တဲ့ is a quotation marker that follows a noun or a sentence.
သင်ခန်းစာ ၅
မင်းရာဇာ ၁
ရှေးတုန်းက ဝန်ဇင်းရွာမှာ
လူငယ်တယောက် ရှိတယ်၊၊ သူ့နာမည်က ငညိုတဲ့၊၊
ငယ်ငယ်ကတည်းက ငညိုဟာ အမြဲစာဖတ်တယ်တဲ့၊၊ အလုပ်လုပ်ရင်းလဲ
ဖတ်တယ်၊၊ အနားယူရင်းလဲ ဖတ်တယ်၊၊ တွေ့သမျှ စာအမျိုးမျိုး ဖတ်တယ်တဲ့၊၊
အဲဒီလို စာဖတ်လို့ သူ့ကို "စာတိုငညို"လို့ခေါ်
ကြတယ်၊၊ ရွာသူရွာသားတွေ မသိတာရှိတဲ့အခါ သူ့ကို မေးကြရသတဲ့၊၊ငညို့ရည်းစားက သူကြီးသမီးတဲ့၊၊ သူကြီးက ငညိုကို အထင်မကြီးပါဘူး၊၊ ငညိုဟာ တခြားရွာသားတွေလုပ်သလို အလုပ်ကြမ်းလဲ မလုပ်ဘူး၊၊ မင်းမှုထမ်းလဲ မဟုတ်ဘူး၊၊ ဒါကြောင့် သူ့သမီးနဲ့ သဘောမတူဘူးတဲ့၊၊ ဒါပေမယ့် သမီးက ငညိုကို သိပ်ချစ်လို့လက်ထပ်ပေးလိုက်သတဲ့၊၊
အိမ်ထောင်ကျပေမယ့် ငညိုကတော့ အရင်ကလို စာအမြဲဖတ်နေသတဲ့၊၊
တစ်နေ့တော့ ဘုရင်ကြီးတပါး ဝန်ဇင်းရွာကို ရောက်လာတယ်၊၊ ရွာနားက ကန်ဘောင်မှာ နတ်ကွန်းတခု တွေ့သတဲ့၊၊ ဘုရင်ကြီးက အဲဒီနတ်ကွန်းသမိုင်း မေးတဲ့အခါ ရွာသားတွေ ဘယ်သူမှ မဖြေနိုင်ဘူးတဲ့၊၊ ငညိုသိသလောက် ဘယ်သူမှ မသိကြပါဘူး၊၊ ဒါကြောင့် ငညိုသိပါလိမ့်မယ် လို့လျှောက်ကြသတဲ့၊၊
Min Ya Za 1
Once upon a time, there was a young man in Wun Zin village. His name was Nga
Nyo. Nga Nyo had been spending his time reading since he was young. He read
while he was working as well as taking a rest. He read all kinds of writings he
found. That's why he was named " Sato
Nga Nyo" (Nga Nyo the short pieces of literature)
by people. The villagers had to ask Nga Nyo whenever they wanted to know
something.Nga Nyo's girl friend was a daughter of the village headman. The headman did not admire Nga Nyo because he was neither a royal servant nor he could do hard labor as other villagers did. Therefore, he did not approve Nga Nyo for his daughter. However, since the daughter was so fond of Nga Nyo that the headman finally had to allow her to marry him.
Nga Nyo continued reading as before even after the marriage.
One day, a king arrived at Wun Zin village. He found a nat-house on the embankment of the lake near the village. The king asked the history of the nat-house to the villagers. But nobody could answer the question. Nobody was as knowledgeable as Nga Nyo was. Therefore, the villagers replied: "Nga Nyo would know the answer, your Majesty"
SYNTAX
တဲ့ is a quotation marker that follows a noun or a
sentence.
Noun+ တဲ့
noun
|
တဲ့
|
"quotation
marker"
|
known/
called/ said as
|
သူ့နာမည်
မောင်မောင်တဲ့။ His name is called
"Maung Maung.".
ဒါ ဗမာလို
စာအုပ်တဲ့။ This is called စာအုပ် in
Burmese.
Sentence+ တဲ့
sentence
|
တဲ့
|
"quotation
marker"
|
known/
called/ said as
|
သူလာမယ်တဲ့။ He
said that he will come. (Literally: It is said that he will
come.)
နက်ဖြန်ခင်ဗျား
လာမလားတဲ့။ (Someone) asked if you are coming tomorrow.
သတဲ့ "it
is said that" follows a verb.
verb
|
သတဲ့
|
"it
is said that"
|
it
is said that (someone) verbs
|
သူဝသတဲ့။ It
is said that he is fat.
ဒီနေ့ ဆရာ
မန္တလေး သွားသတဲ့။ It is said that the teacher went to
Mandalay today.
Notes: If the quotated statement is in future tense သတဲ့ is
replaced with မတဲ့ like in following sentences.
နက်ဖြန်
မိုးရွာမတဲ့။ It is said that it will rain tomorrow.
သူ
ကျွန်တော့်အိမ်မှာ ထမင်းစားမတဲ့။ It is said he will eat at my house.
သမျှ "all/
as much as/ as many as" follows a Verb.
verb
|
သမျှ
|
all/
as much as/ as many as
|
all
(someone) verbs
|
ကျွန်တော်သိသမျှ
ပြောပါမယ်။ I will tell you all what I know.
ဆရာမေးသမျှ
ကျွန်တော် ဖြေနိုင်တယ်။ I can answer all the teacher
asks.
မ
Verb သမျှ with မ before
the Verb means "until" or "so long as."
မ
|
verb
|
သမျှ
|
Negative
|
all/
as much as/ as many as
|
until/
so long as
|
ဒီစာအုပ်
ဖတ်မပြီးသမျှ မနားဘူး။ I won't take a
break until I finish reading this book.
သူ မပြောသမျှ
ကျွန်တော် မယုံဘူး။ I will not believe so
long as he does not tell me.
so long as ตราบใดที่
သလို "like/as"
follows a verb.
verb
|
သလို
|
like/
as
|
like/
as (someone) verb
|
သူရေးသလို
ရေးပါ။ Write like he does.
ငါပြောသလို
လုပ်၊ ငါလုပ်သလို မလုပ်နဲ့။ Do as I said. Don't do
as I do.
သလောက် "as
much as" follows a verb.
verb
|
သလောက်
|
as
much as
|
as
much as (someone) verb
|
သူသိသလောက်
ကျွန်တော် မသိပါဘူး။ I don't know as much as he does.
သူ
ပြောသလောက် ဒီစာအုပ် မခက်ပါဘူး။ This book is not as much difficult
as he said
ရင်း "while"
follows a verb.
verb
|
ရင်း
|
while
|
while
(someone) verb
|
လမ်းသွားရင်း
ဆေးလိပ်မသောက်ရ။ Do not smoke while you are walking
in the street.
(Note: It is a common reminder in the villages in Burma as a
precaution against fire hazard)
ထမင်းစားရင်း
စကားပြောမယ်။ We will talk while we are eating.
------------
Comments
Post a Comment