အင်းဒင်ရွာ လူသတ်မှု စစ်တပ် ၀န်ခံချက် ကန်သံအမတ်ကြိုဆို เรียนพม่าจากข่าว
မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ
ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံပြောကြားခဲ့တာဟာ အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကပြောကြားလိုက်ပါတယ်။ မနေ့ ကြာသာပတေးနေ့က ရန်ကုန်မြို့
မြန်မာသတင်းပညာသိပ္ပံ မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်
နှင့် ဒီမိုကရေစီအကူးအပြောင်းမှာ သတင်းသမားများရဲ့ အခန်းကဏ္ဍ နဲ့ ပက်သက်တဲ့
ဆွေးနွေးပွဲမှာ အမေရိကန်သံအမတ်ကြီး Scot Marciel က သတင်းထောက်တွေရဲ့ အမေးကို တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။
ဝန်ခံ ยอมรับ สารภาพ
ဝန်ခံပြော กล่าวยอมรับ
ခြေလှမ်း ก้าวย่าง
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဒေသခံ မွတ်စလင်
၁၀ ဦး သတ်ဖြတ်ခံရမှုမှာ လုံခြုံရေးတပ်တွေ ပါဝင်နေတယ်လို့ တပ်မတော်က ၀န်ခံ
ထုတ်ဖေါ်ပြောကြား လိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot
Marciel က ကြိုဆိုလိုက်ပါတယ်။
"ရိုဟင်ဂျာ ၁၀
ယောက်ကို သတ်ဖြတ်ခဲ့တဲ့အမှုမှာ လုံခြုံရေးတပ်တွေ ပါဝင် ပတ်သက် ခဲ့တယ်လို့
မြန်မာစစ်တပ်ရဲ့ ၀န်ခံပြောကြားမှုဟာ အရေးပါတဲ့ခြေလှမ်းဖြစ်ပါတယ်။"
ဒါအပြင် ဒီလိုတာဝန်ယူမှုမျိုးကနေ
ပြစ်မှုကျူးလွန်မှုတွေအတွက် တာဝန်ခံမှု အထိဖြစ်လာဖို့ အမေရိကန်ဘက်က မျှော်လင့်ကြောင်း
သံအမတ်ကြီး Marciel က
ပြောပါတယ်။
ကြောင်း * တယ်ဆိုတာ ดูดีขึ้นมาเลยไหมนั่น
"အခုလို တာဝန်ယူမှု
တာဝန်ခံမှုမျိုးနဲ့ ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် ပိုမို
ပွင့်လင်းမြင်သာမှုတွေ ဆက်ပြီး ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"
တာဝန်ယူ
တာဝန်ခံမှု
ရခိုင်ပြည်နယ် မောင်တောမြို့နယ်
အင်းဒင်ကျေးရွာ သုသာန်မှာတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ ရခိုင် ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက
သတ်ဖြတ်ခဲ့တဲ့ မွတ်စလင်အကြမ်းဖက် ၁၀ ဦး ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ကြောင်း
ဇန်န၀ါရီလ ၁၀ ရက်နေ့ရက်စွဲနဲ့ တပ်မတော်က သတင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မွတ်စလင်အကြမ်းဖက် มุสลิมหัวรุนแรง
ပြစ်မှုကျူးလွန်
ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့
ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က သူတို့ တပ်ဖွဲ့ဝင်တွေ ပြစ်မှုကျူးလွန်ခဲ့ကြောင်း အခုလို ထုတ်ဖေါ်ဝန်ခံတာဟာ
အတော်လေးကို ရှားပါးတဲ့ဖြစ်ရပ်ပါ။
ဒါပေမဲ့လည်း ဒေသခံမွတ်စလင် ၆
သိန်းခွဲကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့အခြေအနေမှာ
အင်းဒင်ကျေးရွာ ရုပ်အလောင်းကိစ္စထက် ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ရှိနေကြောင်းနဲ့ လွတ်လပ်တဲ့
နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေရှိဖို့ လိုအပ်ကြောင်း နယူးရောက်အခြေစိုက် HRW
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့
အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
เมื่อ မှာ ก็เป็น topic of sentence ได้เช่นกัน
V1-ကြောင်းနဲ့ ၊
V2-ကြောင်း เข้าเกณฑ์นี้ได้ไหม
"အင်းဒင်မှာ
ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့ မြင်ရသလောက်ဆိုရင် ဖုံးကွယ်ထားတဲ့
ပြဿနာအကြီးကြီးထဲက အသေးအမွှားလေးတခုလို့ ပြောရမှာပါ။ မဖြစ်မနေ
ရှာဖွေဖေါ်ထုတ် စုံစမ်းရမယ့် ညှမ်းပန်းနှိပ်စက်မှုတွေ အများအပြားရှိနေပါတယ်။
ဒါကို မြန်မာအစိုးရ ဒါမှမဟုတ် စစ်တပ်က အမှန်တကယ်လုပ်ပါမလားဆိုတာ ကျနော်တို့
သံသယရှိနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကျနော်တို့
ဆက်ပြီး တောင်းဆိုနေတာဖြစ်ပါတယ်။"
ဖုံးကွယ်ထား
အသေးအမွှားလေး
ညှမ်းပန်းနှိပ်စက်
မဖြစ်မနေ
အင်းဒင်ကျေးရွာ ရုပ်အလောင်းတွေ
တွေ့ရှိခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့
ကြေညာချက်မှာ
၂၀၁၇ စက်တင်ဘာ ၁ ရက်နေ့က နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေအတွင်း
ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်သမား ၁၀ ယောက်ကို စစ်ဆေးမေးမြန်းပြီးနောက် တနေ့မှာပဲ သုဿန်ကို
ခေါ်ဆောင်သွားရာမှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ
သေဆုံးခဲ့ရသူဒေသခံတဦးအတွက် လက်စားချေ တုန့်ပြန်ချင်နေကြတဲ့ မိသားစုဝင်
၂ ဦး အပါအ၀င် ရွာသား ၃ ဦးနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ် ကျုးလွန်ခဲ့တာကိုစုံစမ်းတွေ့ရှိခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။
လက်ချက် น้ำมือ
လက်စားချေ แก้แค้น
တုန့်ပြန်ချင်နေကြ
ကြေညာချက်မှာ ---- ဖေါ်ပြထားပါတယ်။
Comments
Post a Comment