ประวัติเจดีย์ เก้าหมู๊ด่อ โดยย่อ ကောင်းမှုတော် ๑
ကောင်းမှုတော် ဘုရားသည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။
မြတ်ဗုဒ္ဓ၏စွယ်တော်လေးဆူ
၁။ လက်ယာအထက်စွယ်တော်= သိကြားပြည်(တာဝတိ ံသာ)။
၂။ လက်ယာအောက်စွယ်တော်= နဂါးပြည်။
၃။ လက်ဝဲအထက်စွယ်တော်= ဂန္ဓာလရာဇ်ပြည်(တရုတ်ပြည်)။
၄။ လက်ဝဲအောက်စွယ်တော်= မြန်မာပြည်(စစ်ကိုင်း-ကောင်းမှုတော်)။
မှတ်ချက်
– လက်ဝဲအထက်စွယ်တော်သည် မူလက ဥဒါယျာနပြည် (ပါကစ္စတန်) တွင် ကိန်းဝပ်ရာမှ အေဒီ(၄၇၅)ခုနှစ်၌ ဖါဟီယန် အမည်ရှိ အိန္ဒိယဘုန်းတော်ကြီး ပင့်ဆောင်လာသဖြင့်တရုတ်ပြည်သို့ရောက်၏။
อธิบาย သဖြင့်
၁. particle suffixed to an adjective to form an adverb (equivalent in usage to the suffix ""..ly"" in english).
၂. အကြောင်းပြသည့်အနက်ဖြင့် ဆက်စပ်ပေးသောစကားလုံး။
နေမကောင်းသဖြင့် ကျောင်းမသွားချေ
because
– လက်ဝဲအောက်စွယ်တော်သည် မူလက ကလိန္ဒတိုင်း၊စန္ဒပူရပြည်(အိန္ဒိယ) ၌ကိန်းဝပ်ရာမှသိန်းဃိုဠ်(သီဟို)ကျွန်း ထိုမှ ကောဇာသက္ကရာဇ်(၉၃၈)ခုနှစ်၌ မြန်မာပြည်သို့ရောက်၏။
လက်ဝဲအောက်စွယ်တော်မြန်မာပြည် သို့ရောက်ရှိရခြင်းသမိုင်းကြောင်း
၁။ လက်ဝဲအောက်စွယ်တော်မြတ်မှာ မူလကစန္ဒပူရပြည်(အိန္ဒိယ)တွင် ကိန်းဝပ်ရာမှ ကုသိဝမင်းကြီး၏သမီးတော် ဟေမမာလာနှင့် သမက်တော် ဒန္ဒမင်းသားတို့ ပင့်ဆောင်၍ သီဟိုဠ်သို့ရောက်၏။
၂။ ကောဇာသက္ကရာဇ်(၉၃၇) ခုနှစ်တွင် သီဟိုဠ်ကျွန်း၌ ကျည်းကုလားမျာက သာသနာကိုဖျက်ဆီးရာမနှိမ်နင်းနိုင် သဖြင့်ဓမ္မပါလမင်းစစ်ကူတောင်းရာ ဘုရင့်နောင်မင်းတရားကြီးသည် ရေကြောင်းမှ စစ်ကူ စေလွှတ်တော်မူရာမိစ္ဆာကျည်းကုလား တို့ကို အောင်နိုင်တော်မူ၏။
၃။ ကောဇာသက္ကရာဇ်(၉၃၈)ခုနှစ်တွင် ဓမ္မပါလမင်းနောင်ရေးကို မြှော်တွေး၍ လက်ဝဲအောက် စွယ်တော် အားဘုရင့်နောင်မင်းတရားကြီးအထံသို့ ဆက် ရာ ဟံသာဝတီသို့ရောက်၏။ ရတနာစေတီ နှင့် ခေါင်းရင်းတော်၌ ထား၍ရိုသေစွာကိုးကွယ်တော်မူ၏။
(သီဟိုဠ် ဓမ္မပါလမင်းနတ်ရွာစံသော အခါ ဘုရင့်နောင်မင်းကြီး၏မြေးဖြစ်သူ သာလွန်မင်းအဖြစ်ဝင်စားသည်ဟု ဆိုကြ၏။)
မြန်မာမင်းတို့အဆက်ဆက်ကိုးကွယ်ပုံ
