ICC တောင်းဆိုချက်နဲ့ မြန်မာရပ်တည်မှု အလားအလာ
ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံထဲကနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်သွားအောင်နှင်ထုတ်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ပြစ်မှုခုံရုံးမှာ
ကြားနာစစ်ဆေးမှုလုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုရှေ့နေရဲ့မေတ္တာရပ်ခံချက်ကို
ဇူလိုင်လကုန်ပိုင်းမှာ နောက်ဆုံးထားပြီး တုံ့ပြန်ဖို့ ICCတရားသူကြီးတွေက မြန်မာအစိုးရကို
နောက်ဆုံးရက်သတ်မှတ် ပေးထားတာရှိပါတယ်။
မြန်မာအစိုးရကတော့ မြန်မာနိုင်ငံကနေ အတင်း
မောင်းထုတ်တာမျိုးမရှိဘူးလို့ အကြိမ်ကြိမ်ပြောနေတာပါ။
ICC တရားရုံးမှာ
ဒီအမှုရဲ့အလားအလာက ဘယ်လိုရှိနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ကိုကျော်အောင်လွင်က
ဆက်ပြီးပြောပြပါလိမ့်မယ်။
ရိုဟင်ဂျာမူဆလင်တွေ နယ်စပ်ကိုဖြတ်ကျော်ပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်သွားရတဲ့အခြေအနေတွေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစီရင်ပိုင်ခွင့်
ဘယ်လိုရှိနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ တရားလိုရှေ့နေ Fatou
Bensouda ရဲ့မေတ္တာ ရပ်ခံချက်ကို
ဇူလိုင်လ ၂၇ရက်နောက်ဆုံး ထားပြီးတုန့်ပြန်ဖို့ မြန်မာအစိုးရကို ICC
နိုင်ငံတကာ ပြစ်မှုခုံရုံးက ပြီးခဲ့တဲ့
ဧပြီလတုန်းက အသိပေးထားတဲ့အကြောင်း ဇွန်လ၂၁ရက်နေ့ထုတ် Reuters
သတင်းမှာဖေါ်ပြထားပါတယ်။
မြန်မာဘက်က ICC ကို တုံ့ပြန်ချက်ပေးထားပြီလား
မပေးရသေးဘူးလားဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဧပြီလ ၁၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးကထုတ်ပြန်ထားတဲ့
ကြေညာချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်သွား အောင် ဘယ်သူ့ကိုမှမောင်းထုတ်ခဲ့တာမရှိတဲ့အကြောင်း၊
တရားလို သက်သေရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံတော်အချုပ်အချာ အာဏာကို
ကျော်လွန်ရာရောက်တဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်သွားတဲ့သူတွေ
ရခိုင်ပြည်နယ်ပြန်လာရေး ကိုလည်းစီစဉ်ထားတဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်းအသေအချာပူးဆောင်လုပ်ဆောင်နေတဲ့
အကြောင်း ဖေါ်ပြ ထားပါတယ်။ မြန်မာအစိုး ရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို
အသိအမှတ်မပြုပါဘူး။
ဒီအမှုနဲ့ ပတ်သက်ပြီးအရေး
ကြီးတဲ့အချက်တခုကတော့ မြန်မာနိုင်ငံဟာ Rome Statute လို့ခေါ်တဲ့ ICC ကိုစတင်ခဲ့တဲ့ သဘောတူစာချုပ်ကို
လက်မှတ်ရေးထိုးတားတဲ့နိုင်ငံ မဟုတ်ဘူးဆိုတာပါပဲ။ မြန်မာက လက်မှတ်မထိုးပေမဲ့လည်း
ရိုဟင်ဂျာတွေ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ Rome Statute ကိုလက်မှတ်ထိုးထားတဲ့နိုင်ငံပါ။
