နောက်ကျမှ အိပ်ယာထ คือ sleep in
နေ့ စ ဉ် သုံး...အ င်္ဂ လိ ပ် စ ကား” ★★★★★★★★★★★★(Daily English Expressions) ဒီနေ့တော့...နေ့စဉ်သုံးအင်္ဂလိပ်စကားတွေထဲက No hard feelings , No excuses , one/two left,stuck in ,speak your mind, if ever နဲ့ sleep in..စတဲ့...အသုံးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (1) No hard feelings. ------------------------------ တစ်စုံတစ်ယောက်က ကိုယ့်ကို စော်ကားတယ်။အရှက်ရအောင် လုပ်တယ်။စိတ်နာအောင် ပြောတယ်။ဒါပေမယ့်..သူ့ဘက်က အမှားကိုသိပြီး စော်ကားမိတာတွေအတွက် ကိုယ့်ကို လာတောင်းပန်တယ်။ဒီတော့လည်း...“ငါ..ဘယ်လိုမှ သဘောမထားပါဘူးကွာ” “ငါ့့ဘယ်လိုမှ မအောက်မေ့ပါဘူး” ဆိုပြီး ပြန်ပြောဖြစ်ကြတယ်။အင်္ဂလိပ်လိုတော့..No hard feelings ပေါ့..။ (a) I’m really sorry. I shouldn’t have made that kind of remark about you. ၀မ်းနည်းပါတယ်ကွာ။ငါ..အဲဒီလောက်ထိ မင်းကို ပြောခဲ့ဖို့ မသင့်ပါဘူး။ That’s OK – no hard feelings. ရပါတယ်ကွာ။ဘယ်လိုမှ သဘောမထားပါဘူး။ (b) I do apologize for my insult yesterday. မနေ့က စော်ကားမော်ကားပြောခဲ့မိတာ တောင်းပန်ပါတယ်နော်။ Okey dokey! – no hard feelings. ရတယ်..ရတယ်။ဘယ်လိုမှ စိတ်ထဲမရှိပါဘူး။ (2) No excuses -------...