၁။ ဘုရင့်နောင် မင်းတရားကြီး၏ သားတော် နန္ဒဘုရင် ဆက်လက် ၍ကိုးကွယ်ရာမှ ၊သက္ကရာဇ် (၉၆၁) ခုနှစ် တွင် ဟံသာဝတီပျက်သဖြင့် ကေတုမတီရွှေနန်းတည်မင်းမဟာဓမ္မရာဇာ (နတ်ရှင်နောင်၏ဖခင်) ပင့်ဆောင်၍ တောင်ငူသို့ရောက်၏။
၂။ နတ်ရှင်နောင်(သံလျင်ရောက်မင်း)လက်ထက် သက္ကရာဇ်(၉၇၂)ခုတွင် ဘုရင့်နောင် ၏ မြေးအနောက်ဖက်လွန်မင်း ( ညောင်ရမ်းမင်းတရား ၏သားတော်) ပင့်ဆောင်၍ ရတနာပူရ(အင်းဝ)သို့ရောက်၏။
၃။ ညီတော်သာလွန်မင်းတရားကြီး(သီဟိုဠ် ဓမ္မပါလမင်း ဝင်စား) သည် ရှေ့ရေးကိုမြှော်တွေး၍ သက္ကရာဇ်(၉၉၈) ခုတွင်” ရာဇာမဏိစူဠာ “စေတီတော် ကြီးအားအခိုင်အခန့်တည်၍ ဌာပနာနာတော်မူ၏။
၄။ ထို ရာဇာမဏိစူဠာကျောက်စာတွင် သက္ကရာဇ်(၉၉၈)ခုနှစ်၊နတ်တော်လပြည့်ကျော်(၁)ရက်,သောကြာနေ့ ၌ လက်ဝဲအောက် စွယ်တော်မြတ် ကို အကြောင်းပြု၍အပြည်ပြည်ထောင်တို့မှ၊ ချီပင့်အပ်သောမရေမတွက်နိုင်သည့် ဓါတ်တော်၊မွေတော်တို့နှင့် တကွဌာပနာသည် ဟုဆို၏။
မွေတော် พระบรมสารีริกธาตุ
တကွ ด้วยกัน
၅။ စေတီတော်ကြီး၏ အင်္ဂါထောင့်တွင် ကျောက်ဖျာသုံးထပ်အဆင့်ဆင့်ခင်း၍ သာသနာ ငါးထောင် တည်စေရန် ထုထည်ကြီးမား၊ခိုင်ခန့်သော အုတ်ကျောက်တို့ဖြင့် ပိတ်လေ၏။ ဌာပနာ တိုက်ပြီးသည်နှင့် စေတီ၏လုံးတော် ကောင်းမွန်သေသပ်လှအောင် လုပ်ဆောင်တော်မူ၏။
စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဍာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဉာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။
part of pagoda between ငှက်ပျောဖူး and သပိတ်မှောက်
ပစ္စယံ ၃ ဆင့်အလားတူ အဝိုင်းဆင့်ခံထား၍ စေတီယင် ပြင်ပရဂုဏ်ကား နတ်မင်း အပါး ၁၂ဝ အား ကိုယ်စီနတ်နန်း ထွင်း၍ ထားပြီး စေတီတော်တဆူလုံးကို မူ ၅ ပေ သို့မဟုတ် ၂.၅ မီတာဖြင့် ကျောက်ဆစ်ထု ကျောက်သားတိုင် အခိုင်အမာ ၈၁၂ ခု သောအကာအရံ တို့ဖြင့် အတွင်း၌ မူခေါင်း ပေါက်ထိပ်ထိ ဖောက်ထားဘိ၏။ စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ဝန်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓဝင် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။
