N N ထက်ပို/ N ထက် N ပို "more than"

သင်ခန်းစာ ၂
    သင်္ကြန်ဆိုတာ မြန်မာနိုင်ငံရဲ့ ပွဲတော်တစ်ခုပါ။ မြန်မာနှစ်သစ်ကူးပွဲလို့လဲ ဆိုနိုင်ပါတယ်။ နှစ်စဉ် ဧပြီလ ၁၃ရက်လောက်မှာ စတတ်ပါတယ်။ တစ်ပြည်လုံးမှာ သုံး လေးရက် ကျင်းပပါတယ်။ အဲဒီ သင်္ကြန်ရက်တွေပြီး နောက်တစ်ရက်ဟာ မြန်မာနှစ်ဆန်းတစ်ရက်ပါပဲ။
    သင်္ကြန်အခါမှာ တိုင်းရင်းသားအားလုံး အခါတိုင်းထက် ပိုပျော်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ရေပက် ကစားကြပါတယ်။ တချို့ကတော့ အသင်းဖွဲ့ပြီး ကားကြီးကားငယ်တွေနဲ့ လှည့်ကြပါတယ်။ မြို့တိုင်း လမ်းတွေပေါ်မှာ ရေကစားနေတာ တွေ့နိုင်ပါတယ်။

Thin-gyan
What (the people) call Thin-gyan is one of Burma's festivals.  It can also be called Burma's new year festival.  Yearly, it usually begins around April 13th.   The whole country celeberates three or four days.  The following day after Thin-gyan is the first day of the Burmese new year.
During the Thin-gyan period the nationalities are all happier than usual.   Everyone plays throwing water at each other.  As for some people, they form teams and go around in big and small cars.  One can see playing water in the streets of every city.
SYNTAX
ဆိုတာ    literally means "the thing that is called ---."  It is always preceded by a noun or a sentence.
Noun+ ဆိုတာ
noun
ဆိုတာ

that/who/what is called

the (noun)s  that is called ------
မောင်မောင်ဆိုတာ ဘယ်သူလဲ။ Who is the one called Maung Maung.
စာအုပ် ဆိုတာ ဘာလဲ   What is the thing called " စာအုပ်  ."

တိုင်း "every" follows a noun.
noun
တိုင်း

every

every noun
လူတိုင်း သိတယ်   Everybody knows.
သူ နေ့တိုင်း ကျောင်းလာတယ်။    He comes to school everyday.

တိုင်း "every" sometimes follows a verb.
verb
တိုင်း

every

everytime/ whenever (someone) verbs
ကျွန်တော် မေးတိုင်း သူ ဖြေနိုင်တယ်။    Everytime I ask, he can answer.
သူလာတိုင်း ကျွန်တော် အိမ်မှာ မရှိဘူး။    I was not home whenever he came.

စဉ် "every" follows a noun.
noun (time)
စဉ်

ly

(time)+ ly
နေ့စဉ် လာပါ။   Please come every day.
လစဉ် ရန်ကုန်ကို သွားပါတယ်။    (I) go to Yangon every month.

လုံး / လုံးလုံး "the whole/ throughout/all" comes after a numeral classifier.
number
numeral classifier
လုံး/ လုံးလုံး


whole/throughout/all

(number) whole (numeral classifier)/ throughout (number) (numeral classifier)
သူ တနေ့လုံး အိပ်တယ်။  He sleeps the whole day.
သူ သုံးအုပ်လုံး ဖတ်မယ်။   He will read all the three books. 

N N ထက်ပို/ N ထက် N ပို "more than":  the inferior one is always placed right before ထက် .  The superior one could take place before the inferior noun or after ထက် .  The main verb always follows this phrase.
noun (superior)
noun (inferior)
ထက်
ပို
verb


than
more


noun is more v than the noun

ဒီစာအုပ် ဟိုစာအုပ်ထက် ပိုကောင်းတယ်။   This book is better than that one.
မနေ့ကထက် ဒီနေ့ ပိုအေးတယ်။     Today is colder than yesterday.


http://www.seasite.niu.edu/Burmese/Intermediate/lesson2/lesson.htm


Comments

Popular posts from this blog

အိမ်ခန်းငှါးမယ်။ ห้องนี้ให้เช่า

ห้ามสูบุหรี่ในภาษาพม่า

ขยะในมือท่านลงถังเถอะ แบบพม่า