နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးခဲ့သည့် လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး
ြ မန်မာနိုင်ငံမှာ စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်း စရာ မလိုပဲ အရေးကြီးတဲ့ ကဏ္ဍတွေမှာ ဆက်လက် ချုပ်ကိုင်နိုင်စွမ်း ရှိနေသေးတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ဇွန်လဆန်းပိုင်း တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ လုံခြုံရေး ဆိုင်ရာ အထူးအစည်းအဝေးမှာ ၊ တပ်မတော်က အာဏာပြန်သိမ်း ဖို့အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တယ် ဆိုပြီး ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာပါ ဆောင်းပါးနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ငြင်းဆိုချက်တွေ ထွက်ပေါ်လာအပြီး အဲဒီလို သုံးသပ် ပြောဆိုလိုက်ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။ on the ground of ဆိုပြီး ရခိုင်ပဋိပက္ခ နဲ့ပတ်သက်လို့ နိုင်ငံခြားသားတဦးပါဝင်မယ့် လွတ်လပ်တဲ့စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းသွားမယ်လို့ မေလ(၃၁)ရက်နေ့မှာ NLD အစိုးရက ကြေညာခဲ့ပြီး နောက် ကာ/လုံ အစည်းအဝေးဆန်တဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးကို နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းေ...