက်တာ..
It's painful.
ရွာလူကြီးများက မည်မျှပင် ဆုံးမစေကာမူ “ငပု”က နားမဝင်ပေ။
The village-elders, however, explained him, but it was in vain.
ထို့ပြောလည်းမရဘူးဟ
We can't explain him.
အာမလေးဗျာ....
Oh! My!
တယ်ကြောက်စရာကောင်းတဲ့ အစွဲအလန်းကြီးပါလားနော်
How terrible is the prejudice!
อคติจะน่ากลัวขนาดไหน!
ငါ့ဗိုက်ကြီး ပိုဖောင်း လာသလိုပဲ
My womb seems inflating.
มดลูกของฉันดูเหมือนพอง
ဇွတ်မကြီးက ငါ့ဗိုက်ထဲမှာ ကလေးတွေ အများကြီး မွေးပြီ ထင်ပါရဲ့
Possibly the female iguana bears so many offsprings.
ထိုအစွဲအလန်းကြောင့် “ငပု”လည်း အသားအရေဖျော့တော့ အားအင်ဆုတ်ယုတ်လာပြီး
တစ်ကိုယ်လုံး ပိန်ချုံးကာ ဝေဒနာပိုဆိုးလာသည်။
Because of this misconception, Nga Pu became lean and weakened.
ငါ သေရတော့မယ်
I'm going to be dead.
ငါ သေရတော့မယ်
I'm going to be dead.
သူ့အဖြစ်က သနားစရာကောင်းလှတယ်
What he has suffered is very pitiful.
สิ่งที่เขาประสบนั้นช่างน่าสมเพชยิ่งนัก
ဆေးကုပေးရမယ်ဗျ
We must cure him.
ကံကောင်းထောက်မစွာဖြင့် ထိုရွာသို့ ဆေးဆရာကြီး ဦးပေသီး ရောက်လာသည်။
Luckly the great physician arrived to this village.
โชคดีที่แพทย์ผู้ยิ่งใหญ่มาถึงหมู่บ้านนี้
ကယ်ပါဦး ဆရာရယ်၊ ကျုပ်သူငယ်ချင်း နေမကောင်းဖြစ်နေလို့ပါ
Help us great physician, ourfriend has been suffering thedisease.
အကြောင်းစုံသိရသောအခါ ဆေးဆရာကြီးက စဉ်းစား၏။
When the great physician thoroughly knew about it, he pondered over it.
အင်း သူ့ရောဂါကစိတ္တဇ ရောဂါ
Em! His disease is psychological.
စိတ်ကြောင့်ဖြစ်တဲ့ရောဂါကိုစိတ်နဲ့သာ ပြန်ကုသနိုင်တယ်
I can cure him with psychologically for his psychological disease.
ฉันสามารถรักษาเขาด้วยโรคทางจิตได้
ကဲ ကဲ ဘာမှမပူပါနဲ့ ငါ့တူရယ်၊ မင့်ဗိုက်ထဲက ဖွတ်ကို ဆရာရအောင် ထုတ်ပေးပါ့မယ်
Well, my man. Don't worry. I'll take out the iguana in your womb.
တကယ်လား ဆရာ
Is it really, sir?
ဝမ်းသာလိုက်တာဗျာ
I'm very happy to hear that.
ထိုသို့ အားပေးစကား ပြောကြားပြီးနောက် ဆေးဆရာကြီးလည်း ရွာမှထွက်လာပြီးလျှင်
တောသို့ဝင်၏။
After the great physician encouraged him, he got out of the village and went into
the forest.
ဪ လူတွေ လူတွေ စွဲလန်းမှုကြောင့် ဘေးတွေ့နေရပါတကား
Oh! Humans are suffering with the misconception and prejudice.
ဆေးဆရာကြီးက ဖွတ်တစ်ကောင်ကို ရအောင် ဖမ်းယူနိုင်ခဲ့သည်။
The great physician caught an iguana.
မပြေးနဲ့ လာခဲ့
Don't run away! Come on.
ပြီးနောက် အိတ်ထဲထည့်ကာ ပြန်လာခဲ့သည်။
Then he put it into his bag and went back.
ရပြီ
I got it.