သီတင်းကျွတ် တာဝတိံသာ မီးပူဇော်ကြရာဝယ် တနိုင်ငံလုံး ဗုဒ္ဓဘာသာဝင် အားလုံး ဘုရားသာ အရောက်လာဖူး မြော်၍ ဝါတွင်းကာလ ကုန်ဆုံးရအဖြစ် လှစ်ကျူးကော်ရော် ပူဇော်ကြသည်မှာ ဆီမီးခွက် တို့ကို တရင်ပြင်လုံး အပြည့်ဖုံးမျှ ထွန်းညှိကြလေသည်။ ဘုရား၏ တဒေါင့်တွင် ၈ ပေခွဲ သို့မဟုတ် ၂ မီတာခွဲ စေတီရင်ပြင်ဝယ် စိုက်ထူထားသော ကျောက်တိုင်က ကောင်းမှု့တော် သမိုင်းကို ဖော်ပြထားပါသည်။
ဘုရား၏ အနောက်ဖက် ကန် ၂ ကန်အနက် တကန်က မေတ္တာကန် ဟုအမည်ပေးထား၍ ကန်ဝန်းကျင်ရှိ မည်သည့် သစ်ပင်ကမှ အရွက်တခုတလေမှ ကန်မျက်နှာပြင် ကြွေကျသက်ဆင်းခြင်း မရှိဟုသိရသည်။
ပါလီမန်အစိုးရ လက်ထက်
၁။ စေတီတော်ကြီး၏အင်္ဂါထောင့်တွင် ဌာပနာ ထားသော လက်ဝဲအောက် စွယ်တော်မြတ်အားစေတီဖေါက်ပြီး အပြင်ထုတ်၍ပူဇော်ရန်ကြံရွယ်ခဲ့ဖူး၏။
၂။ သို့သော်စေတီတော်ကြီးပျက်စီးမည့် အရေးကိုမြင်၍ တစ်ပြည်လုံးရှိရဟန်းရှင်လူတို့မှ ဝိုင်းဝန်း၍ကန့်ကွက်ကြသဖြင့် ထိုဘေးမှလွတ်ကင်းခဲ့ရ၏။
စေတီတော်မြတ်ဖူးထိုက်စွ
“လက်ဝဲအောက်မည် စွယ်တော်စစ်နှင့်
အံ့သြသဖွယ် မွေတော်မြတ်တို့
ကိန်းဝပ်ဌာပနာ ခိုင်ခန့်သေချာ
မြေပြင်ညွှတ်မျှ စံလွတ်ဝင့်ထယ်
လူနတ်အများ ဆပွားကြည်ညို
ငါးထောင်တွက်ရည် သာသနာသည်
တည်ထွန်းပါလိမ့်လေး။”
ကျမ်းကိုး
သုတ္တနိပါတ်အဌကထာ
ဓါဌာဓါတုဝင် ကျမ်း
သက္ကဒါန်စာတမ်း
ရာဇာမဏိစူဠာကျောက်စာ
ကောင်းမှုတော်ဘုရားသမိုင်း
ကဝိလက္ခဏာ ဝိသောဒနီ
ဒန္တပူရပြည်(သီဟို)သမိုင်း
လက်ဝဲအထက်စွယ်တော်သမိုင်း
လက်ဝဲအောက်စွယ်တော်သမိုင်း
မှန်နန်းရာဇဝင်တော်ကြီး
မြန်မာ့စွယ်စုံကျမ်း
==================
သတိုးဓမ္မရာဇာ (သို့မဟုတ်) သာလွန်မင်း
သာလွန်မင်း (၁၆၃၂-၁၆၄၈) သည် အင်းဝမင်းဆက် (၃၀) ရှိသည့်အနက် (၂၃)ဆက်မြောက် နန်းတက်သော မင်းဖြစ်သည်။ သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်ခဲ့သော်လည်း “တိုင်းကားပြည်ရွာ လွန်သာယာသောကြောင့် လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်သောကြောင့်လည်းကောင်း” သာလွန်မင်းဟု ခေါ်ကြခြင်းဖြစ်သည်။
သာလွန်မင်းသည် နောင်တော်ဖြစ်သော အနောက်ဖက်လွန်မင်းအား တူတော်မင်းရဲဒိဗ္ဗ က လုပ်ကြံနန်းတက်သည်ကို နှိမ်နင်း၍ နန်းတက်ခဲ့ခြင်းဖြစ်သည်။ နန်းတက်စတွင် ဘိသိပ်ခံကာ ဘုရင်အဖြစ် ရယူခြင်း မရှိခဲ့ပဲ လေးနှစ် (၁၆၂၈-၁၆၃၃) ကြာတိုင်းပြည်စည်းရုံး ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။