အဲဒါကြောင့်လည်းရိုဟင်ဂျာ ပဋိပက္ခနဲ့ပတ် သက်လို့ ဘင်္ဂလား ဒေ့ခ်ျ ဘက်ကနေ တရားစွဲဆိုနိုင်မလားဆိုပြီး
တရားလိုရှေ့နေက ICCကိုတောင်းဆိုထား
တာပါ။
အခုလို ICC ကနေ အရေးယူနိုင်ဖို့ကြိုးပမ်းနေတဲ့ကိစ္စဟာ
ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိတဲ့ကိစ္စလဲဆိုတာကို သိနိုင်ဖို့ ဟောင်ကောင်အခြေစိုက် AHRC
အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးမင်းလွင်ဦးကို
မေးကြည့်ပါတယ်။
"မေး။ ။ ရိုဟင်ဂျာတွေ
ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ကိစ္စက အတင်းအဓမ္မမောင်းထုတ်မှု ဆိုတဲ့ ပြစ်မှုကို
ကျူးလွန်ရာ ရောက်ပါသလားခင်ဗျ ဘယ်လိုထင်ပါသလဲ ရှေ့နေတဦးအနေနဲ့။
ရှေ့နေဦးမင်းလွင်ဦး။ ။ ဒီဟာပြောရမယ်ဆိုရင်
နည်းနည်းတော့ ရှုပ်ထွေးတာပေါ့နော် ဒါပေမယ့် ရှုပ်ထွေးတာကို ကျနော်တို့
ရှင်းရှင်းလင်းလင်းပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ဒီ ARSA အကြမ်းဖက်မှုတွေ ဖြစ်တဲ့အခါမှာ ရပ်ရွာက
မငြိမ်မသက်ဖြစ်တယ်။ ရပ်ရွာ မငြိမ်မသက်ဖြစ်တဲ့အခါမှာ အများပြည်သူက
ကျီးလန့်စာဖြစ်မိတဲ့အချိန်မှာ ARSAအဖွဲ့ဝင်တွေကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ဆော်သြတယ်။ ဒုက္ခသည်အဖြစ်
ထွက်သွားတဲ့လူတွေကိုယ်တိုင်ကလည်း အဲဒီလိုကြောက်လန့်နေတဲ့အချိန်မှာ ထွက်ပြေးရင်
သက်သာရာရမယ်၊ အခွင့်အရေးတွေပိုရလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
သူတို့ကိုယ်တိုင်သွားကြတာဖြစ်တယ်။ အဲဒီလိုသွားနေတဲ့အချိန်မှာ ကျနော်တို့
မြန်မာနိုင်ငံအာဏာပိုင်အဖွဲ့အစည်းတွေကနေပြီးတော့ လမ်းမှာ တားမြစ်တယ်။ မသွားဖို့ ဖြောင်းဖြတယ်။
စားစရာအဆင်မပြေရင် ရိက္ခာထောက်ပံ့တာတွေရှိတယ်။ အဲဒီတော့ Forced
Deportation လို့ပြောရအောင် သက်သေပြဖို့
တော်တော်ခဲယဉ်းတဲ့ ကိစ္စတခုဖြစ်တယ်။ လူတွေကြောက်လန့်တဲ့အချိန်မှာ ဒီလိုဘေးကနေ
ဆော်သြတဲ့အတွက် အခွင့်အရေးကို မျှော်ကိုးပြီးတော့ ထွက်သွားကြတဲ့ဟာတွေ က
ကိုယ့်စိတ်သဘောဆန္ဒအလျောက်လည်းထွက်သွားတာမျိုးလည်းဖြစ်နိုင်တယ်။ အတင်းအဓမ္မ နှင်ထုတ်မောင်းထုတ်လိုက်တာမျိုးကတော့
နိုင်ငံတကာကို စွပ်စွဲနေတဲ့ ပြောဆိုနေတာတွေက သက်သေပြဖို့ ခဲယဉ်းလိမ့်မယ်လို့
မြင်ပါတယ်။ ဒါကြောင့် ဒီဟာကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ထိုင်းမြန်မာနယ်စပ်မှာ ဖြစ်ခဲ့တုန်းကလည်း အစုလိုက်
အပြုံလိုက်ထွက်ပြေးကြတာပဲ ။ ဒါပေမယ့် ထိုင်းနိုင်ငံအစိုးရကနေပြီးတော့
မြန်မာနိုင်ငံအစိုးရကို အဲလိုမျိုး မောင်းထုတ်ပါတယ်ဆိုပြီးတော့ တိုင်တာတန်းတာမရှိပါဘူး။
မေး။ ။ ဆိုတော့ နိုင်ငံတကာခုံရုံးကိုတင်ပြီးတော့
တရားစွဲဆိုတဲ့ ကိစ္စဟာ ဘယ်လောက်အထိဖြစ်နိုင်တဲ့ ကိစ္စလဲခင်ဗျ။
ဘယ်လောက်အထိအောင်မြင်နိုင်မယ့် အမှုလို့ထင်ပါသလဲခင်ဗျ။
ရှေ့နေဦးမင်းလွင်ဦး။ ။ အောင်မြင်နိုင်တယ်
