สำนวน
Patience = စိတ်ရှည်ခြင်း
Sulking = စိတ်ကောက်နေခြင်း
Dreaming = စိတ်ကူးယဉ်နေခြင်း
Interesting = စိတ်၀င်စားနေခြင်း
Annoying = စိတ်တိုနေခြင်း
Let-down = စိတ်ပျက်ရခြင်း
Relief = စိတ်သက်သာခြင်း
Excitement = စိတ်လှုပ်ရှားခြင်း
Impatient = စိတ်မရှည်သော
Eager = စိတ်အားထက်သန်သော
Enthusiastic = စိတ်ပါ၀င်စားသာ
Stress = စိတ်ဖိစီးသော
Disgruntled = စိတ်တိုနေသော၊ စိတ်ဆိုးနေသော
Depressed = စိတ်ဓါတ်ကျဆင်းနေသော
Anxious = စိုးရိမ်ပူပန်သော
Upset = စိတ်ညစ်နေသော
Deject =စိတ်မှိုင်ညိုးနွမ်းနေသော
Despondent = စိတ်ပျက်လက်လျော့သော
Frustrating = စိတ်မရှည်စရာကောင်းသော၊ စိတ်ပျက်စရာကောင်းသော
Keen = စိတ်အားထက်သန်သော
Worry = ပူပင်သောက
Despair = စိတ်ပျက်လက်ပျက်ဖြစ်သည်
Disappoint = စိတ်ပျက်သည်
Mood = စိတ် ၊ စိတ်ခံစားမှုအခြေအနေ
Mad = ဒေါသထွက်သော
ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေရသော အထက်ပါ စိတ်အခြေအနေ အကြောင်းအရာလေးတွေကို ဥပမာလေးတွေနဲ့ လေ့လာကြည့်ကြရအောင်...
(1) Have a little patience.
စိတ်နည်းနည်းရှည်စမ်းပါ။
(2) Phyu Phyu's sulking upstairs in her bedroom.
ဖြူဖြူ အပေါ်ထပ်က သူမအိပ်ခန်းထဲမှာ စိတ်ကောက်နေတယ်။
(3) Ko Sai Aung sat there day-dreaming about his girlfriend.
ကိုစိုင်းအောင်က အဲ့ဒီမှာထိုင်ပြီး သူ့ရည်စားအကြောင်း စိတ်ကူးယဉ်နေတာ။
(4) The story was really interesting.
ပုံပြင်က တကယ့်ကို စိတ်၀င်စားစရာကောင်းတယ်။
(5) This rain is annoying.
ဒီမိုးက စိတ်တိုဖို့ကောင်းလိုက်တာ။
(6) Thar Kyi was annoyed with his wife because the dinner was badly cooked.
သားကြီးက သူ့မိန်းမ ညစာချက်တာ မကောင်းလို့ စိတ်တိုနေတယ်။
(7) The ending of the story was a real let-down.
ပုံပြင်ရဲ့ အဆုံးသတ်က တော်တော် စိတ်ပျက်စရာကောင်းတယ်ကွာ။
(8) To our relief, their test results were negative.
သူတို့ရဲ့ ဆေးစစ်ချက်က ဘာမှမဖြစ်ဘူးဆိုတာကြောင့် ကျွန်တော်တို့တွေ စိတ်သက်သာရာရသွားတယ်ဗျာ။
(9) Breathing exercises can help to relieve stress.
အသက်ရူလေ့ကျင့်ခန်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။
(10) Myanmar is one of the most exciting countries in Asia.
မြန်မာနိုင်ငံဟာ အာရှမှာ စိတ်လှုပ်ရှားဖို့ ပျော်ဖို့အကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
(11) The match was full of excitement until the very last moment.
ပြိုင်ပွဲဟာ နောက်ဆုံးအချိန်အထိ စိတ်လှုပ်ရှားဖို့ ကောင်းတယ်။
(12) Don't be so impatient, it will soon be your turn.
စိတ်မရှည်ဖြစ်မနေပါနဲ့ ၊ မကြာခင် မင်းအလှည့်ရောက်လာမှာပါ။
(13) We were all eager to get started.