ဟံသာဝတီနန်းတော်သို့ရောက်လျှင် မင်းရဲဒိဗ္ဗ၏ ကျွန်များအနက် အပြစ်ရှိသူတို့ကို ထိုက်သင့် သောအပြစ်ဒဏ်များပေးပြီး ချီးမြှင့်မြှောက်စားသင့်သူများကိုလည်း ချီးမြှင့်မြှောက်စားခဲ့သည်။ ရခိုင်သံတမန်များကို လက်ခံတွေ့ဆုံသည်၊ မြန်မာသံအမတ် များကိုလည်း ရခိုင်သို့ စေလွှတ်ခဲ့သည်။ ထို့နောက် ဇင်းမယ်သို့တဖန်သွားပြန်ကာ ပုန်ကန်မှုများကို နှိမ်နင်းခဲ့သည်။ ပုန်ကန်သူများ မော်လမြိုင်သို့ ထွက်ပြေးသည်ကိုလည်း လိုက်လံ နှိမ်နင်းခဲ့ရသေးသည်။
၁၆၃၄တွင် သာလွန်မင်းသည် မင်းနေပြည်တော်ကို ဟသာဝတီမှ အင်းဝသို့ တဖန်ပြန်လည်ပြောင်းရွှေ့စံမြန်းသည်။ နန်းတော်၏ အစီအရင်များ စီရင်ပြီး ၁၆၃၅ခုနှစ်တွင်မှ အင်းဝထီးနန်းကို သိမ်းပိုက်စိုးစံခဲ့သည်။ ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့စံ အရာပေးကာ မှူးမတ်များကိုလည်း ဘွဲ့အမည်နှင့်တကွ ချီးမြှင့်တော်မူသည်။ ၁၆၃၆တွင် ကောင်းမှုတော် ရာဇစူဠာမဏိစေတီ (စစ်ကိုင်းကောင်းမှုတော်) ကို အုတ်မြစ်ချခဲ့သည်။
နန်းရန် crown prince; heir apparent to the throne.
အိမ်ရှေ့မင်း,ဥပရာဇာ,(all nouns)
အားမတန် เหลือเกิน , เอาเรื่อง , มากมาย အကြောင်းမတန် (a.kraung:ma.tan)
လွန်မင်းစွာ။ လွန်ကဲစွာ။
အကြောင်းမတန် ဝီရိယရှိသည့်လူ
အင်းဝသို့ရောက်ရှိပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နေစဉ် ညီတော်အိမ်ရှေ့မင်းသား မင်းရဲကျော်စွာ ကွယ်လွန်သဖြင့် သားတော် ပင်းတလဲမင်းသားအား အိမ်ရှေ့စံ အရာကို ပေးသည။ ထိုအခါ နန်းရရန်မျှော်မှန်းသည့် အမြင့်စား တရုတ်က လူသူစုဆောင်းကာ ပုန်ကန် ခဲ့သည်။ သာလွန်မင်းသည် အားမတန်သဖြင့် လေးထပ်ကျောင်းသို့ ဝင်ရောက်ခိုလှုံသည်။ သို့သော် လေးထပ်ကျောင်း ဆရာတော်ကြီးက လောကီနှင့် လောကုတ္တရာ မရောယှက်လိုသဖြင့် ခိုလှုံခွင့် မပေးချေ၊ ထို့ကြောင့် စံကျောင်းသို့ ပြောင်းရွှေ့ခိုလှုံရသည်။ စံကျောင်းဆရာတော်မှာ လောကီဆန်သည့် ပွဲကျောင်းဆရာတော် ဖြစ်သည့်အတွက် နောက်ပါရဟန်းများကို စုစည်းကာ တုတ်၊ ဓါး လက်နက်များနှင့် သာလွန်မင်းနှင့် မှူးမတ်များကို စောင့်ရှောက်ပေးသည်။ မြို့တွင်းတွင် ကျန်နေခဲ့သည့် မှူးမတ်များလည်း ကြောက်ရွံ့ သဖြင့် နေကြရသော်လည်း မင်းတရားကြီးကိုသာ သစ္စာခံကြောင်းတိတ်တဆိတ် လျှောက်တင်ကြသည်။ ထိုပုန်ကန်မှုကို မှူးမတ်များ ရွတ်ရွတ်ချွန်ချွန်ထမ်းဆောင်နှိမ်နင်းသဖြင့် ရှင်တရုတ်ကျဆုံးပြီး အောင်မြင်သည်။ ထို့နောက် လေးထပ်ကျောင်းနှင့် စံကျောင်းတို့တွင် လူကြီးများပေးကာ လေးထပ်ကျောင်းဆရာတော်ကို သံသရာဆရာတော်၊ စံကျောင်းဆရာတော်ကို ပစ္စုပ္ပန် ဆရာတော်ဟူ၍ ခေါ်ဝေါ် ချိီးကျူးလေသည်။
ထိုပုန်ကန်မှုပြီးနောက် မြောက်ပိုင်းမှ ကသည်းလူမျိုးတို့ ကျူးကျော်လာသည်ကို တိုက်ခိုက်နှိမ်နင်းရသေးသော်လည်း အလွယ်တကူအောင်နိုင်ခဲ့သည်။
ထိုပုန်ကန်မှုအပြီး တနှစ်အကြာ ၁၆၄၈တွင်း သာလွန်းမင်း အင်းဝနန်းတော်တွင် နတ်ရွာစံသည်။ နန်းသက် (၁၉)နှစ်၊ သက်တော်(၆၅) တွင် နတ်ရွာစံခဲ့သည်။ သာလွန်မင်းနတ်ရွာစံသောအခါ သားတော် အိမ်ရှေ့မင်းဖြစ်သူ ပင်းတလဲမင်း ထီးနန်းဆက်ခံသည်။
ကသည်းလိူမျိုးတို့ พวกชนชาติกะแต
သာလွန်မင်းလက်ထက် ၁၆၃ရတွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေနှင့် မြေယာစစ်တမ်းများကို ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့် နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများနှင့် တိကျစွာ ထုတ်ပြန်ကြောငြာပေးခဲ့သည်။ ထို့ပြင် စစ်သည်စုဆောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့်အမျိုးအစားနှင့် လက်နက်အမျိုးအစားတို့ကိုသတ်မှတ်ပြဌာန်းပေးသည်။ ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချပေးခဲ့သည်။ ထိုမျှမက ဝေးလံသောဒေသမှ လူများကို အင်းဝနှင့် ကျောက်ဆည်ဒေသတဝိုက်တွင် အတည်တကျ နေထိုင်စေသည်။
သာလွန်မင်းတရားကြီးက တိုင်းပြည်သည် နှစ်ပေါင်းများစွာ စစ်ကိုတိုက်ခိုက်လာရသဖြင့် ပင်ပန်းလျှက်ရှိသည်၊ ထို့ကြောင့် ရိက္ခာပြန်လည်ဖြည့်တင်းရေးနှင့် လူအင်အားပြန်လည်ဖြည့်တင်းရေးတို့ကို ဆောင်ရွက်တော်မူသည်။ ထိုသို့မဆောင်ရွက်မီတွင် တိုင်းပြည်၏ လက်ရှိအခြေအနေမှန်ကို သိရှိနိုင်ရန်အတွက် နိုင်ငံတော်ရှိ လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့်သီးနှံ၊ စီးပွားရေး အခြေအနေနှင့် ပေးဆာင်ရသော အခွန်အခများကို စာရင်းကောက်ယူခဲ့သည်။