မအောင်မြင်နိုင်ဘူးဆိုတာထက်ကို ဒီလိုမျိုးလုပ်လိုက်ရင် နိုင်ငံတကာက အာရုံစူးစိုက်မှုပိုရမယ်။
နိုင်ငံတကာဖိအားတွေပိုများလာမယယ် မြန်မာနိုင်ငံအပေါ်မှာ။
ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မြန်ဆန်ဆန် လုပ်နိုင်အောင် ဒုက္ခသည်တွေ
တောင်းဆိုတဲ့အတိုင်း ဖြစ်အောင် ဖိအားတွေ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့
လုပ်ဆောင်တယ်လို့ပဲ မြင်တယ်။ ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကိုတော့ တင်နိုင်ဖို့ရန်အတွက်က Forced
Deportation/ Relocation ကြောင့်မဖြစ်နိုင်ဘူး။
နောက်ပြီးတော့ တခါ လူသားချင်မစာနာတဲ့ ကိစ္စရပ်တွေ စစ်ရာဇ၀တ်မှုတွေဆိုတာနဲ့
ပတ်သက်လို့ ဖြစ်နိုင်ဖို့ သိပ်မလွယ်သေးဘူးလို့ ကျနော်မြင်ပါတယ်။"
AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့
ဥပဒေအကြံပေး ရှေ့နေဦးမင်းလွင်ဦးရှင်းပြခဲ့တာ ပါ။
ศาลอาญาระหว่างประเทศ (อังกฤษ: International Criminal Court: ICC/ICCt; ฝรั่งเศส: Cour Pénale Internationale) เป็นศาลระหว่างประเทศซึ่งมีที่ทำการอยู่ในกรุงเฮก ประเทศเนเธอร์แลนด์ มีเขตอำนาจดำเนินคดีผู้กระทำความผิดอาญาระหว่างประเทศ 3 ฐาน คือ การฆ่าล้างเผ่าพันธุ์, อาชญากรรมต่อมนุษนชาติ, และอาชญากรรมสงคราม ก่อตั้งขึ้นโดยประสงค์จะให้เป็นส่วนเสริมของระบบยุติธรรมที่แต่ละประเทศมีอยู่ จึงมีเขตอำนาจเมื่อเป็นไปตามเงื่อนไขเท่านั้น เช่น เมื่อศาลระดับประเทศไม่สามารถหรือไม่ประสงค์จะดำเนินคดีแล้ว หรือเมื่อคณะมนตรีความมั่นคงแห่งสหประชาชาติหรือรัฐหนึ่ง ๆ เสนอคดีมาให้พิจารณา ศาลนี้เริ่มปฏิบัติงานในวันที่ 1 กรกฎาคม ค.ศ. 2002 อันเป็นวันที่ธรรมนูญกรุงโรมเริ่มใช้บังคับ ธรรมนูญดังกล่าวเป็นสนธิสัญญาพหุภาคีซึ่งวางรากฐานและกำหนดการบริหารจัดการของศาล รัฐที่เข้าเป็นภาคีแห่งธรรมนูญจะนับเป็นรัฐสมาชิกของศาล ปัจจุบัน มีรัฐภาคี 123 รัฐ
ReplyDeleteအတင်း မောင်းထုတ်တာမျိုးမရှိဘူးလို့ အကြိမ်ကြိမ်ပြောနေတာပါ။ พูดตอกย้ำอยู่เสมอว่า ไม่มีชนิด ขับไล่โดยความรุนแรง
ReplyDeleteFatou Bom Bensouda (/fɑːˈtuː bɛnˈsoʊdə/; née Nyang; born 31 January 1961) is a Gambian lawyer and international criminal law prosecutor.
ReplyDeleteShe has been the International Criminal Court's chief prosecutor since June 2012, after having served as a Deputy Prosecutor in charge of the Prosecutions Division of the ICC since 2004 and having been minister of justice of The Gambia.[2] She has held positions of Legal Adviser and Trial Attorney at the International Criminal Tribunal for Rwanda (ICTR).[3]
Forced Deportation บังคับให้เนรเทศออกนอกประเทศ
ReplyDelete