ကဲ ကဲ ငါ ဆေးကုတော့မယ်
Well, I'm going to cure you.
ဘေးပတ်ပတ်လည်ကို စောင်တွေနဲ့ ကာရံထားကြ၊ ပြီးရင် အားလုံး အပြင်ထွက်
Make partition with the blanket and all must get out.
စောင်အတွင်း၌ ဦးပေသီးနှင့် ‘ငပု’ နှစ်ယောက်သာ ကျန်သည်။
Within partition, only physician U Pay Thi and Nga Pu remained.
ဦးပေသီးက “ငပု”၏ စအိုဝကို လက်ဖြင့်နှိုက်၍ မွှေနှောက်သည်။
Physician U Pay Thi thrusted his fingers into the anus of Nga Pu.
ပြီးနောက်
Then
ဖွတ်ကိုယူပြီး လွှတ်လိုက်၏။
He released the iguana.
ထိုဖွတ် အနီးမှ ဖြတ်ပြေးသွားသည်ကို “ငပု’ မြင်လိုက်ရသည်။
Nga Pu saw an iguana ran away.
ဟော..
Huh!
ကဲ လူလေးရေ မင်းရဲ့ဗိုက်ထဲကဖွတ်ကို ဆရာအပြင်ထုတ်လိုက်ပါပြီ
Boy! I've got the iguana. out of your womb.
ဝမ်းသာလိုက်တာ ဆရာရယ်၊ ကျွန်တော် ဘာမှမဖြစ်တော့ဘူးဗျ သက်သာသွားပြီ
I'm very glad and I'm relieved now.
ရှိကြီးခိုးပါရဲ့ ဆရာရယ်
I worship you.
ရပါတယ် လူလေးရယ်
Don't mention about it.
“ငပု”လည်း ကျေးဇူးတင်လွန်းလှသဖြင့် ဆရာကြီးအား အကြိမ်ကြိမ် ရှိခိုးလေတော့သည်။
Nga Pu, as he was overjoyed, he worshipped the physician several times.
ဆေးကုကိစ္စပြီးပြီဖြစ်၍ ဆရာကြီးလည်း ပြန်ကြွသွားလေပြီ။
After the physician had cured, he went back.
ဆရာကြီး ကျန်းမာချမ်းသာပါစေဗျာ
May the physician be healthy and wealthy.
ငါ ကွ... ဟား ..ဟား..
Now, It's me.
ရောဂါပျောက်ပြီကွ
I've cured.
သူ့ရဲ့ဆေးနည်းလျှို့ဝှက်ချက်ကိုဘယ်သူ့မှပြန်မပြောကြနဲ့
Don't tell him abouthis secret curing method.
ဒီအတိုင်း ပျော်ပါစေလေ
Let him happy like that.
အင်း ဒီကောင့်ရဲ့ စိတ်စွဲလန်းမှုရောဂါ ပျောက်သွားတာ ဝမ်းသာသကွာ
Em! We are glad to find that his prejudice is disappeared.
ရောက်ရက်များတွင် ရွာထဲမှ လူနာအချို့၏သည်းညူသံကို 'ငပု' ကြားမိလေတိုင်း
Next days , Nga Pu heard some moaning sound of the patient.
အီး ဟီး ဟီး ချမ်းတယ်ကွယ်
Hee! Hee! I'm freezy now.
ဟော ..
Huh!
သတိထားမှပေါ့ အဖေရယ် ဘေးမှာသား ရှိပါတယ်
Be careful father, I'm beside you.
သိပ်လည်း ညည်းမနေပါနဲ့ဗျာ၊ ခင်ဗျားတို့ ခံရတယ်ဆိုတာ ကျုပ်လောက် မဆိုးပါဘူး
Don't be moaning like that. Your disease is not bad as I've suffered.
อย่าบ่นแบบนั้น โรคของคุณก็ไม่เลวร้ายอย่างที่ฉันเป็น
အေး မင်းက ဖင်ခေါင်းကျယ်တာကိုးကွ
Because your anus is too wide.
