Dr. Taylor Swift
Dr. Taylor Swift
မနေ့က New York University က Yankee Stadium ကြီးမှာ ကျင်းပတဲ့ Class of 2022 ဘွဲ့နှင်းသဘင်မှာ အဆိုတော် Taylor Swift ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (an honorary Doctorate of Fine Arts degree) ချီးမြှင့်ခဲ့တယ်။ အဲဒီဘွဲ့ကို လက်ခံယူရင်း Taylor Swift က နာရီဝက်ခန့် acceptance speech ပြောခဲ့တဲ့အထဲက သူ ပထမဆုံးပြောသွားတဲ့ ဘွဲ့ရကျောင်းသားများကို ပေးတဲ့ အောက်ပါ life advice လေးကို သဘောကျလို့ ဘာသာပြန်ပေးလိုက်ပါတယ်။
The first of which is…life can be heavy, especially if you try to carry it all at once. Part of growing up and moving into new chapters of your life is about catch and release.
ပထမဆုံးပြောပြချင်တာက သင် အားလုံးကို တပြိုင်တည်း သယ်ယူဖို့ကြိုးစားရင် ဘဝဟာ လေးလံသွားလိမ့်မယ်။ အရွယ်ရောက်လာပြီး ဘဝရဲ့ အခန်းကဏ္ဍအသစ်တွေထဲ ဆက်လုပ်ဆောင်နိုင်ဖို့ဆိုတာ ဖမ်းကိုင်တာနဲ့ လွှတ်ပေးတာကို နားလည်ဖို့လိုတယ်။
What I mean by that is, knowing what things to keep, and what things to release. You can’t carry all things, all grudges, all updates on your ex, all enviable promotions your school bully got at the hedge fund his uncle started.
ဆိုလိုတာက ဘယ်အရာတွေကို ဆက်ကိုင်ထားမယ်၊ ဘယ်အရာတွေကို လက်လွှတ်လိုက်ရမယ်ဆိုတာကို သိဖို့ပဲ။ သင်ဟာ အားလုံးကို သယ်သွားဖို့ ဘယ်နိုင်မှာလဲ။ အာဃာတတွေ၊ ရည်းစားဟောင်းရဲ့ သတင်းတွေ၊ သူ့ဦးလေးထောင်ထားတဲ့ အစုရှယ်ယာကုမ္ပဏီမှာ ရာထူးတွေတိုးနေတဲ့ အတန်းထဲက အနိုင်ကျင့်တတ်တဲ့ကောင်ရဲ့ အကြောင်းတွေ၊ စသည်ဖြင့်။
Decide what is yours to hold and let the rest go. Oftentimes the good things in your life are lighter anyway, so there’s more room for them. One toxic relationship can outweigh so many wonderful, simple joys. You get to pick what your life has time and room for. Be discerning.
သင် ဘာတွေကို ဖက်တွယ်ထားမလဲ ဆုံးဖြတ်ပြီး ကျန်တာတွေကိုတော့ လျစ်လျူရှုလိုက်ပါ။ ဘဝမှာ ကောင်းတဲ့အရာတွေဟာ ပေါ့ပေါ့ပါးပါးလေးတွေပဲဟာ၊ ဒါ့ကြောင့် သူတို့အတွက် နေရာပိုဆန့်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ လူမျိုးနဲ့ ပတ်သက်မိတာမျိုးကြောင့် အခြားများစွာသော ပျော်ရွှင်စရာတွေကို လငပုပ်ဖမ်းသလိုဖြစ်စေနိုင်တယ်။ သင့်ဘဝရဲ့ အချိန်နဲ့ နေရာပေါ်ကို မူတည်ပြီး သင်ရွေးချယ်ရမှာဖြစ်တယ်။ ပါးပါးနပ်နပ် မြင်တတ်ပါစေ။

Comments
Post a Comment