ฝึกอ่านภาษาพม่า บนที่10

သင်ခန်းစာ ၁၀
စကားရည်လုပွဲ ၁
            ကျွန်တော်တို့မြို့နယ်ရဲ့ ဆယ်ကြိမ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက် ခွင့်ရလို့ အများကြီး ဂုဏ်ယူပါတယ်၊၊ ကျေးဇူးလဲတင်ပါတယ်၊၊ အရင်အကြိမ်တွေတုန်းက ပြဇာတ်တွေ ဂီတပြိုင်ပွဲတွေ လုပ်ခဲ့ပေမယ့် ဒီတခါကျတော့ စကားရည်လုပွဲကျင်းပမှာ ဖြစ်ပါတယ်၊၊
            လူကြီးမင်းများ သိကြတဲ့အတိုင်း ဒီနေ့စကားရည်လုပွဲရဲ့ခေါင်းစဉ်ကတော့ "ယောက်ကျားက မိန်းမထက် နိုင်ငံတာဝန်ကို ပို ထမ်းဆောင်နိုင်တယ်" ဆိုတာပါ၊၊ ဒီအကြောင်းအရာကတော့ စကားရည်လုပွဲတိုင်းမှာလိုလို ခေတ်စားနေတဲ့ အကြောင်းအရာပါ၊၊ လုပ်သားပြည်သူများ ထပ်တလဲလဲ ကြားဖူးပါလိမ့်မယ်၊၊
            တကယ်တော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ကြပါတယ်၊၊ ဒါကြောင့် ဘဝင်မြင့်ကြ မာနကြီးကြပါတယ်၊၊ ယောက်ကျားကလဲ သူပိုတော်တယ် ထင်တယ်၊၊ မိန်းမကလဲ သူပိုတော်တယ် ထင်တယ်၊၊ ဒီလို ဘဝင်မြင့်လေ တယောက်ကိုတယောက် အထင်သေးလေပါပဲ၊၊ တယောက်နဲ့တယောက် အဆင်မပြေတော့ပါဘူး၊၊
            လက်တွေ့ ဘဝမှာတော့ ယောက်ကျားတွေကိုယ်တိုင် မလုပ်နိုင်တာလဲ ရှိပါတယ်၊၊ မိန်းမတွေမတတ်နိုင်တာလဲ ရှိပါတယ်၊၊ ဒါကြောင့် တဦးကိုယ်စား တဦးက လုပ်ပေးရတာတွေ အများကြီးပါ၊၊ ယောက်ကျားနဲ့မိန်းမ အတူတူဆောင်ရွက်မှ အကျိုးရှိနိုင်တဲ့ကိစ္စတွေလဲ တခါတလေ ရှိတတ်ပါတယ်၊၊
            ဒါကတော့ ကျွန်တော့ကိုယ်ပိုင်အမြင်ပါ၊၊ ဒါပေမယ့် တယောက်နဲ့တယောက် အမြင်မတူပါဘူး၊၊ တချို့ကမိန်းမက ပို ဆောင်ရွက်နိုင်တယ်လို့ ထင်တယ်၊၊ တချို့ကတော့ ယောက်ကျားက ပို ဆောင်ရွက်နိုင်တယ်လို့ ထင်ကြတယ်၊၊ ဒါကြောင့် အခု စကားရည်လုပွဲ ဖြစ်လာတာပါ၊၊ နိုင်ငံတော်အကျိုးကို ဘယ်သူက ပို ဆောင်ရွက်နိုင်သလဲ၊၊ ယောက်ကျားမိန်းမ ဆောင်ရွက်နိုင်ကြတာ အတူတူပဲလား၊၊ ဒီမေးခွန်းတွေရဲ့အဖြေကို ဒီစကားရည်လုပွဲအပြီးမှာ သိကြပါတော့မယ်၊၊

http://www.seasite.niu.edu/Burmese/Intermediate/lesson10/lesson.htm

Comments

Popular posts from this blog

အိမ်ခန်းငှါးမယ်။ ห้องนี้ให้เช่า

ชมคนสวย คนหล่อ คนสมาร์ท อย่างพม่า

အသားလှုပ်​နိမိတ်​ကျမ်း ....