เพราะทวารหนักของคุณกว้างเกินไป
ထိုသို့ စကားကြီးစကားကျယ် ပြောတတ်သောသူများကိုလည်း ဖင်ခေါင်းကျယ်သူများဟု
ပြောတတ်ကြသေး၏။
Those who used to talk haughtily is said like that.
คนที่เคยพูดเย่อหยิ่งพูดอย่างนั้น
“ငပု”လည်း ပြန်လည်ကျန်းမာလာပြီဖြစ်၍ ထင်းပြန်ခုတ်လေပြီ။
As Nga Pu was healthy now, he resumed his work as firewood cutter.
သို့သော် ထိုတောထဲတွင် ဘယ်သောအခါမျှ မစင်မစွန့်တော့ပေ။
But he dared not exude his waste in the forest.
ဖွတ်ဝင်မှာကြောက်လို့
Lest the iguana should enter into my womb.
ဟေ့ မင်းတို့လည်း အယူမသီးကြနဲ့၊ အယူသီးရင် “ငပု’လို ဖြစ်လိမ့်မယ်
Hey! Don't be a superstitious person or you'll be like Nga Pu,
เฮ้! อย่าเป็นคนเชื่อโชคลาง มิฉะนั้น คุณจะเป็นเหมือนงาปู
“ဥပါဒါန်ကြောင့် ဥပဒ်ရောက်’ ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား
There's a saying that "Prejudice leads the way to trouble".
ဘယ်အရာကိုမဆို အမှန်အတိုင်း
သိမြင်လာအောင် လေ့လာစူးစမ်း
လိုစိတ် ရှိကြရမယ်
You must observe and examine
reasonabaly to anything.

ခိုင်း ก. วาน,ว่าจ้าง,สั่ง(ใช้ให้ทำ)
ReplyDeleteအမှုကိစ္စတစ်ခုခုကို လုပ်ဆောင်ရန် ညွှန်ကြားသည်။ အလုပ်လုပ်စေသည်။
คำเหมือน ခိုင်းစေ,စေခိုင်း,စေတာဝန်ပေး,(all verbs)
(2) ယှဉ်နှိုင်းသည်။ ခိုင်းနှိုင်းသည်။ คำเหมือน တု,ယှဉ်, နှိုင်းယှဉ်,(all verbs)
เปรียบเทียบ ยกตัวอย่าง
วานให้เรียก ခေါ်ခိုင်း
วานซื้อโต๊ะ စားပွဲအဝယ်ခိုင်း
ผู้ว่าจ้าง ခိုင်းစေသူ
วานจ่ายตลาด ဈေးဝယ်ခိုင်း
วานเขาซื้อ သူ့ကိုအဝယ်ခိုင်း
นายจ้าง အလုပ်ခိုင်းသူ
งานที่จ้าง ခိုင်းတဲ့အလုပ်
วัวใช้งาน ခိုင်းနွား
สั่งให้ดื่มยา ဆေးသောက်ခိုင်း
จะสั่งซื้อให้ใคร ဘယ်သူ့ကို ဝယ်ခိုင်းမလဲ
สั่งเขาให้มา သူ့ကို အလာခိုင်းတယ်
แม่สั่งให้อาบน้ำ အမေ ရေးချိုးခိုင်းတယ်
พาเขาไปเพื่อใช้งานหนึ่งเดือน သူ့ကို တလခိုင်းဖို့ ခေါ်သွားတယ်
ครูสั่งให้นักเรียกอ่านหนังสือ ဆရာ ကျောင်းသားကို စာဖတ်ခိုင်းတယ်
ခိုင်း ก. ผิน
ကျောခိုင်း ผินหลัง (เช่น ทิ้งไปไม่เหลียวแล , ตายจาก)
ผินหลังให้ နောက်ခိုင်း
ခုတ် ก. ฟัน , ตัด,โค่น
ตัดหญ้า မြက်ပင်ခုတ်
โค่นต้นไม้ သစ်ပင်ခုတ်
ตัดเป็นชิ้น ခုတ်ပိုင်း
ตัดให้ขาด ခုတ်ဖြတ်
ขับเคลื่อน,วิ่ง ခုတ်မောင်း
ขับเคลื่อนด้วยไอน้ำ ရေနွေးငွေ့ဖြင့် ခုတ်မောင်းတယ်
အရီ /aji:/ ဦးရီး၏မယား။ (အချို့ဒေသတွင်ဦးရီးကိုခေါ်သောအခေါ်အဝေါ်)
คำเหมือน အဒေါ်,ဒေါ်ကြီး,(all nouns)
kinship term for paternal aunt and also for an uncle's wife and(in some regional dialects) for uncle himself.