ကျွန်တော်တို့အားလုံး စတင်ဖို့ စိတ်အားထက်သန်နေကြတယ်။
(14) Are you sure you want to go there? You don't sound very enthusiastic.
အဲ့ဒီကို မင်းတကယ်သွားချင်လို့လား၊ မင်းပြောပုံကတော့ စိတ်ပါမ၀င်စားတော့သလိုပါပဲကွာ။
(15) You look really stressed out. What's the matter?
မင်းကြည့်ရတာ စိတ်ဖိစီးနေသလိုပဲ၊ ဘာဖြစ်လို့လဲ။
(16) A refund was given to the disgruntled customer.
မကျေမနပ်နဲ့စိတ်ဆိုးတဲ့ ဖောက်သည်ကို ငွေပြန်အမ်းပေးလိုက်တယ်။
(17) Kyaw Aung's been very despressed since he lost his job.
ကျော်အောင် အလုပ်လက်မဲ့ဖြစ်သွားကတည်းက သူစိတ်ဓာတ်ကျနေတာ။
(18) The news is very despressing.
ကြားရတဲ့ သတင်းက တကယ့်စိတ်ဓာတ်ကျစရာကြီးကွာ။
(19) Don't be anxious if I'm late.
ကျွန်တော်နောက်ကျရင် မစိုးရိမ်ပါနဲ့။
(20) Thura Zaw was quite upset at losing his purse.
သူရဇော်က သူ့ပိုက်ဆံအိတ်ပျောက်သွားလို့ စိတ်ညစ်နေတာ။
(21) You looked tired and dejected.
မင်းကို ကြည့်ခဲ့ရတာ ပင်ပန်းပြီး စိတ်ပျက်နေပုံပါဘဲ။
(22) Don't become despondent.
စိတ်ပျက်အားငယ် ဖြစ်မနေပါနဲ့ကွာ။
(23) Phyo Thu Hein's very unhappy and frustrated as a teacher.
ဖြိုးသူဟိန်းက ဆရာမလုပ်နေရတာကို မပျော်ဘဲ စိတ်ပျက်နေတယ်။
(24) We're worried about Win and Zaw .
၀င်းနှင့်ဇော်အတွက် ကျွန်တော်တို့ စိတ်ပူပင်သောကရောက်နေကြတယ်။
(25) Don't despair, I think we can help you.
စိတ်ပျက်လက်ပျက်ဖြစ်မနေပါနဲ့၊ ငါတို့ မင်းကို ကူညီနိုင်မယ်လို့ ထင်ပါတယ်။
(26) You disappoint me, Zar Ni . I expected better.
မင်းကို ငါစိတ်ပျက်တယ် ဇာနည် ၊ ငါက တော်တော်မျှော်လင့်ထားခဲ့တာ။
(27) Let's go to watch a movie !
I'm not in the mood.
ငါတို့ ရုပ်ရှင်သွားကြည့်ရအောင်။
ငါစိတ်မပါဘူးကွာ။
(28) The dog next door is a constant annoyance.
ဟိုဘက်အခန်းက ခွေးက တစ်ချိန်လုံး စိတ်အနှောက်အယှက်ဖြစ်စရာပဲ။
(29) I'm counting on you to support me, don't let me down.
မင်း ငါ့ကို ထောက်ခံမယ်လို့ အားကိုးနေလိုက်တာ၊ ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်ပါနဲ့ကွာ။
(30) Chinese companies are keen to enter the Myanmar market.
တရုတ်ကုမ္ပဏီတွေက မြန်မာစျေးကွက်ကို ၀င်လာဖို့ စိတ်အားထက်သန်နေကြတယ်။
(31) Don't get mad at me . I'm just telling what Saw Thar Gyi.
ငါ့ကိုတော့ ဒေါသမထွက်ပါနဲ့ကွာ..စောသားကြီးပြောတာကို ငါကလည်း ပြောပြရတာပါ။
" ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ......"
Crd..original
Comments
Post a Comment