လူဦးရေ အခြေအနေကို သိရှိပြီးနောက် တစ်နှစ်အတွင်း လူဦးရေ တိုးတက်စေရေးအတွက် နိုင်ငံတော်တွင်းရှိ ယောက်ကျား မိန်းမ၊ အပျို၊ လူပျို၊ ကလေးငယ်၊ မုဆိုးဖို၊ မုဆိုးမတို့ကို အသက်အပိုင်းအခြားနှင့် စာရင်း ခွဲခြားပြုလုပ်ပြီး အောက်ဖေါ်ပြပါ မင်းမိန့်ကို ထုတ်ပြန်ခဲ့သည်။
“ငါဘုရင်မင်းမြတ်၏ နိုင်ငံတော်အတွင်းတွင် လစ်လပ်နေသည့် အိမ်ထောင်ပျက်၊ မုဆိုးဖို၊ မုဆိုးမ များကို သင့်လျှော်ရာ အိမ််ထောင်ချပေး ရမည်။ အရွယ်ရောက်သော သားပျို သမီးပျိုများကို မိဘအုပ်ထိန်းသူတို့က ထိမ်းမြားပေးကြရမည်။ မထိမ်းမြားပေးလျှင် လေလွင့်တတ်သည်။ ဤသို့ အလစ်အလပ်မရှိကြမှသာ နိုင်ငံတော်လူဦးရေ တိုးလိမ့်မည်။”
သာလွန်မင်းတရားကြီးသည် လူဦးရေ တိုးတက်မှုကို ဆောင်ရွက်ခဲ့သကဲ့သို့ စီးပွားရေး တိုးတက်မှု ရှိစေရန်လည်း ဆောင်ရွက်ခဲ့သည်။ လယ်ယာလက်ကိုင် မရှိသော ဆင််းရဲသားများအား လယ်ယာရရှိ၍ လုပ်ကိုင်စားသောက်နိုင်ရေး၊ သီးနှထွက်သော အင်အား ပိုမိုများပြား ရေး၊ နိုင်ငံ နှင့်တကွ နိုင်ငံသားများက အသုံးအစွဲချွေတာရေးတို့ကို အဓိကထား၍ ဆောင်ရွက် တော်မူသည်။ မင်းတရားကြီး၏ အမိန့်အရ မြို့ရွာကြီးကြပ်ကွပ်ကဲသော ပုဂ္ဂိုလ်ကြီး၊ ငယ်တို့သည် မိမိတို့ဆိုင်ရာ မြို့ရွာဒေသတို့တွင် လယ်ယာလုပ်ကိုင် စားသောက် သူတို့ ဦးရေကို စစ်ဆေးမှတ်သားပြီးနောက်၊ ထိုသူတို့အတွက် လုပ်ကိုင်ရန် လယ်ယာ မရှိလျှင်ဖြစ်စေ၊ နေထိုင်စားသောက်ရန် အတိဒုက္ခကြုံတွေ့လျှင်ဖြစ်စေ၊ မြေယာရရှိစေရန် နှင့် စားသောက်မှု ချောင်ချိစေရန် စီမံနှိုးဆော်၍ ရပ်ရွာ၏ အကူအညီဖြင့် ဆောင်ရွက်ပေးကြရသည်။ ထို့ပြင် အခါတပါး သမီးတော်သည် ခါသာပိတ်အကျီင်္ကို ဝတ်ဆင်လျက် ရွှေနန်းတော်တိုင်ကို မှီ၍ ထိုင်နေသည် ကိုမြင်တွေ့တော်မူသောအခါ ကျေးတော် ကျွန်တော်မျိုး ဆင်းရဲသားတို့ထံမှ ရသော အခွန်တော်ငွေနှင့် ဝယ်သော အဝတ် အစားကို မရိုမသေ ဝတ်ရကောင်းလောဟု ပရိတ်သတ်အလယ်၌ နှုတ်ပစ်တင်နော်မူရုံသာမက သုံးရက်လုံးလုံး သမီးတော်အား စကား မပြောပဲ နေလေသည်။
မင်းတရားကြီးသည် အဝင်အထွက် အဖြောင့် အကောက်မညီညွတ်၊ ကျနစွာ မပိုင်းခြားမသတ်မှတ်ထားသေး၍ ရှုပ်ရှက်ခတ်အရောရော အနှောအနှော ဖြစ်နေသော မြို့ရွာ နယ်ပယ်အပိုင်းအခြားများကိုလည်း အသေအချာ ဖြစ်စေရန် ပြုပြင် စီမံတော်မူသည်။ မြို့ကြီးများကို အရပ်လေးမျက်နှာ ပတ်လည်သောင်းတိုင်အတွင်းကိုသာ စီရင်တော် မူလေသည်။ ဆယ်ပြုမြို့ရွာ၊ ရာပြုမြို့ရွာ၊ ကျေးသီးညမို့ရွာများနှင့် ပြည့်ရတိုင်၊ မြောင်းမြမြို့၊ မှော်ပီမြို့၊ မော်လမြိုင်မြို့၊ သန်လျင်မြို့၊ ဒဂုန်ဆံတော်တည်ရာကုန်း၊ သူရဲ၊ ကြံခင်း၊ ဂူထွက်၊ ဓနုဖြူ၊ ခဲပေါင် မှစ၍ ၁၅ရမြို့ အဝင်တိုက် ၁၄တိုက်၊ မင်းပြုံး သုံးတိုက်၊ သံလျင်သုံးတိုက်၊ ဟံသာဝတီခုနစ်တိုက်၊ မုတ္တမ ခုနစ်တိုက်၊ ပုသိမ် ခုနစ်တိုက်၊ ဒလသုံးတိုက်၊ ကိဥ္ဇိပူရသုံးတိုက်၊ သုဓမ္မဝတီ သုံးတိုက်၊ တိကုမ္ဘနှစ်တိုက်၊ ကေတုမတိလေးတိုက်၊ လင်းဇင်း ၅ရတိုက်၊ ရေး နှစ်တိုက်၊ စသည်ဖြင့် ခန့်ခွဲကာ မြောက်ဘက်မြင်းမြေ၊ တောင်ဘက်မြင်းမြေ၊ တောင်ငူမြင်းမြေ၊ ရွှေပြည်ကြီး မြင်းမြေ စသည်များ၊ ဝင်းတော် လေးရပ် ဒိုင်းစု၊ လမိုင်းစု၊ ကိုယ်ရံတော် သေနတ်၊ လှေ၊ ကတ္တူများမှ စ၍ မြေပယ်နယ်မှန်သမျှ အစုသားတို့မှာ တရွာလျှင် အရပ်လေး မျက်နှာ နှစ်တိုင်စီ၊ ငါးရွာတွင်းစီ ရွာကို အလယ်ထား၍ နယ်လေးရပ် ဖြစ်စေတော်မူသည်။
ဤသို့ ပြုပြင်မှုများ၊ ပြန်လည်ထူထောင်မှုများကို ဆောင်ရွက်ခဲ့သဖြင့် ထိုမင်းလက်ထက်တွင် နိုင်ငံတော်သည် ပုဂံခေတ်မှာကဲ့သို့ များစွာ စည်ကားသာယာလေသည်။ ယင်းသို့ စီးပွားရေးဘက်တွင် တိုးတက် ဖွံ့ဖြိုးလျက်ရှိခြင်းကြောင့် ဒပ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီသည် သန်လျင်၊ ဟံသာဝတီ နှင့် အင်းဝတို့တွင် လည်းကောင်း၊ ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီသည် သန်လျင်၌လည်းကောင်း လာရောက် ရောင်းဝယ်ဖောက်ကားကြသည်။
မင်းတရားကြီးသည် နိုင်ငံတော် စီးပွားဖွံ့ဖြိုးမှုကို အဖက်ဖက်မှ ဆောင်ရွက်တော်မူရုံမက ကုသိုလ်တော် အမှုတို့ကို ပြုတော်မူသည်။ ၉၉၈ခုနှစ် တော်သလင်းလတွင် ဧရာဝတီမြစ်၏ မြောက်ဖက် အင်းဝရွှေမြို့တော်၏ မြောက်ဖက်မစူးလွန်၊ အနောက်ဘက်ခပ်ယွန်းယွန်း တန့တည်အရပ်၌ (ယခုစစ်ကိုင်းမြို့ မြောက်ဖက် ခြောက် မိုင်အကွာ) ၌ အမြဲကိုးကွယ်တော်မူသော စွယ်တော်၊ ဆံတော်နှင့် ဓါတ်တော် မွေတော်၊ ရတနာစေတီတော်တို့ကို ဌာပနာ၍ ရာဇမဏိ စူဠာစေတီတော်ဘွဲ့ခံ ကောင်းမှုတော် စေတီကြီးကို တည်ထား ကိုးကွယ်သည်။