တော น. ป่า,ดง
ป่าละเมาะ တောချုံ
ป่าทึบ တောအုပ်
ป่ารก တောရှုပ်
แนวป่า တောတန်း
บ้านป่า,บ้านนอก တောရွာ
ชาวชนบท,คนบ้านนอก တောသား
ล่าสัตว์ တောလိုက် ၊ တောပစ်
ออกป่า (พระที่บวชหลังครองเรือน) တောထွက်
ไปป่า (ไปขี้) တောထိုင်,တောသွား
I must exude my waste in the bush.ခြုံကြားထဲဝင်ပြီး အလေးစွန့်မှ
My stomach occurs such a situation.အရေးထဲမှ ဗိုက်က နာရသလားကွယ်
I saw it recently ခုနတုန်းက ငါကိုယ်တိုင် မြင်လိုက်ရတာပါ
It disappears after he has touched my anus.ငါ့စအိုဝကို ထိပြီးမှ ပျောက်သွားတယ်ဆိုတော့
It will be none other than. မဟုတ်မှလွဲရော
-ရော ท้ายประโยค
Possibly, it enter into my womb to eat my heart and liver.ငါ့ရဲ့အသည်းနှလုံးကိုစားချင်လို့ဝင်သွားတာ ဖြစ်မယ်
I'll be in trouble. ငါတော့ ကိုယ်ကျိုးနည်းပါပြီ
-ကိုယ်ကျိုးနည်း /kou gjou׃ ne׃/ compound verb
ကိုယ်(n)+အကျိုး(n)>ကျိုး(n)+နည်း(v)
မိမိအကျိုး ဆုတ်ယုတ်ပျက်စီးသည်။ คำเหมือน အကျိုးနည်း,ဒုက္ခရောက်,ဘေးဖြစ်,ဘေးသင့်,(all verbs)
be in dire straits;(of a person) be ruined.
When he had been home အိမ်ပြန်ရောက်သည့်တိုင်
he could not eat and sleep well and moping.မအိပ်နိုင် မစားနိုင်ဖြစ်ကာ တမှိုင်မှိုင်တတွေတွေ ဖြစ်ရလေသည်။
That must not be possible. ဒါမဖြစ်နိုင်ဘူး
He thinks it is real.သူ့စိတ်ထဲ အလိုလိုထင်နေတာပါ
This misconcept tortures him. အဲဒီလို အထင်မှားတဲ့စိတ်က သူ့ကိုပြန်ပြီး နှိပ်စက်နေတာပေါ့
The village-elders, however, explained him, but it was in vain. ရွာလူကြီးများက မည်မျှပင် ဆုံးမစေကာမူ “ငပု”က နားမဝင်ပေ။
How terrible is the prejudice! တယ်ကြောက်စရာကောင်းတဲ့ အစွဲအလန်းကြီးပါလားနော်
Because of this misconception, ထိုအစွဲအလန်းကြောင့်
What he has suffered is very pitiful. သူ့အဖြစ်က သနားစရာကောင်းလှတယ်
Luckly the great physician arrived to this village. ကံကောင်းထောက်မစွာဖြင့် ထိုရွာသို့ ဆေးဆရာကြီး ဦးပေသီး ရောက်လာသည်။
Oh! Humans are suffering with the misconception and prejudice.ဪ လူတွေ လူတွေ စွဲလန်းမှုကြောင့် ဘေးတွေ့နေရပါတကား
I worship you. ရှိကြီးခိုးပါရဲ့ ဆရာရယ်
Don't be moaning like that. Your disease is not bad as I've suffered.
သိပ်လည်း ညည်းမနေပါနဲ့ဗျာ၊ ခင်ဗျားတို့ ခံရတယ်ဆိုတာ ကျုပ်လောက် မဆိုးပါဘူး