์ညီလေးရေ เรื่องเก็บไว้อ่าน
အောက်တိုဘာ ၁ ရက်နေ့။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ
ညီလေးရေ
To a younger brother:
ကိုယ်သင်ယူနေတဲ့ အတတ်ပညာများကို ပိုင်နိုင်အောင်ကြိုးစားပါ။
Please try to master the skills you are learning.
ပညာဆက်သင်ဖို့ ရသမျှ အခွင့်အရေးကိုရှာယူပါ။
Seek every opportunity to pursue further studies.
ပညာရွှေအိုးလူမခိုးမို့လို့ မင်းအဲဒါအတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။
You will never regret having done so as no one can take away your education from you.
ကိုယ်တတ်ကျွမ်းသမျှကိုလည်း မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပါ။
Pass on your knowledge and education to the future
generations.
ကိုယ်တွေ့ပြောရမယ်ဆိုရင် သူများတွေကိုပြန်သင်ပေးရင် ကိုယ် ပိုတတ်ပါတယ်။
Speaking from my personal experience, we learn more when we teach others.
ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ သက်မွေးဝမ်းကြောင်းပြုပါ။
Pick a career that pays for your needs as well as helps fulfill the needs of others.
အတ္တဆန်သူဟာ တစ်ကိုယ်တည်းအထီးကျန်သေဆုံးရတတ်တယ်။
A self-centered man is likely to die a lonely death.
ကိုယ့်မှာရှိတာကို သူများကို မျှဝေပေးပါ။ ပိုပြီး မျှပေးလေ ကိုယ့်မှာပိုရှိလေ ဆိုတာကို တွေ့ရပါလိမ့်မယ်။
Share what you have with others. You will find out that the more we share, the more we have.
Live a positive life.
ကောင်းတဲ့စိတ်မွေး ကောင်းအောင်နေပါ။
Do good things and good things will come back to you.
ကောင်းတာတွေလုပ်ပါ၊ ကောင်းတာတွေ ပြန်ရပါလိမ့်မယ်။
လောကကို အလှဆင်နိုင်သူ ဖြစ်ပါစေ။
May you be the one who can brighten the world.
With love,
Dr.Soe Than
Comments
Post a Comment