မဟာရံ တံတိုင်းဝန်းကျင်၌ မှန်းကင်း အထွတ်ရှိသော ပြုဗ္ဗာဝန်၊ ဒက္ခိဏဝန်၊ ပစ္ဆိမာဝန်၊ ဥတ္တရာဝန်ဟူသော ကျောင်းကြီးလေးရပ်နှင့် ကျောင်းရံ ၄၀ ဆောက်လုပ်လှူဒါန်းတော်မူသည်။ ကောင်းမှုတော်ဘုရားကို ၁၀၀၈ ခုနှစ်တွင် အုတ်များ အပြီးသတ်သော်လည်း ၁၀၀၉ခုနှစ်တွင် အိမ်ရှေ့မင်း နတ်ရွာစံ၍ နန်းတွင်း ပုန်ကန်မှု ဖြစ်နေသဖြင့် ထီးတော် မတင်ရခေ။ ၁၀၁ဝပြည်နှစ်တွင် ထီးတင်ရန် စီမံ သော်လည်း ထီးတော် မတင်ရမီ ထိုနှစ် တော်သလင်းလဆန်း ၁ဝရက်နေ့တွင် သက်တော် ၆ရနှစ်၊ စည်းစိမ်တော် ၁၉နှစ်၌ မင်းတရား ကြီး သည် ရုတ်တရက် နတ်ရွာစံလေသည်။ စေတီတေ်ာကြီးကို သားတော် ပင်းတလဲမင်းလက်ထက်တွင် ထီးတင်နိုင်လေသည်။
မင်းတရားကြီး၏ အခြား ကောင်းမှုတော်တို့ကား တောင်မလူ(တောင်ဘီလူး) အရပ်မှ ရွှေကျောင်းတော်၊ ပင်းယ ရွှေစည်းခုံမှ ရွှေကျောင်း တော်၊ မဟာမြတ်မုနိဘုရား အနောက်ဖက်မှ လေးထပ်ကြောင်း၊ ရွှေမောဓောဘုရား အရပ်လေးမျက်နှာ၌ ဆောက်လုပ်သော ကျောင်းတော်ကြီးများ၊ ဇင်းမယ် ကျိုင်းသေဉ် စသည်မှ ကျောင်းတော်ကြီးများ၊ စစ်ကိုင်းရှင်ဖြူရှင်လှ ဘုရား၏ အရှေ့မြောက် ယွန်းနှင့် ပုညရှင်စေတီ အရှေ့ဖက်မှ ကျောင်းတော်ကြီးများ ဖြစ်သည်။ ထို့ပြင် ဒဂုန်ဆံတော်ရှင်၊ ပြည်ရွှေဆံတော်၊ တောင်ငူ ရွှေဆံတော်၊ ပုဂံရွှေစည်းခုံ၊ အညာသီဟတော၊ ပဲခူးရွှေသာလျောင်း အစရှိသော စေတီတော်တို့၌လည်း ရွှေအပြည့် မွမ်းမံတော်မူသည်။ ပိဋကတ်တော်တို့ကိုလည်း ကျမ်းတတ်ဆရာတော် တို့အား တည်းဖြတ်စေ၍ ရွှေဖြင့်ပြီးသော ပိဋကတ်တိုက်တော်ကြီး၌ ထားေတော်မူသည်။ မင်းတရားကြီး လျှောက်ထားတောင်းပန်သဖြင့် ပထမ တောင်ဖီလာဆရာတော်စသော ဆရာတော်ကြီး လေးပါး တို့သည် မင်းဘူးစက်တော်ရာ ဒေသမှ တောခြုံများရှင်းလင်း၍ စက်တော်ရာ နှစ်ဆူကို ရှာဖွေတွေ့ရှိတော်မူကြသည်။
မင်းတရားကြီးလက်ထက် ပညာရှင်များအား မြှောက်စားအားပေးသဖြင့် စာဆိုပုဂ္ဂိုလ်ကျော်များ ထွန်းကားသည်။ ဝေဿန္တရာပျို့ ရေးသားတော်မူသော တောင်ဖီလာဆရာတော်၊ ရတနာကရ ဝတ္ထုရေးသော သဒ္ဓမ္မာလင်္ကာရ ဆရာတော်၊ မင်းလှနုယဉ်ပျို့ရေးသော ရှင်ကရဝိက စသည်တို့ ဖြစ်သည်။ တောင်ဖီလာ ဆရာတော်နှင့် ကိုင်းရွာသား မနုရာဇာ တို့ စီရင်ရေးသားသော မနုသာရ ရွှေမျဉ်း ဓမ္မသတ်ကျမ်းလည်း မင်းတရားကြီး လက်ထက်တွင် ပေါ်ထွက်ခဲ့သည်။
ဝီကီဒီပီးယား (အခမဲ့လွတ်လပ်စွယ်စုံကျမ်း) မှ ကူးယူဖေါ်ပြပါသည်။
Comments
Post a Comment